သူဇာပျို့

သူဇာပျို့

၆၄။ နန်းမသခင်၊ ဘွားရှင်ပင်နှင့်၊ မြေပြင်စိုးရ၊ ရာဇိန္ဒိလေ။ ။ စုံပူးရွှေရင်၊ စုံရာတွင်နှိုက်၊ ဘွားမြင်မြတ်လှ၊ ဩရသလေ၊ ပုတ္တရတနာ၊ လက်ဦးစွာဟု၊ ဖြစ်လာငြားသင့်၊ ရွှေဘုန်းပွင့်သည်၊ ရှင့်ခမည်းတော်၊ မမြော်နှိုင်းရဦ၊ တို့ထိပ်ချာကား၊ အဋ္ဌာရသ၊ ဟူသမျှကို၊ လွန်လှဆန်းထူး၊ သူ့ထက်ကျူး၏၊ မုန်ယူဆင်ပြောင်၊ ကြမ်းခေါင်မြင်းကြီး၊ ကိုယ်တော်စီးက၊ အံ့ချီးစရာ၊ လိုတိုင်းပါသည်။ ။ (ရှုသာတည့်ထင်၊ လှကိုယဉ်) ဘက်ယှည်တူရေး၊ မရှိဝေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း