Posts

Showing posts from February, 2016

ဇာတ်ကောင်

Image
ဇာတ်ကောင် ရှည်လျားလှတဲ့ ပြဇာတ်ထဲ တို့တတွေ ဘဝက တိုတိုလေးရယ်… နဲနဲနဲ့ ကျဲကျဲပဲမို့ အလုအယက်ပဲ သရုပ်ဆောင်ခဲ့မိတယ်… တစ်ခါတစ်ခါ အမူအယာတွေထပ်လို့ တစ်ခါတစ်ခါ အလိမ်အညာဇာတ်မို့ ချစ်လိုက်၊ မုန်းလိုက်၊ မုန်းလိုက် ချစ်လိုက်နဲ့ ပြုံးပြီးရင် မဲ့ရတာမို့ မုန်းပြီးရင် ပြုံးမပြချင်ဘူး… နေသိပ်ပူရင် ရေနွေးလေးပဲသောက်ပါ ဆန့်ကျင်ဘက်တွေ သိပ်မလုပ်နဲ့ ရေဆန်ကို လက်ပစ်ကူးတိုင်း ပန်းတိုင်ကို ရောက်သွားတာမှ မဟုတ်တာ… ဘဝက သိပ်တိုလွန်းတော့ အချိုရှာတိုင်း အခါးတွေမြိုနေရတယ်… ငိုချင်လည်း ပြုံးနေတတ်တော့ လိုချင်လည်း ရှုံးနေတတ်တော့ ဟန်ဆောင်သား ကျသွားပုံများ ခုဆိုရင် အခါးတွေတောင် ချိုလို့…။ (၂၇.၂.၂၀၁၆ နံနက် ၅း၅၁မိနစ်) (ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/)

ခရီးသွားခြင်း

Image
ခရီးသွားခြင်း ကျွန်တော်တို့ အားလုံး ထာဝရ ခရီးသွားများဖြစ်ကြသည်။ သို့သော် ထိုခရီးသည် ကျွန်တော်တို့ သွားသည် ဖြစ်စေ၊ မသွားသည်ဖြစ်စေ တစ်ချိန်တွင် အမှန်ရောက်မည့် ခရီးဖြစ်သည်။ ကျွန်တော်ပြောလို သည်က သွားမှ ရောက်မည့် ခရီးများအကြောင်းဖြစ်သည်။ ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အမျှ ကမ္ဘာကြီးသည် ရွာကြီးဖြစ်သွားပြီဆိုသော စကားသံ တို့ ကျယ်လောင်လာခဲ့ပြီ ဖြစ်သည်။ အတိတ်ကာလက လချီ၊ နှစ်ချီကြာအောင် သွားခဲ့ရသော ခရီးတို့သည် ယခုအခါတွင် နာရီပိုင်းအတွင်း ရောက်နိုင်သည့် ခရီးအဖြစ်ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ဆက်သွယ် သွားလာရ ပိုမိုချောမွေ့လာသည် နှင့်အမျှ ကမ္ဘာအဝှမ်းခရီးသွားလာသူတို့ ပို၍များပြားလာခဲ့ကြသည်။ တချို့က ပြည်တွင်းခရီးသွားများဖြစ်သည်။

ဒိုင်ယာရီ ငါးဆယ့်နှစ်

Image
ဒိုင်ယာရီ ငါးဆယ့်နှစ် မပြီးသေးတဲ့ ကဗျာတစ်ပုဒ် ငါရေးထုတ်တယ် ငါးဆယ်နှစ်အုပ်မြောက် ဒိုင်ယာရီ… နောက်ဆုံးစာမျက်နှာ အက္ခရာတွေ သွန်ကျဲရင်း မနက်ဖြန်ဆိုတဲ့ စာမျက်နှာသစ်တွေ လှန်ခဲ့ရပေါင်းလည်း များပြီ … လေပြင်းတွေ၊ လေညင်းတွေနဲ့ လမ်းခယောင်းလည်း ပန်းဖယောင်းမဟုတ်တဲ့ ခြေဗလာနဲ့လျှောက်လို့ ပန်းခင်းလမ်းလည်း ရနံ့သင်းတဲ့ ရွှေအိုရောင်တွေတောက်လို့ ငါစိုက်တဲ့အပင်တွေထဲ အဆိပ်ပင်တစ်ပင်မှ မပါဘူး အသီးမလှရင်တောင် အရိပ်ရမယ့် အပင်တွေပေါ့… ကောဖီဘယ်နှစ်ခွက် သောက်ခွင့်ရှိသလဲ ငါမသိဘူး စာမျက်နှာသစ် ဘယ်နှစ်ရွက် လှန်ခွင့်ရှိမလဲ ငါမသိဘူး မိုးမြေမဆုံး စိတ်ကူးတွေနဲ့ ဒီနေ့အထိ ငါ့ဒိုင်ယာရီ ပြုံးပြီးဖတ်ဖို့ ကောင်းနေတုန်း…                                ချစ်ခြင်းများဖြင့်                                                သင့်ရဲ့                                                       ရှဥ့်ညိုလေး (ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/)

ဒေါက်တာဂွနှင့် သူ၏ ဟာသများ

Image
ဒေါက်တာဂွနှင့် သူ၏ ဟာသများ  ဒေါက်တာဂွ ဟာ သူကုသနေတဲ့ လူနာတစ်ဦးရဲ့ ဆေးစစ်ချက်တွေကို ကြည့်ပြီးနောက် အခုလိုပြောတယ်.. "ခင်ဗျားရဲ့ ဆေးစစ်ချက်တွေအရအလွန်ဝမ်းနည်းစရာ ကောင်းတဲ့သတင်းကို ကျွန်တော် ပြောရလိမ့်မယ်..." "ဘယ်လောက်များ ဆိုးဝါးတဲ့ သတင်းမျိုးပါလိမ့် ဆရာရယ်?" "အင်း.. ခင်ဗျားဟာ မကြာခင်မှာ သေရတော့မယ်.. ခင်ဗျားအတွက် အချိန်သိပ်မကျန်တော့ဘူး..." "ဗျာ!!!.... အင်းလေ.. ဖြစ်လာမှတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ... လက်ကျန် အချိန်လေးမှာ ပျော်ပျော်ရွှင်ရွှင် နေသွားရတော့မှာပေါ့ ဆရာရယ်..

သက်ပြင်းချ ဟာသများ

Image
သက်ပြင်းချ ဟာသများ        ကျွန်တော်တို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ.. ။ ဥပမာ.. ပြွန်တန်ဆာတဲ့...နောက် ဂွေးချိုတဲ့..အဲ...ပြတိုက် ရောက်ဖူးတဲ့ ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျား။ အဲ့လိုပါ..ဘာကြောင့်ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ မသိရပါဘူး....။ ထားပါတော့လေ ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ အကြောင်းလေး ပြောပြချင်လို့ပါ... ရွာနာမည်က ဂွေးကြီးရွာ တဲ့.. ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော် ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ...။

" ရယ်သောသူသည်အသက်ရှည်၏ "

Image
  " ရယ်သောသူသည်အသက်ရှည်၏ " မန်နေဂျာ: ငါတို့ ကုမ္မဏီက ၀န်ထမ်းတွေက အားကစား လိုက်စားကြတယ်ကွ.. ဧည့်သည်: ဟုတ်ကဲ့.. မန်နေဂျာ: Non Officer ၀န်ထမ်းတွေဆို သူတို့ အားရင် ဘောလုံးကန်ကြတယ်.. ဧည့်သည်: ဟုတ်ကဲ့ ကောင်းတာပေါ့..

အဖြေ

Image
အဖြေ ငါ ရိုးသားဖို့လိုတယ် ဒါ့ကြောင့်... ကြိုးကြိုးစားစား ရိုးသားမယ့်အကြောင်း ကျိန်ဆိုခဲ့တယ် ဘုရားရှေ့... ငါ ဝါမကြွားဖို့ လိုတယ် ဒါ့ကြောင့် ... မရိုးမသား မဝါကြွားကြောင်း ကျိန်ဆိုခဲ့တယ် အများရှေ့... ငါ မှန်ကြည့်တယ် တစ်ယောက်တည်း... မှန်ထဲက တစ်ယောက်က အပြင်က တစ်ယောက်ကို ကြည့်တယ်။ အပြင်တစ်ယောက်က မှန်ထဲတစ်ယောက်ကို သိတယ်။ တစ်ယောက်ကို တစ်ယောက် ထွင်းဖောက်မြင်ရချိန်ခဏ ပြုံးနေတဲ့ ငါ့မျက်နှာ ချက်ခြင်းပင် တန့်ရပ်သွား မေးခွန်းတစ်ခု ခုန်ထွက်လာတယ် အမှန်တရားနဲ့ မှန်ရဲ့ကြား ဒီနေ့ သင်ဘယ်လောက်ရိုးသားခဲ့သလဲ...။ ။ (၉.၂.၂၀၁၆ ည ၇း၁၆မိနစ်ပြီး) (ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ)

"စာရေးသူများ" page အတွက် အဖွဲ့ဝင်သစ် ဖိတ်ခေါ်ခြင်း

Image
"စာရေးသူများ" page အတွက် အဖွဲ့ဝင်သစ် ဖိတ်ခေါ်ခြင်း *-*-*-*-*-*-*-*-*-*-*-*-* ၁။ စာရေးသူများ page ကို စာရေးခြင်းတွင် ဝါသနာ တူညီ၍ အစဉ်တစိုက် လုပ်လိုကြသော စာပေမောင်နှမများဖြင့် မိသားစုအသွင် ဖွဲ့စည်းထားပြီး ရည်ရွယ်ချက်တူ၊ ဝါသနာတူ စာရေးသူများ ကို အဖွဲ့ဝင်အသစ်များ အဖြစ် ရွေးချယ်လက်ခံလိုပါသည်။ ၂။ "စာရေးသူများ" အဖွဲ့ဝင်တို့၏ မူလရည်ရွယ်ချက်ထဲတွင် တစ်ဦးနှင့်တစ်ဦး စာရေးဖြစ်အောင် လှုံဆော်ပေးရန်၊ အပြုသဘောဆောင်ဝေဖန်ထောက်ပြရ န်၊ မိမိရေးသားထားခဲ့သော စာများကို တခြားသော စာရေးစာဖတ်ဝါသနာပါသူများပါ ဖတ်ခွင့်ရစေရန်၊ အကျိုးအမြတ်မပါပဲ စေတနာရည်ရွယ်ချက်ဖြင့် လွတ်လပ်စွာဝေမျှရန် တို့ပါ ပါဝင်ပါသည်။ သို့ဖြစ်ပါ၍ သဘောထားတူပြီး၊ အတူပူးပေါင်းလိုသော ဆရာ / ဆရာမများ ကို အဖွဲ့ဝင်သစ်အဖြစ် လှိုက်လှဲစွာကြိုဆိုလိုပါသည်။

ဆေးလိပ်ပြာခွက်လေး

Image
ဆေးလိပ်ပြာခွက်လေး ကျွန်တော့်မှာရှိသည့် ဆေးလိပ်ပြာခွက်လေးအကြောင်း မပြောမီ  ပြောပြချင်သည့် အကြောင်းအရာ တစ်ခုရှိ ပါသည်။ ထိုအကြောင်းအရာမှာ ဆေးလိပ်ဖြစ်သည်။ ဆေးလိပ်ဟု ဆိုသော်လည်း ကျွန်တော် သောက်ရှူခဲ့ဖူးသည်မှာ စီးကရက်ဖြစ်သည်။ ထို့ကြောင့် စီးကရက်အကြောင်းကို ပြောပြပါ မည်။  စီးကရက်တွင် ကာဗွန်နစ်အက်ဆစ်နှင့် နီကိုတင်းဓာတ်တို့ ပါသည်ကို သိသည်။ ထိုသို့ မသိခင် ကတည်းက ဆေးလိပ်သောက်ခဲ့သူဖြစ်သည်။   ကျွန်တော်နှစ်ခြိုက်စွဲမက်စွာ သောက်သည့် စီးကရက်များ တွင် ဓာတုဗေဒအဆိပ်များ ပါနေသည်ကို သိပြီးသည့် နောက်ပိုင်းတွင်လည်း ကျွန်တော်ကတော့ သောက်မြဲပင် ဖြစ်သည်။  ကျွန်တော့်ဖေဖေသည် ဆေးလိပ်သောက်သူ တစ်ဦးမဟုတ်ပါ။ မေမေသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကျွန်တော့်အဖွားကတော့ ဆေးလိပ်သောက်သူ တစ်ဦးဖြစ်သည်။ ကျွန်တော် ဆေးလိပ် သောက်တတ်ခြင်းမှာ အဖွားကြောင့် သောက်တတ်ခြင်းလည်း မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ခါမျှပင် ဆေးလိပ်မီးညှိခိုင်းခြင်း မရှိသောကြောင့်ဖြစ်သည်။ အဖွားဆေးလိပ်သောက်ပုံကိုကြည့်၍လည်း အားမကျသည်လည်းတစ်ကြောင်းဖြစ်သည်။

လက်ထဲကလိမ္မော်ချို

Image
လက်ထဲကလိမ္မော်ချို                  မိဘမဲ့ကျောင်းကကြီးပြင်းလာခဲ့တဲ့ လူငယ်တစ်ယောက်က သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံကို ဒီလိုပြောပြသွားခဲ့ပါတယ်။ ကျွန်တော်ငယ်ငယ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ပါလို့ ကျွန်တော် ၉ နှစ်သားအရွယ်မှာလန်ဒန်မြို့ကမိဘမဲ့ကျောင်းတစ်ကျောင်းမှာသွားနေခဲ့ရတယ် မိဘမဲ့ကျောင်းလို့သာဆိုတယ်၊ထောင်နဲ့ကွာလှဘူး။နေ့အချိန်မှာ ကျွန်တော်တို့ ၁၄ နာရီလောက်အလုပ်လုပ်ရတယ်။ ပန်းခြံမှာစိုက်ပျိုးရတယ်။ မီးဖိုမှာကူရတယ်။ တစ်ခါတလေလယ်တွေထွန်ယက်ရတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ကျွန်တော်တို့ရဲ့ဘဝတွေမပြောင်းလဲခဲ့ပါဘူး။ တစ်နှစ်ပတ်လုံးမှာ ကျွန်တော်တို့အတွက် နားရက်တစ်ရက်ပဲရှိိတယ်။ အဲဒီနေ့ကခရစ္စမတ်နေ့ပဲ။အဲဒီနေ့မှာဘုရားသခင်ကို ပူဇော်တဲ့အနေနဲ့ လူတိုင်းလိမ္မော်သီးတစ် လုံးစီရကြတယ်။ခရစ္စမတ်နေ့မှာ ကျွန်တော်တို့အတွက်

အမှာ

Image
အမှာ သူငယ်ချင်း လမ်းတွေကောက်လို့ ဖြောင့်ဖြောင့်မလျှောက်နိုင်တာ မင်းအပြစ်မဟုတ် အတွေးဆိုးကို ရှင်းလို့ထုတ်လိုက် လမ်းဆိုး လမ်းကောက် လမ်းမဖြောင့်ကို ကောင်းကောင်းလျှောက်ဖို့ အားထုတ်ခြင်းသာ မင်းအလုပ်။ ။ (ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ) (၃.၂.၂၀၁၆ နေ့လည် ၁း၃၅ မိနစ်)