Posts

Showing posts from April, 2017

ကျွန်တော့်ဘလော့ဟာ စာကြည့်ခန်းတစ်ခု

Image
ကျွန်တော့်ဘလော့ဟာ စာကြည့်ခန်းတစ်ခု ဘာလိုလိုနဲ့ (၂)နှစ်ရှိသွားပြီပေါ့။ လွန်ခဲ့တဲ့ (၂)နှစ် ဒီလိုနေ့(၃၀.၄.၂၀၁၅)မှာ ရှဥ့်ညိုလေး ဘလော့ကို မလုပ်တတ်၊ လုပ်တတ်နဲ့ စ-လုပ်ပါတယ်။ အဲဒီတုန်းက အလုပ်က ညဂျူတီဆိုတော့ မနက်(၂)နာရီလောက်မှာ ဘလော့လုပ်ပြီးသွားတယ်။ ကိုယ့်မှာ ရှိတဲ့အကောင့်လေးလည်း ပျက်သွား မှာစိုးတယ်။ (ခုတော့ ဘလော့လုပ်ရတာ လွယ်မှန်း သိသွားပါပြီ...)။

တစ်ရက်ပြီး တစ်ရက်

Image
တစ်ရက်ပြီး တစ်ရက်               မိုးလင်းတာနဲ့ မျက်နှာသစ်၊ သွားတိုက်နဲ့ တစ်ကိုယ်ရေ တစ်ကာယ အလုပ်တွေကိုနေ့စဉ် လုပ်တယ်။ သွားနေကြ လက်ဖက်ရည်ဆိုင်ကို သွားတယ်။

ခုထိအောင်လည်း…

Image
ခုထိအောင်လည်း…           သတိရလိုက်တာ မယ်နီရယ်။ ဟိုတစ်ချိန်ကလို လွမ်းတယ်ဆိုတဲ့ စကားကို သုံးခွင့်မရှိမှတော့ သတိရတယ်လို့ပဲ ဆိုရတော့မှာပေါ့။ ဒီစကားသံတွေကို ကြားမိမယ်ဆိုရင် မင်းရဲ့နှုတ်ခမ်းအစုံကို လှလှပပလေး မဲ့ပစ်လိုက်ဦးမှာ သေချာတာပေါ့နော်။

ရှဥ့်ညိုလေးနှင့် ထူးအောင်ဝင့်

Image
ရှဥ့်ညိုလေးနှင့် ထူးအောင်ဝင့် စဉ် ရက်စွဲ စာမူအမည် ၁ ၀၉-၀၇-၂၀၁၅ ကျွန်တော်နှင့်ထောင် ၂ ၂၁-၇-၂၀၁၅ နေရာ ၃ ၀၂-၀၈-၂၀၁၅ ကျွန်တော်နှင့်ခိုးယူခြင်း အနုပညာသည်များ ၄ ၁၇-၈-၂၀၁၅ တောင်တန်း၏ ကာရန် ၅ ၀၁-၀၉-၂၀၁၅ သတ္တိမရှိတော့ဘူး ၆ ၁၆-၉-၂၀၁၅ ကျွန်တော်နှင့်ဆေးထိုးအပ်လေးများ ၇ ၀၁-၁၀-၂၀၁၅ ကျွန်တော်နှင့် ကြယ်ပွင့်လေးတစ်ပွင့်အကြောင်း ၈ ၁၈-၁၀-၂၀၁၅ ကျွန်တော်နှင့် ရှဥ့်ညိုလေး၏ အက်ဆေးများ ၉ ၃၀-၁၀-၂၀၁၅ ကျွန်တော်နှင့် အသစ်ကြိုက်သူများ ၁၀ ၁၅-၁၂-၂၀၁၅ ကျွန်တော်နှင့် ကြွက်၊ မြွေ၊ လူများအကြောင်း ၁၁ ၃၁-၁၂-၂၀၁၅ ကျွန်တော်နှင့် အင်တာနက် ၁၂ ၁၄/၁/၁၆ ခရီးသွားများ ၁၃ ၂၉/၁/၁၆ ကျွန်တော်နှင့်ပုံပြောကောင်းသူများ ၁၄ ၁၃/၂/၁၆ တာဝန်

ခုထိအောင်လည်း...

Image
 ခုထိအောင်လည်း…           သတိရလိုက်တာ မယ်နီရယ်။ ဟိုတစ်ချိန်ကလို လွမ်းတယ်ဆိုတဲ့ စကားကို သုံးခွင့်မရှိမှတော့ သတိရတယ်လို့ပဲ ဆိုရတော့မှာပေါ့။ ဒီစကားသံတွေကို ကြားမိမယ်ဆိုရင် မင်းရဲ့နှုတ်ခမ်းအစုံကို လှလှပပလေး မဲ့ပစ်လိုက်ဦးမှာ သေချာတာပေါ့နော်။           မလှောင်ပါနဲ့လား။ ခုချိန်မှာ ကိုယ် အရိုးသားဆုံးဝန်ခံရရင် မင်းကို အလှိုက်လှဲဆုံး လွမ်းနေပါတယ် မယ်နီ။

သူခိုးလေး

Image
သူခိုးလေး                       ကလေး အဖေ တစ်ဦးသည် သူ၏ ပထမဦးဆုံး ကလေးအား မွေးဖွားရက် နီးကပ်လာသဖြင့် ဗေဒင် ဆရာ ထံ သွားမေးလေသည်။

နားလည်ရဲ့လား

Image
နားလည်ရဲ့လား             အဝေးပြေးကားကြီးက လမ်းဆုံလမ်းခွမှတ်တိုင်မှာရပ်လိုက်တော့ ခေါင်းရွက်ဈေးသည်လေးတွေ ဝိုင်းအုံလာကြတယ်။ ချာတိတ်ကလေးတစ်ယောက်ဟာ ဘဲဥပြုတ် ၊ကြက်ဥပြုတ် ၊ငုံးဥပြုတ် တွေထည့်ထားတဲ့ ဗန်းလေးခေါင်းပေါ်ရွက်ပြီးလျှောက်ရောင်းနေတာကို ဘကြီးညို ကားပေါ်ကမြင်နေရတယ်။ "ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . . . . ကြက်ဥလား ၊ ဘဲဥလား ၊ ငုံးဥလား . ."