သူခိုးလေး
သူခိုးလေး
အဖေ - "မွေးလာမယ့် ကလေးရဲ့ ဇာတာကို သိချင်လို့ပါဗျာ"
ဗေဒင် ဆရာ - "ယောက်ျားလေး မွေးမယ်။ လက်သီးဆုပ်ပြီး မွေးလာရင် သူခိုးဖြစ်မယ်။ လက်ဖြန့်ပြီးမွေးရင် ပညာရှိဖြစ်မယ်။
ရက်အနည်းငယ် အတွင်းတွင် ဇနီးဖြစ်သူက သားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကို ပွေ့ချီပြီး အပြင်ဘက်ထုတ်လာလေရာ ..
သူနာပြုဆရာမ - "ကဲ.. အဖေဖြစ်သူ.. ကလေးကြည့်လို့ရပြီ"
အလျင်အမြန် ကလေးကို ကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထား တွေ့ရသဖြင့် ..
အဖေ - "သား .. လက်ဖြန့်လိုက် ..."
သားငယ် - "လက်ဖြန့်လို့မဖြစ်ဘူး.. သားလက်ထဲမှာ ဆရာမ လက်စွပ်ရှိတယ်..."
အဖေ - " ငိငိ..."
မူလရေးသားသူအား Credit;
Comments
Post a Comment