Posts

Showing posts from March, 2017

ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ်

Image
 ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ် ကျောင်းတက်တုန်းက ကျောကုန်းဘုကြီးပါတဲ့ စုံတွဲရယ်၊ ပိုလီယိုဖြစ်နေလို့ ဂျိုင်းထောက်နဲ့သွားတဲ့ စုံတွဲရယ် တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် နှစ်တွဲစလုံးက ယောကျာ်းလေးက ချို့ယွင်းတာ။ မိန်းကလေးတွေက ချစ်ရင် သတ္တိရှိသွားကြတယ် ထင်ပါတယ်။

ရုံးသုံးမြန်မာစာရေးသားနည်း

Image
ရုံးသုံးမြန်မာစာရေးသားနည်း ဧကူမ ၀ီဿတိမ ငွေဆယ်သိန်း            ကျောင်းမှာတော့ သာဓကလေးပြပြီး ပြောလေ့ရှိပါတယ်။ "ကျွန်တော် ဆေးသွားဝယ်မလို့" ဆိုတဲ့ ၀ါကျလေးမှာ Context မစုံတဲ့အတွက် အဲဒီဆေးဟာ ဘာဆေးမှန်း မသိပါဘူး။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ အမေ နေမကောင်းလို့" ဆိုရင်တော့ ဒါဟာ နေမကောင်းရင် သောက်တဲ့ဆေးလို့ သိနိုင်ပါတယ်။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ ပန်းချီဆွဲမလို့" ဆိုရင်တော့ ပန်းချီဆွဲတဲ့ဆေးပေါ့။ "ကျွန်တော် ဆေးသွားဝယ်မလို့၊ ဆေးလိပ်ခုံမှာ ဆေးပြတ်နေပြီ"

ငါရှက်တယ်

Image
ငါရှက်တယ် ကဗျာကို ကဗျာလို ခံစားရင် သိပ်ကောင်းမှာပဲ။ စကားလုံးတိုင်းကို ဘာသာမပြန်နဲ့။ လိုရာဆွဲတွေးလိုက်ရင် အဓိပ္ပါယ်တွေ ရွေ့ကုန်မယ်။

မြန်မာပြော ပါဠိပြော (၃)

Image
    မြန်မာပြော ပါဠိပြော( ၃ )                      ပုဂံခေတ်တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားသည် နှင့်အတူ ပုဂံသားတို့သည် ပါဠိပိဋကတ် စာပေများကို အပတ်တကုတ် လေ့လာကြပြီးနောက် ပါဠိသက္ကတ ဝေါဟာရများကို မြန်မာဘာသာပြန်၍ “မြန်မာပြော” ပြောရန် အားထုတ်ကြ သကဲ့သို့ မြန်မာ့လျှာနှင့် လိုက်ဖက်အောင် အသံလှယ်၍ “ပါဠိပြော” ပြောရန် အားထုတ်ကြခြင်း လည်း ရှိပုံကို တင်ပြခဲ့ပါသည်။ ပါဠိဘာသာ လေ့လာမှု ကိုယ်ခံ အားကောင်းလာ သောအခါ အထူးသဖြင့် စကားပြေ အပိုင်းတွင် ပါဠိပြော ပြောသည့်ဘက်၌ အားသန် လာသည်ကို တွေ့ရ ပါသည်။

ကျွန်တော် သရဲ မကြောက်ဖူး

Image
ကျွန်တော် သရဲ မကြောက်ဖူး                ကျွန်တော် သရဲကို လုံးဝ မကြောက်ပါ။ သူများတွေက သရဲဆိုတာနှင့် ကျောချမ်းသည်။ ကြက်သီးထကြသည် မဟုတ်လား။ နေ့ခင်းဘက် လူအများနှင့်ဆိုလျှင် ကျွန်တော်လုံးဝမကြောက်တာ သေချာ သည်။ သို့သော် ယခုတလော ညပိုင်းဆိုလျှင် ထိတ်လန့်စရာတချို့တွေ့နေရသည်။ တနေ့ကဆိုလျှင် ညဂျူတီအသွား

သင်တို့ရဲ့ Facebook ကိုနေ့စဉ်ပုံမှန် သန့်ရှင်းရေး ပြုလုပ်သင့်တယ်

Image
သင်တို့ရဲ့ Facebook ကိုနေ့စဉ်ပုံမှန် သန့်ရှင်းရေး ပြုလုပ်သင့်တယ် - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - Facebook ဆိုတာ - မိမိတို့ လွတ်လပ်စွာ ဖွင့်ဟလို့ရတဲ့ နေရာလေးတစ်ခု ။ Facebook ဆိုတာ - မိမိတို့ ခဏတာ အပန်းဖြေနိုင်တဲ့ ပျော်စရာ နေရာလေးတစ်ခု ။ Facebook ဆိုတာ - အသိပညာ ၊ ဗဟုသုတပေါင်းစုံတဲ့ ကမ္ဘာလေးတစ်ခု ။ Facebook ဆိုတာ - မိမိတို့ရဲ့ စာသင်ခန်းလေးတစ်ခုဖြစ်သလို ကျောင်းတော်ကြီးတစ်ခုလည်း ဖြစ်တယ် ။ Facebook ဆိုတာ - အသုံးပြုတတ်သူအတွက် ကောင်းကျိုးတွေရရှိနိုင်သလို ၊ အသုံးမပြုတတ်သူအတွက် ဆိုးကျိုးတွေလည်း အများကြီးရရှိနိုင်တယ် ။

Facebook Page နဲ့ Facebook Group ဘယ်ဟာသုံးရင်ကောင်းမလဲ

Image
Facebook Page နဲ့ Facebook Group ဘယ်ဟာသုံးရင်ကောင်းမလဲ                   ပြီးခဲ့တဲ့ Post မှာ Facebook Page နဲ့ Facebook အကောင့် ဘာကွာလဲ ရှင်းလင်းပြခဲ့ပါတယ်။ မဖတ်ရသေးရင် ဒီမှာ ပြန်ဖတ်နိုင်ပါတယ် >>> ( https://goo.gl/vPw21b ) အခုတခေါက်တော့ လူတိုင်း မကွဲပြားတဲ့ Facebook Page နဲ့ Facebook Group ရဲ့ ကွဲပြားခြားနားပုံကို ပြောပြချင်ပါတယ်။ လူတွေ ဒါကို သေသေချာချာ နားလည်ထားမှ ဘယ်ဟာကို ကိုယ့်စီးပွားရေး လူသိဖို့အတွက် သုံးသင့်တယ်၊ ဘယ်ဟာကိုတော့ သုံးစွဲသူများလာဖို့အတွက် သုံးသင့်တယ် စသဖြင့် သိမှာပါ။

စီးပွားရေးအတွက် Facebook Page လား၊ Facebook Account လား

Image
စီးပွားရေးအတွက် Facebook Page လား၊ Facebook Account လား                      မြန်မာပြည်မှာ Facebook Page ရော Facebook Account လို့ အများစုခေါ်ဝေါ်ကြတဲ့ Facebook Profile ရော နှစ်ခုလုံးကို စီးပွားရေးအတွက် သုံးကြတာတွေ့ရပါတယ်။ သေသေချာချာ နားမလည်သေးလို့လို့ ယူဆပြီး အကူအညီရစေဖို့ ရေးသားပေးလိုက်ပါတယ်။

မောင်ဖား၊ မောင်ဖွား၊ မောင်ဘွား

Image
မောင်ဖား၊ မောင်ဖွား၊ မောင်ဘွား စာရေးသူ=မောင်ခင်မင်(ဓနုဖြူ ) “ ဦးလေးရေ၊ မေးစရာတစ်ခုပေါ်လာလို့” “ဘာများမေးစရာပေါ်လာလို့လဲငါ့ တူရဲ့” “သတင်းစာထဲက စာလုံးတစ်လုံးပါ။ ပထမတော့ ပုံနှိပ်မှားတယ်ထင်တာ။ ဒါပေမယ့် အဲဒီစာလုံးက တစ်ခါမကပါနေတော့ ပုံနှိပ်မှားတာလား ၊ ရေးတဲ့သူကပဲ မှားရေးတာလား၊ စာလုံးက မှန်နေတာကို ကျွန်တော်ကပဲ မှားတယ် ထင်နေတာလား၊ မသဲမကွဲ ဖြစ်နေလို့ပါ”

ဘဝသင်ခန်းစာ(၇၀)

Image
ဘဝသင်ခန်းစာ(၇၀) အမျိုးသားတစ်ယောက်က အဖွားအိုကြီးရောင်းတဲ့ လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ရှိတယ် ။ သူ့စိတ်ကြိုက်လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန်တယ်။ အဲဒီ့အတွက် ကျသင့်ငွေတွေရှင်းပြီး သူ့လွယ်အိတ်ထဲပဲ ထည့်ယူသွားတယ် ။

ဘဝသင်ခန်းစာ(၆၉)

Image
ဘဝသင်ခန်းစာ(၆၉)                  တစ်နေ့မှာတော့ ဘုရင့်သားနှင့်အမတ်ကြီးသည် နိုင်ငံရပ်ခြားမှလာသော ကုန်သည်များရဲ့ဈေးသို့သွားကြည့်ကြသည်။မမြင်ဘူး မတွေ့ဘူးသော ပစ္စည်းများကားပြည့်နှက်နေသဖြင့် မင်းသားကားအရာအားလုံးကို ထူးဆန်းစွာလိုက်ကြည့်နေ၏။ကျောက်သံပတ္တမြားနှင့် လက်ဝတ်ရတနာများပါရောင်းချနေသည်ကိုတွေ့သော် မင်းသားကအမတ်ကြီးအားမေး၏။

ဘဝသင်ခန်းစာ(၆၈)

Image
ဘဝသင်ခန်းစာ(၆၈)           တခါတုန်းက အလွန်တော်တဲ့ ပညာရှင်ကြီးတစ်ဦးဟာအကြောင်းတစ်ခုနဲ့ ရူးသွားခဲ့ရတယ်တဲ့...။ အရေးပါတဲ့ပညာရှင်ကြီးမို့ စိတ်ပညာရှင်တွေဟာ နည်းအမျိုးမျိုးနဲ့ကုသပေမယ့် မရတဲ့အဆုံး မစမ်းသပ်ရသေးတဲ့ ကုထုံးအသစ်နဲ့ ကုသဖို့ ဆုံးဖြတ်လိုက်ကြတယ်...။

ဘဝသင်ခန်းစာ(၆၇)

Image
ဘဝသင်ခန်းစာ(၆၇) အပြင်က သက်ရောက်တဲ့ အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ် ဖြစ်သွားပေမယ့် အတွင်းက ရုန်းထွက် လာတဲ့ အားကြောင့် ကွဲသွားတဲ့ ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ မူရင်းရေးသားသူအား Credit:  (PS: ကျွန်တော်တို့ကရော...)

ဘဝသင်ခန်းစာ(၆၆)

Image
ဘဝသင်ခန်းစာ(၆၆)         တစ်နေ့တွင် အတွေးအခေါ်ပညာရှင်ကြီးတစ်ဦးထံသို့ လူငယ်နှစ်ယောက် ရောက်လာသည်။ မေးခွန်း(၂)ခုကို သိလို၍ လာခဲ့ကြခြင်းဖြစ်သည်။ ပညာရှင်ကြီးက မေးရန်ခွင့်ပြုလိုက်သည့်အခါ ပထမတစ်ယောက်က သူသိလိုသည့်အကြောင်းအရာကို ချက်ခြင်းပင် မေးလိုက်သည်။

ဘဝသင်ခန်းစာ(၆၅)

Image
ဘဝသင်ခန်းစာ(၆၅) တစ်နေ့တွင် အတွေးအခေါ်ပညာရှင်ကြီးတစ်ဦးထံသို့လူငယ်နှစ်ယောက် ရောက်လာ သည်။ မေးခွန်း(၂)ခု  ကို သိလို၍ လာခဲ့ကြခြင်းဖြစ်သည်။ ပညာရှင်ကြီးက မေးရန်ခွင့်ပြုလိုက်သည့်အခါ ပထမတစ်ယောက်က သူသိလိုသည့်အကြောင်းအရာကို ချက်ခြင်းပင် မေးလိုက်သည်။ " အချစ်အကြောင်း သိလိုပါတယ်၊ အချစ်ဆိုတာ ဘာလဲခင်ဗျ…"

ဘဝသင်ခန်းစာ(၆၄)

Image
ဘဝသင်ခန်းစာ(၆၄)            သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။သူက သာမန်လူတစ်ယောက်ဖြစ်တယ်။ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်းစိတ်ဝင်စားနေတာ ကြာပါပြီ။ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့ သူဖိတ်ခေါ်ခဲ့တယ်။