လောကသာရပျို့

လောကသာရပျို့

၂၀။ ကြောင်းပေါ်ခရီး၊ လမ်းအနီး၌၊ ပင်ကြီးပညောင်၊ မြစ်တထောင်နှင့်၊ များမြောင်ခက်လက်၊ ရွက်လည်းစိပ်စိပ်၊ စေ့စေ့သိပ်လျက်၊ ရိပ်လည်းမြိုင်မြိုင်၊ လေမနိုင်လျှင်၊ ပွင့်ခိုင်သီးမှည့်၊ အပြည့်ကျေးငှက်၊ စားလျက်သောင်းသဲ၊ မှီဝဲလူဗိုလ်၊ ရိပ်ခိုအများ၊ ခရီးသွားတို့၊ နေနားပျော်ရွှင်၊ ထိုသစ်ပင်ကား၊ ဝင်လာသသူ၊ ခပ်သိမ်းလူကို၊ ဆာပူငြိမ်းအောင်၊ စီးပွားဆောင်သို့၊ လူ့ဘောင်သူကြွယ်၊ လူကုန်သွယ်လည်း၊ ထို့နှယ်လည်းကောင်း၊ မျိုးပေါင်းဆွေဝါး၊ လူအများကို၊ စီးပွားချမ်းသာ၊ နေ့တိုင်းရှာလျက်၊ မေတ္တာမကင်း၊ မ စ ခြင်းဖြင့်၊ ထံရင်းမှီ ကိုးကွယ်စေမင်း။ 

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း