အဖြေ



အဖြေ

ငါ ရိုးသားဖို့လိုတယ်
ဒါ့ကြောင့်...
ကြိုးကြိုးစားစား ရိုးသားမယ့်အကြောင်း
ကျိန်ဆိုခဲ့တယ် ဘုရားရှေ့...
ငါ ဝါမကြွားဖို့ လိုတယ်
ဒါ့ကြောင့် ...
မရိုးမသား မဝါကြွားကြောင်း
ကျိန်ဆိုခဲ့တယ် အများရှေ့...
ငါ မှန်ကြည့်တယ်
တစ်ယောက်တည်း...
မှန်ထဲက တစ်ယောက်က
အပြင်က တစ်ယောက်ကို ကြည့်တယ်။
အပြင်တစ်ယောက်က
မှန်ထဲတစ်ယောက်ကို သိတယ်။
တစ်ယောက်ကို တစ်ယောက်
ထွင်းဖောက်မြင်ရချိန်ခဏ
ပြုံးနေတဲ့ ငါ့မျက်နှာ
ချက်ခြင်းပင် တန့်ရပ်သွား
မေးခွန်းတစ်ခု ခုန်ထွက်လာတယ်
အမှန်တရားနဲ့ မှန်ရဲ့ကြား
ဒီနေ့ သင်ဘယ်လောက်ရိုးသားခဲ့သလဲ...။ ။

(၉.၂.၂၀၁၆ ည ၇း၁၆မိနစ်ပြီး)
(ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward