Facebook Page နဲ့ Facebook Group ဘယ်ဟာသုံးရင်ကောင်းမလဲ

Facebook Page နဲ့ Facebook Group ဘယ်ဟာသုံးရင်ကောင်းမလဲ

                  ပြီးခဲ့တဲ့ Post မှာ Facebook Page နဲ့ Facebook အကောင့် ဘာကွာလဲ ရှင်းလင်းပြခဲ့ပါတယ်။ မဖတ်ရသေးရင် ဒီမှာ ပြန်ဖတ်နိုင်ပါတယ် >>> ( https://goo.gl/vPw21b )
အခုတခေါက်တော့ လူတိုင်း မကွဲပြားတဲ့ Facebook Page နဲ့ Facebook Group ရဲ့ ကွဲပြားခြားနားပုံကို ပြောပြချင်ပါတယ်။ လူတွေ ဒါကို သေသေချာချာ နားလည်ထားမှ ဘယ်ဟာကို ကိုယ့်စီးပွားရေး လူသိဖို့အတွက် သုံးသင့်တယ်၊ ဘယ်ဟာကိုတော့ သုံးစွဲသူများလာဖို့အတွက် သုံးသင့်တယ် စသဖြင့် သိမှာပါ။

ပြန်ပြီး အကျဉ်းပြောရရင် ကျွန်တော်တို့အတည်တကျ စီးပွားရေးတခုအနေနဲ့ Facebook ပေါ်မှာ ထောင်ချင်ရင် Facebook အကောင့်အစား၊ Facebook Page ကိုသုံးဖို့ တိုက်တွန်းခဲ့ပြီး၊ Facebook Page ရဲ့ စီးပွားရေးအတွက် အထောက်အကူပေးတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရှင်းလင်းပြောကြားပေးခဲ့ပါတယ်။ ဒီတော့ ဒီ Post မှာ Facebook Page ရဲ့ အကြောင်းထပ်မပြောတော့ဘဲ Facebook Group ရဲ့ အဓိက အားသာချက်တွေနဲ့၊ ဘယ်အချိန်တွေမှာ အသုံးပြုသင့်တယ်ဆိုတာကို ရှင်းလင်းပေးပါ့မယ်။
Facebook Group တွေကို အများအားဖြင့် အကြောင်းအရာတခုခုကို စိတ်ပါဝင်စားသူ အချင်းချင်း အကြံဥာဏ်တွေ ဖလှယ်နိုင်ဖို့၊ ဆက်ဆံနိုင်ဖို့အတွက် တသီးတသန့် ခွဲထွက်ပြီး အုပ်စုလိုက် ဆွေးနွေးကြဖို့အတွက် အသုံးပြုကြပါတယ်။
ဥပမာ။။ ဟင်းချက်ဝါသနာပါသူ အုပ်စု၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသားဟောင်းများ အုပ်စု၊ COC Gamers အုပ်စု၊ ဟာသရပ်ကွက် အုပ်စု စသဖြင့် Facebook ပေါ်မှာ အုပ်စု ကိုယ်စီ ရှိကြပါတယ်။ ဒီလို တူညီတဲ့ ဝါသနာရှိသူ အချင်းချင်း မိတ်ဆွေဖွဲ့ပြီး ပြောဆိုဆက်ဆံကြတာပါ။ ထပ်ပြီး မြင်သာအောင် ပြောရရင် ရပ်ကွက်ထဲမှာ လူကြီးတွေရော၊ ကလေးတွေရော ကိုယ့်အစုနဲ့ကိုယ် လူကြီးတွေလည်း သူတို့ ဝသီနဲ့ ကလေးတွေလည်း သူတို့စိတ်ဝင်စားရင်နဲ့ အချင်းချင်း ဝိုင်းဖွဲ့ပြီး စကားလက်ဆုံ ကျနေသလိုပါပဲ။ ရပ်ကွက်ထဲအစား အခု အဆင့်မြင့်သွားတော့ Online ပေါ်မှာပေါ့ဗျာ။
Facebook က သတ်မှတ်ထားတဲ့ အုပ်စု အမျိုးအစား ၃ မျိုးရှိပါတယ်။
၁။ Secret Group
၂။ Closed Group
၃။ Public Group
၁) Secret Group
ဒီGroup အမျိုးအစားက အရမ်း လျှို့ဝှက်ထားတာပါ။ ဒီအုပ်စုကို Facebook ပေါ်မှာ ရှာလို့ မမြင်ရပါဘူး။ Invite လုပ်ခံရမှသာ ဝင်ခွင့်ရပါတယ်။ ဒီGroup ကို Join ထားတဲ့ Member တွေကိုလည်း မမြင်နိုင်သလို၊ ဒီGroupမှာ တင်ထားတဲ့ Post တွေ၊ Comment တွေကိုလည်း မမြင်နိုင်ပါဘူး။
ကိုယ်က ဒီလိုမျိုး လိုချင်တယ်ဆိုရင် Secret Group က အသင့်တော်ဆုံးပါပဲ။ ဥပမာ။။ Company ရဲ့ ဝန်ထမ်းတွေ ဆက်သွယ်ဖို့အတွက်၊ အကြောင်းအရာတွေ ဆွေးနွေးဖို့နဲ့၊ စာရွက်စာတမ်းတွေ ပို့ချင်တယ်ဆိုရင် သုံးလို့ အသင့်တော်ဆုံးပါပဲ။
----
၂) Closed Group
ဒီGroup အမျိုးအစားကလည်း လျှို့ဝှက်ပါပဲ။ ဒါပေမယ့် Secret Group နဲ့ကွာသွားတဲ့အချက်က Facebook ပေါ်မှာ ရှာနိုင်ပါတယ်။ ဘယ်သူတွေ ဒီGroup ကို Join ထားလဲ ဆိုတာကိုလည်း သိနိုင်ပါတယ်။ အပြင်လူက Join ချင်ရင် Group Admin ကိုခွင့်တောင်းပြီး သူခွင့်ပြုရင် Join လို့ရပါတယ်။ ဒီလိုမျိုး Group တွေကို ကိုယ့်ရဲ့ ဖောက်သည်တွေနဲ့ ဆက်ဆံဖို့၊ ကိုယ့်ရဲ့ ကျောင်းသားတွေနဲ့ ဆက်ဆံဖို့။ ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ ဆက်ဆံဖို့အတွက် သုံးလို့ သင့်လျော်ပါတယ်။
-----
၃) Public Group
ဒီGroup ကတော့လျှို့ဝှက်မှုအနည်းဆုံးပါ။ Facebook ပေါ်မှာရှိတဲ့ လူတိုင်း ဒီGroup ကို မြင်နိုင်ပါတယ်၊ Join လို့လည်းရပါတယ်၊ အခြားလူတွေက Invite လုပ်လို့လည်း ရပါတယ်။ ကိုယ်က လူများများ ကိုယ့်အုပ်စုကို Join စေချင်ရင် Public လုပ်ထားပါ။ လူတိုင်းကို သိစေချင်တယ်၊ အများကြီး Join စေချင်တယ်ဆိုရင် Public လူပုဂ္ဂိုလ်နာမည်ရင်း မသိတဲ့ စီးပွားရေး Facebook Page ကြီးနဲ့ ပြောနေတာ မဟုတ်တော့ဘဲ၊ တကယ့် လူပုဂ္ဂိုလ်နဲ့ ပြောရတော့ ဈေးဝယ်သူတွေအနေနဲ့ ပိုစိတ်ချမ်းသာပါတယ်။ အခြား ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ ဆိုင်တဲ့ မေးခွန်းတွေ၊ ရှင်းလင်းချက်တွေ ကိုလည်း Group မှာ ဆွေးနွေးရတာ ပိုအဆင်ပြေပါတယ်။
-----
ဒီတော့ ကောက်နှုတ်ချက်အနေနဲ့ ကိုယ့်ရဲ့ စီးပွားရေး ဖောက်သည်တွေ၊ အလားအလာရှိတဲ့ ဝယ်သူတွေနဲ့ ဆက်ဆံဖို့ အဓိက လိုအပ်ရင် Facebook Group ကိုပိုသုံးပါ။ သူတို့နဲ့ ကိုယ်နဲ့ ပိုပြီး နီးစပ်သွားသလို၊ လူတွေက စီးပွားရေုးဆန်ဆန် ဆက်ဆံတာထက် လူလူချင်း နားလည်မှုနဲ့ ဆက်ဆံတာကို ပိုကြိုက်တတ်ကျပါတယ်။
ဒီလို Group တွေမှာ အခြား အပြင်လူတွေကို မရှယ်တဲ့ ပိုမို ကောင်းမွန်တဲ့ အချက်အလက်တွေ ရှယ်ပေးပါ။ ဥပမာ။။ ကိုယ့် အသင်းဝင်တွေကို လက်ဆောင်ပေးတာ၊ Promotion ကို အစောကြီး အကြောင်းကြားပေးတာ၊ Discount ပိုပေးတာ၊ ကိုယ့်ပစ္စည်းကို အစမ်းသုံးခွင့်ပေးတာ စတာတွေပါ။ ဒီလူတွေကို ကောင်းကောင်းဆက်ဆံပါ။ သူတို့က ကိုယ့်ရဲ့ ဖောက်သည်တွေ ဖြစ်လာနိုင်သလို၊ စီးပွားရေး မိတ်ဆွေတွေလည်း ဖြစ်လာနိုင်ပါတယ်။
ဒီနေ့ Post လေးက Online မှာ စီးပွားရေးထောင်လိုသူ မိတ်ဆွေအတွက် အကျိုးရှိစေမယ်ထင်ပါတယ်။ နောင် အချိန်ရရင်လည်း မိတ်ဆွေရဲ့ Online စီးပွားရေးကို အထောက်အပံ့ပေးနိုင်တဲ့ အကြောင်းအရာတွေ ရေးသား မျှဝေပေးပါဦးမယ်။
နောက်ထပ် Post တွေ မလွတ်သွားချင်ရင်တော့ #MyanmarOnlineEntrepreneur Page လေးကို LIKE လုပ်ပြီး၊ See First လုပ်ထားလိုက်ပါ။ ကျွန်တော် Online စီးပွားရေးနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေတင်တိုင်း မိတ်ဆွေ အရင်ဆုံး ဖတ်ရ၊ သိရမှာပါ။ မိတ်ဆွေရဲ့ စီးပွားရေးအတွက် အထောက်အကူဖြစ်ပါစေဗျာ။
-------------------

အကယ်၍ ဒီ Post လေးက မိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်တော့ ကျွန်တော့်ကို တခုတော့ ကူညီပေးပါ။ အခြား မိတ်ဆွေလို သိချင်နေမယ့်သူတွေအတွက် ဒီ Post လေးကို Share ပေးလိုက်ပါ။
------------------
#ကိုသူရ
(Empowering #Entrepreneurs)
Founder of Myanmar Online Entrepreneur
-----------------------------------------------
စာကြွင်း။။
Facebook Page ထောင်ရာမှာ အခက်အခဲရှိရင် ကျွန်တော့်ရဲ့ အခမဲ့ သင်ကြားပေးတဲ့ Facebook Page ထောင်နည်း Online သင်တန်းတို ရှိပါတယ်။ စိတ်ဝင်စားရင် အောက်က Link မှာ စာရင်းသွင်းပေးထားပါ။
>>>> https://goo.gl/VFbwlB
Credit:Myanmar Online Entrepreneur

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း