လောကသာရပျို့

လောကသာရပျို့
၂၁။ ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဘွယ်ဆို၍၊ စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်၊ လည်လည်ပတ်ပတ်၊ လောက၀တ်၌၊ ပြတ်ပြတ်သားသား၊ အပြားပြားလျှင်၊ မှုများခပ်သိမ်း၊ ဆောင်တိုင်းငြိမ်းလျက်၊ သူစိမ်းသူကျက်၊ ပေါင်းဘက်သရွေ့၊ မိဘတွေ့သို့၊ မွေ့မွေ့လျော်လျော်၊ ပျော်ပျော်ပါးပါး၊ နှုတ်ချိုပျားနှင့်၊ ဝတ်စားပေးပံ့၊ ဖြည်းဖြူးဖြန့်လျက်၊ အနှံ့ကျွန်ကျေး၊ ဆွေသားမြေးကို၊ ကျွေးမွေး မညှိုးငယ်စေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း