ဘဝသင်ခန်းစာ(၆၈)

ဘဝသင်ခန်းစာ(၆၈)

          တခါတုန်းက အလွန်တော်တဲ့ ပညာရှင်ကြီးတစ်ဦးဟာအကြောင်းတစ်ခုနဲ့ ရူးသွားခဲ့ရတယ်တဲ့...။
အရေးပါတဲ့ပညာရှင်ကြီးမို့ စိတ်ပညာရှင်တွေဟာ နည်းအမျိုးမျိုးနဲ့ကုသပေမယ့် မရတဲ့အဆုံး မစမ်းသပ်ရသေးတဲ့ ကုထုံးအသစ်နဲ့ ကုသဖို့ ဆုံးဖြတ်လိုက်ကြတယ်...။
ပညာရှင်ကြီးပြန်ကောင်းလာစေဖို့ တစ်စုံတစ်ယောက်က နေ့တိုင်း ပညာရှင်ကြီးနဲ့
စစ်တုရင်တွဲထိုးပေးရမယ်..ဒါမှသာ ပညာရှင်ကြီး စိတ်တည်ငြိမ်လာပြီး
ပုံမှန်အခြေအနေကို ပြန်ရောက်လာမယ်ပေါ့..
အဲဒီချိန်မှာပဲ စိတ်ရင်းကောင်းပြီး ထူးချွန်တဲ့ လူငယ်စစ်တုရင်သမားလေးတစ်ဦးဟာ
ပညာရှင်ကြီးကို ကုသရာမှာ ကူညီဖို့ သဘောတူခဲ့တယ်.
ဒီလိုနဲ့အချိန်တချို့ ကြာပြီးတဲ့နောက်မှာတော့ စိတ်ပညာရှင်တွေ
တွက်ဆထားသလိုပဲ ပညာရှင်ကြီးရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ သိသိသာသာ တိုးတက်လာခဲ့ပြီး နောက်ဆုံးမှာတော့မူလပကတိအခြေအနေအတိုင်း ပြန်ကောင်းလာခဲ့တယ်...။
လူတွေအားလုံးကလည်း ဝမ်းမြောက်ဝမ်းသာပေါ့..စိတ်ပညာရှင်တွေကိုလည်း ချီးမွမ်းကြတယ်..
ပညာရှိကြီး ပြန်ကောင်းလာလို့...။
ဒါပေမယ့် ဒီဖြစ်ရပ်မှာ ဝမ်းနည်းစရာ ကိစ္စတစ်ခု ဖြစ်ခဲ့တာကိုတော့
စိတ်ပညာရှင်တွေကလွဲလို့ ဘယ်သူမှ မသိကြဘူး.ဘယ်စိတ်ပညာရှင်တွေကမှလည်း ပညာရှင်ကြီးကို
ကုသအောင်မြင်ခဲ့တဲ့ စစ်တုရင်ကုထုံးကို နောက်တစ်ကြိမ်ပြန်အသုံးမပြုကြတော့ဘူးတဲ့...
ဘာလို့လဲဆိုတော့ပညာရှင်ကြီးကို ကုသရာမှာ ကူညီခဲ့တဲ့ လူငယ်စစ်တုရင်သမားလေးဟာ သွက်သွက်ခါအောင်
ရူးသွားခဲ့လို့ပါပဲ.။

မူလရေးသားသူအား Credit:
(PS:ကျွန်တော်တွေးမိတာက လူတွေ ဒီအဖြစ်အပျက်ကို မေ့မပစ်ကြသေးတာ ပညာရှင်ကြီးကို ကူညီရင်း အနစ်နာခံခဲ့ရတဲ့လူငယ်လေးကို ဂုဏ်ပြုချင်လို့လား။ မထင်ပါဘူး။ အကြောင်းက ရူးသွားတဲ့လူငယ်လေးနာမည်က မှတ်တမ်းထဲမှာ မရှိဘူး။ စိတ်ရင်းကောင်းပြီး ထူးချွန်တဲ့ လူငယ်စစ်တုရင်သမားလေးတစ်ဦးလို့ပဲ ပါတယ်။ သူက ဖိအားပေးခံရလို့ ကူညီတယ် အမည်ခံလိုက်ရတာရော မဖြစ်နိုင်ဘူးလား။ နောက်တစ်ချက်က ဒီစစ်တုရင်ကုထုံးကို နောက်တစ်ကြိမ်အသုံးမပြုကြတော့ဘူးတဲ့။ ဒါပေမယ့် သူတို့အားလုံး နည်းကိုတော့ မှတ်မိနေကြတယ်။ သုံးသင့်တယ်ထင်ရင်၊ သုံးခွင့်ရရင် သုံးလို့ရအောင် ဒီနည်းကို၊ ဒီအကြောင်းအရာကို မေ့မပစ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ နူးကလိယ လက်နှက်တွေကို ဖျက်သိမ်းဖို့ကြိုးစားနေကြပါတယ်။ ဒါပေမယ့် နည်းပညာအားလုံးကိုတော့ အလုံခြုံဆုံးသိမ်းဝှက်ထားလို့...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://web.facebook.com/htooaungwintt/

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း