သူဇာပျို့
သူဇာပျို့
၆၃။ ဇမ္ဗူကျွန်းလုံး၊ လက်နက်ကျုံးသည်၊ ထွတ်ဆုံးဘိုးရာဇာနှင့်လေ။ ။ ဥကင်ထိပ်ပေါ်၊ တူစုံပျော်သည်၊ ဘွားတော်ထွတ်မြတ်မျိုးမြင့်လေ။ ။ ဣန္ဒဝင်စစ်၊ တဖြစ်တနွယ်၊ စင်ကြယ်လှစွာ၊ မည်တော်သာမူ၊ နရိန္ဒာဒေဝီ၊ ကျော်ထင်ညီသည်၊ သိင်္ဂီရွှေသား၊ ဘွားဘုရားကား၊ ငါးပါးဣန္ဒြေ၊ ငါးထွေသီလ၊ တည်ကြည်လှ၍၊ ရူပလက္ခဏာ၊ ပညာဂုဏ်အင်၊ ဘက်မထင်သည်။ ။ မြေပြင်တည့်မဆန့် ကျော်စောဝှန့်၊ နတ်ဌာန်တည့်ပျံ့မွှေး၊ အံ့ချီးကြွေး။ ။ ဧယာဉ်ချိုယဉ်ပျောင်းနုဧ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment