သူဇာပျို့
သူဇာပျို့
၆၁။ မဒ္ဒတိုင်းစည်၊ စိုးစံတည်သည်၊ ခေါ်မည်အဂ္ဂသီတည့်လေ။ ။ ထိုမင်းသည်းချာ၊ နုကညာသည်၊ ဘဒ္ဒါနုဝတီတည့်လေ။ ။ ဘဒ္ဒါနုဝတီ၊ ဆင်းသိင်္ဂီနှင့် ယှည်မှီသိကြား၊ စံပျော်ပါး၍၊ သည်းချာရင်ခွင်၊ မြင်သည်ဣန္ဒ၊ ပုတ္တမည်ခေါ်၊ စုံသည်အင်္ဂါ၊ တရာမချို့၊ ငါသားတို့ဟု၊ နန်းမြို့မကျန်၊ သိကြားဘန်၍၊ သာလွန်ဇေယျ၊ ပူရတွင်မည်၊ သည်ရွှေပြည်သည်။ ။(ထောင်တည်ဖြစ်စေ-သမိုင်းလာ) စိုးချာတည့်ဦးရှေး၊ သိကြားသွေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment