ဘဝသင်ခန်းစာ(၆၆)

ဘဝသင်ခန်းစာ(၆၆)

        တစ်နေ့တွင် အတွေးအခေါ်ပညာရှင်ကြီးတစ်ဦးထံသို့ လူငယ်နှစ်ယောက် ရောက်လာသည်။ မေးခွန်း(၂)ခုကို သိလို၍ လာခဲ့ကြခြင်းဖြစ်သည်။ ပညာရှင်ကြီးက မေးရန်ခွင့်ပြုလိုက်သည့်အခါ ပထမတစ်ယောက်က သူသိလိုသည့်အကြောင်းအရာကို ချက်ခြင်းပင် မေးလိုက်သည်။

" အချစ်အကြောင်း သိလိုပါတယ်၊ အချစ်ဆိုတာ ဘာလဲခင်ဗျ…"
" ဒီအဖြေကို သိချင်ရင် ငါ့အိမ်ရှေ့က ပန်းဥယျာဉ်ထဲကို သွားပါ။ တံခါးကနေ အဆုံးထိ ဖြတ်သွားဖြစ်အောင် သွားပါ။ မြန်မြန်လျှောက်လည်း ရတယ်။ ဖြေးဖြေးလျှောက်လည်း ရတယ်။ ပြန်လှည့်ခွင့် မရှိဘူး။ ဒါပေမယ့် အလှဆုံးပန်းတစ်ပွင့်ကိုတော့ ငါ့ဆီကို မင်းခူးလာခဲ့ရမယ် …"
လူငယ်လည်း အတွေးအခေါ်ပညာရှင်ပြောသည့်အတိုင်း ဥယျဉ်ထဲဖြတ်လျှောက်ကာ အလှဆုံးပန်းကို ရှာသည်။ ရွေးရင်းနှင့် ဥယျဉ်အဆုံးသာရောက်သွားသည်။ သူပန်းတစ်ပွင့်မျှမခူးမိဘဲ ပညရှင်ကြီးထံသို့ပြန်လာခဲ့ချိန်တွင် ပညာရှင်ကြီးက အချစ်အကြောင်းကို လူငယ်နားလည်စေရန် အဖြေပေးလိုက်သည်။
ထိုအခါ ဒုတိယလူငယ်က ထပ်မေးပြန်သည်။
" လက်ထပ်ထိမ်းမြားခြင်း(အိမ်ထောင်ပြုခြင်း) ဆိုတာ ဘာလဲဆရာ…"
" ဒီအဖြေကို သိချင်ရင် ငါ့အိမ်ရှေ့က ပန်းဥယျာဉ်ထဲကို သွားပါ။ တံခါးကနေ အဆုံးထိ ဖြတ်သွားဖြစ်အောင် သွားပါ။ မြန်မြန်လျှောက်လည်း ရတယ်။ ဖြေးဖြေးလျှောက်လည်း ရတယ်။ ပြန်လှည့်ခွင့် မရှိဘူး။ ဒါပေမယ့် အလှဆုံးပန်းတစ်ပွင့်ကိုတော့ ငါ့ဆီကို မင်းခူးလာခဲ့ရမယ် …"
ဒုတိယလူငယ်သည် ပညာရှင်ကြီးပြောသည့်အတိုင်း ပန်းဥယျဉ်ထဲသို့သွားသည်။ သူ၏ သူငယ်ချင်းကဲ့သို့ မဖြစ်စေရန်အတွက် အလှဆုံးဟုသူထင်မိသော ပန်းတစ်ပွင့်ကို ခူးယူလာနိုင်ခဲ့သည်။
" ဒါဟာ မင်းသိချင်တဲ့ လက်ထပ်ထိမ်းမြားခြင်း(အိမ်ထောင်ပြုခြင်း)ပဲ…၊ မင်းစိတ်ထဲမှာ မင်းသူငယ်ချင်းလို လွဲချော်သွားမှာကိုလည်း စိုးတယ်။ နောက်ပြီး အလှဆုံး၊ မင်းနဲ့အထိုက်တန်ဆုံးလို့ထင်တဲ့ ပန်းတစ်ပွင့်ကို မင်းခူးခဲ့တယ်၊ အိမ်ထောင်ပြုခြင်းဆိုတာက ကြားဖူးနားဝ သင်ခန်းစာတွေနားထောင်ပြီး ကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်ခြင်းလို့ ပြောချင်တယ်…၊ ဘာပဲဖြစ်ဖြစ် မင်းရွေးချယ်လိုက်တာဟာ အကောင်းဆုံးဆိုတာ မင်းစိတ်ထဲမှာ စွဲမြဲနေဖို့ပဲ လိုပါတယ်…"
မူရင်းရေးသားသူအား Credit:
(PS:အယူအဆတူချင်မှလည်း တူပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ အိမ်ထောင်ရေးဟာ အကောင်းဆုံးပါပဲဆိုတာကိုတော့ ကိုယ်တိုင်နားလည်ဖို့ လိုပါလိမ့်မယ်…)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/
Model:Yamin Thant

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း