Posts

Showing posts from November, 2023

သူဇာပျို့

Image
သူဇာပျို့ ၆၄။   နန်းမသခင် ၊ ဘွားရှင်ပင်နှင့်၊ မြေပြင်စိုးရ၊ ရာဇိန္ဒိလေ။ ။ စုံပူးရွှေရင်၊ စုံရာတွင်နှိုက်၊ ဘွားမြင်မြတ်လှ၊ ဩရသလေ၊ ပုတ္တရတနာ၊ လက်ဦးစွာဟု၊ ဖြစ်လာငြားသင့်၊ ရွှေဘုန်းပွင့်သည်၊ ရှင့်ခမည်းတော်၊ မမြော်နှိုင်းရဦ၊ တို့ထိပ်ချာကား၊ အဋ္ဌာရသ၊ ဟူသမျှကို၊ လွန်လှဆန်းထူး၊ သူ့ထက်ကျူး၏၊ မုန်ယူဆင်ပြောင်၊ ကြမ်းခေါင်မြင်းကြီး၊ ကိုယ်တော်စီးက၊ အံ့ချီးစရာ၊ လိုတိုင်းပါသည်။ ။ (ရှုသာတည့်ထင်၊ လှကိုယဉ်) ဘက်ယှည်တူရေး၊ မရှိဝေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၃။   ဇမ္ဗူကျွန်းလုံး ၊ လက်နက်ကျုံးသည်၊ ထွတ်ဆုံးဘိုးရာဇာနှင့်လေ။ ။ ဥကင်ထိပ်ပေါ်၊ တူစုံပျော်သည်၊ ဘွားတော်ထွတ်မြတ်မျိုးမြင့်လေ။ ။ ဣန္ဒဝင်စစ်၊ တဖြစ်တနွယ်၊ စင်ကြယ်လှစွာ၊ မည်တော်သာမူ၊ နရိန္ဒာဒေဝီ၊ ကျော်ထင်ညီသည်၊ သိင်္ဂီရွှေသား၊ ဘွားဘုရားကား၊ ငါးပါးဣန္ဒြေ၊ ငါးထွေသီလ၊ တည်ကြည်လှ၍၊ ရူပလက္ခဏာ၊ ပညာဂုဏ်အင်၊ ဘက်မထင်သည်။ ။ မြေပြင်တည့်မဆန့် ကျော်စောဝှန့်၊ နတ်ဌာန်တည့်ပျံ့မွှေး၊ အံ့ချီးကြွေး။ ။   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၂။   ဣန္ဒပုတ္တ ၊ နရိန္ဒသည်၊ အစထွတ်ရာဇာတည့်လေ။ ။ သည့်သားသည့်သား၊ မြတ်ဆက်ပွားသည်၊ တခြားမဘောက်လှာတည့်လေ။ ။ မြတ်ဆင့်ဆင့်ပွား၊ အညအားဖြင့်၊ များသည့်မင်းပေါင်း၊ ခြောက်သောင်းမျှစင်၊ ဣန္ဒဝင်ဟု၊ ဥကင်စိုးမြန်း၊ စည်ပြီးထွန်း၏၊ ဘုန်းတန်းမချို့၊ ထိုမင်းတို့တွင်၊ မျှို့မင်္ဂလာ၊ ညွန့်ဖြာဘုန်းသစ်၊ အဆုံးဖြစ်သား၊ ဧကရာဇ်ထိပ်ပေါ်၊ ရှင့်ဘိုးတော်သည်။ ။ မည့်ခေါ်တည့် ရာဇိန္ဒရာဇာ၊ ဘုန်းဝါတည့်နီးဝေး၊ ရောင်လွင့်ပြေး၊   ဧယာဉ်ချိုယဉ် ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆၁။   မဒ္ဒတိုင်းစည် ၊ စိုးစံတည်သည်၊ ခေါ်မည်အဂ္ဂသီတည့်လေ။ ။ ထိုမင်းသည်းချာ၊ နုကညာသည်၊ ဘဒ္ဒါနုဝတီတည့်လေ။ ။ ဘဒ္ဒါနုဝတီ၊ ဆင်းသိင်္ဂီနှင့် ယှည်မှီသိကြား၊ စံပျော်ပါး၍၊ သည်းချာရင်ခွင်၊ မြင်သည်ဣန္ဒ၊ ပုတ္တမည်ခေါ်၊ စုံသည်အင်္ဂါ၊ တရာမချို့၊ ငါသားတို့ဟု၊ နန်းမြို့မကျန်၊ သိကြားဘန်၍၊ သာလွန်ဇေယျ၊ ပူရတွင်မည်၊ သည်ရွှေပြည်သည်။ ။(ထောင်တည်ဖြစ်စေ-သမိုင်းလာ) စိုးချာတည့်ဦးရှေး၊ သိကြားသွေး၊   ဧယာဉ်ချိုယဉ်ပျောင်းနုဧ ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်