" ရယ်သောသူသည်အသက်ရှည်၏ "



  " ရယ်သောသူသည်အသက်ရှည်၏ "
မန်နေဂျာ: ငါတို့ ကုမ္မဏီက ၀န်ထမ်းတွေက အားကစား လိုက်စားကြတယ်ကွ..

ဧည့်သည်: ဟုတ်ကဲ့..

မန်နေဂျာ: Non Officer ၀န်ထမ်းတွေဆို သူတို့ အားရင် ဘောလုံးကန်ကြတယ်..

ဧည့်သည်: ဟုတ်ကဲ့ ကောင်းတာပေါ့..


မန်နေဂျာ: Officer တွေ Executive ၀န်ထမ်းတွေဆိုလဲ သူတို့ အားလပ်ရပ်ဆို တင်းနစ်ရိုက်တတ်တယ်..

ဧည့်သည်: ဟုတ်ကဲ့ ကောင်းပါ့ဗျာ..

မန်နေဂျာ: ငါတို့ မန်နေဂျာ တွေ ဆိုရင် လဲ အားရင် ဂေါက် သွားရိုက်သကွ.. ဘယ်လိုလဲ ငါတို့ ကုမ္မဏီ တွေရဲ့ အားကစားတွေ ကို မင်းဘယ်လိုသဘောရလဲ..

ဧည့်သည်: ဟုတ်ကဲ့ ရာထူးကြီးလာရင် သူတို့ ကစားတဲ့ ဘောတွေ တဖြည်းဖြည်း သေးသွားတယ်လို့ မြင်ပါတယ်..



                         ကွန်မြူနစ် မဟုတ်တော့ပါ

ပီတာလေး အတန်းပိုင်ဆရာမကိုပြောသည်
''ကြောင်မကြီး ကြောင်သားလေး
ခြောက်ကောင် မွေးတယ်၊ အကုန်လုံး ကွန်မြူနစ်တွေချည်းပဲ"
ရက်အနည်းငယ် ကြာသောအခါ ဆရာမက ပီတာလေးကို
မေးသည်။
"ပီတာ၊ မင်း အိမ်က ကြောင်သားလေး ကွန်မြူနစ် တွေ
နေကောင်းကြရဲ့လားကွယ့်"
"ကောင်းပါတယ်၊ သူတို့  ကွန်မြူနစ်တွေ မဟုတ်တော့ဘူး၊
သူတို့ အားလုံး မျက်လုံးတွေ ပွင့်လာကြပြီ"




စိန့်ပီတာအနားယူနေစဉ် တပည့်တစ်ဦးအား ကောင်းကင်ဘုံသွင်းသည့် တာဝန်ပေးခဲ့၏။
မသွင်းမီမည်သူမည်ဝါဖြစ်ကြောင်းစိစစ်ရန် မှာကြားခဲ့၏။
ရှေးဦးစွာ Beethoven ရောက်လာရာ သီချင်းတစ်ပုဒ်တီးပြတော့မှ ကောင်းကင်ဘုံကိုသွင်းလိုက်၏။
ထို့နောက် Einstein ရောက်လာရာ သင်္ချာတစ်ပုဒ် ဖြေရှင်းပြပြီးမှသာ ၀င်ခွင့်ပြု၏။
ထို့နောက် Dan Quayle ရောက်လာ၏။

"ခင်ဗျားဘယ်သူလဲ"

"အမေရိကန် ဒုတိယသမ်မ္မတ ဟောင်းပါ"

"သက်သေပြစရာ ဘာပါသလဲ Beethoven တို့ Einstein တို့တောင် သက်သေပြရတယ်"

"သူတို့က ဘယ်သူတွေလဲ"

"ရပြီ . . .၀င်နိုင်ပြီ"


                       လူပါး

လူနာနှစ်ယောက် စကားပြောနေကြသည်။
"ခင်ဗျား အတော် ခံနိုင်ရည်ရှိတဲ့ လူပဲ..
ခင်ဗျားရဲ့ နာနေတဲ့ ခြေထောက်ကို သူနာပြု ဆရာမက နှိပ်ပေးရာမှာ
ခင်ဗျား တစ်ချက်မှ မအော်ဘူးနော်"
"ကျုပ်အရူးမှ မဟုတ်ဘဲ၊ နာနေတဲ့ ခြေထောက်ကို
ဘယ်ထိုးပေးလိမ့် မလဲဗျ" 

                       မကန်းဘူး

အရက်ဘားထဲသို့  ကောင်းဘွိုင်တစ်ယောက် ၀င်လာသည်။
အသက်ကြီးပြီဖြစ်သော စားပွဲးထိုးကမေးသည်။
"ဘာသုံးဆောင်မလဲ"
"၀ီစကီသုံးပက်ပေးပါ"
အဖီုးကြီး ထုံစံအတိုင်း အရက်ကို လျှော့ထည့်သည်။
"အဘိုးကြီး၊ ဘာလဲ၊ ပက်ချင်ခိုးပြန်ပြီလား"
"မဟုတ်ပါဘူး၊ အသက်ကြီးတော့ မျက်စိက မကောင်းတော့လို့ ပါ"
"အဲဒါဆို ခွက်လျှံအောင် ထည့်လိုက်ပါလား"
"အဲဒီလောက်အထိလည်း မကန်းသေးဘူးလေ"


                         မညံ့စေခြင်

" ခင်ဗျားရဲ့မိန်းမကို ခင်ဗျား ကျေနပ်သလား "
" သိပ်ကျေနပ်တယ်၊ တစ်ခုဘဲ ဆုတောင်းချင်တယ်၊
နောက်ယူမဲ့မိန်းမ သူ့ ထက် မညံ့ပါစေနဲ့ လို့ "


                          ဘာကောင်လဲ

"ချာတိတ်...မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ"
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ ပြောတယ်၊
ဖေဖေက မေမေ့ကို ကြက်မကြီးလို့  ပြန်ပြောတယ်"
"အဲ့ဒါနဲ့  ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ၊ ကျွန်တော် ဘာကောင်ဖြစ်မလဲ"
                   

                              လိုချင်လို့ 

"ပီတာ..မင်း ဘာဖြစ်လို့  ကျောင်းနောက်ကျရတာလဲ"
"မေမေ ပိုက်ဆံတစ်ကျပ် ပျောက်သွားလို့ "
"အဲဒါနဲ့  မင်း ကျောင်းနောက်ကျတာနဲ့  ဘာဆိုင်လို့ တုန်း"
"အဲဒီတစ်ကျပ်တန်ပေါ်မှာ ကျွန်တော်ရပ်နေလို့ "



                           ကျုပ်က ပိုသေချာပါတယ်

ဆရာဝန်။ ။အင်း....ခင်ဗျားရောဂါက နမိုးနီးယားပဲဗျ
လူနာ ။ ။သေချာရဲ့လားဆရာရယ် ဟိုတလောက ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို နမိုးနီးယားဆိုပြီး ဟိုဘက်ခန်းက ဆရာဝန်ကုလိုက်တာ အဲဒီလူနာကသေတော့ ငှက်ဖျားရောဂါနဲ့သေတာဗျ
ဆရာဝန်။ ။အင်း... ဒါတော့မစိုးရိမ်ပါနဲ့ဗျာ၊ ကျုပ်ကပိုပြီးသေချာတဲ့လူပါ
ကျုပ်ကသာ နမိုးနီးယားလို့ဆုံးဖြတ်ထားရင် အဲ့ဒီလူ နမိုးနီးယားနဲ့ပဲ သေမှာပါ ဒါတော့စိတ်ချကိုယ်လူ



                    ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ

၁- ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစားနေတာ ခုနပဲ တွေ့ခဲ့တယ်ဗျ
၂- ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား
၁- ဟင့်အင်း
၂- အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး


                      အကျင့်ဆိုး

ဆရာဝန်၏ ဆေးခန်းတွင် ဖြစ်သည်၊
ဆရာဝန်က လူနာကို မေးသည်။
"အရက်သောက် သလား"
"မသောက်ပါဘူး"
"ဆေးလိပ်ကော သောက်သလား"
"ဟင့်အင်း"
"ဖဲကစား သလား"
"၀ါသနာ မပါဘူး"
"မိန်းမ လိုက်စားသလား"
"ဝေးဝေး ရှောင်ပါတယ်"
"ဒါဖြင့်ရင် ခင်ဗျားဆီမှာ ဘာအကျင့်ဆိုးမှ မရှိဘူးပေါ့"
"တစ်ခုတော့ရှိပါတယ်"
"ဘာလည်း"
"လိမ်တတ်တဲ့ အကျင့်ပါ"

                                          ချူချာစစ်သား

စစ်သင်တန်းကျောင်းတက်နေသော ကိုချူချာကို စီ-အိုင်-အေက ဖမ်းမိသွားသည်၊ ၄င်းကို နည်းမျိုးစုံနှင့် စစ်မေးသည်၊ ကိုချူချာထံမှ ဘာသတင်းမှ မရချေ၊ နောက်ဆုံးတွင် မေးတာကိုမဖြေရင် ပစ်သတ်မည်ဟု ခြိမ်းခြောက်ကာ တစ်ညစဉ်းစားရန်အချိန်ပေးသည်။
နောက်တစ်နေ့ မနက် ၄င်းအား ပိတ်ထားသော အခန်းကို ဖွင့်လိုက်ရာ နံရံကို ခေါင်းနှင့်တိုက်နေသော ချူချာကို တွေ့ရသည်။
၎င်းဧ။်နှုတ်မှလည်း ယူကျူံးမရသံဖြင့် တတွတ်တွတ်ပြောနေသည်ကို ကြားကြရသည်။
" ငါ့ကိုက ညံ့ပါတယ်။ သင်တန်းဆရာတွေက ပြောသား ၊ မှတ်မိအောင်လုပ်ထား ၊ မှတ်မိအောင်လုပ်ထားလို့ "


                                       ဘယ်လိုကားမှန်းမသိဘူး

ကိုချူချာ "မော်စကို ဗစ်ခ်ျ" ကားသစ်တစ်စီး ၀ယ်သည်။ ကားကိုမောင်းပြီး မော်စကို ကိုတက်သွားသည်၊ တစ်ပတ်အကြာတွင် ကြေးနန်းပို့သည်၊ "ချောချောမောမော ရောက်သည်၊ ပြန်ထွက်လာပြီ" ဟု ဖြစ်သည်။
ဆွေမျိုးများ ၄င်းကိုစောင့်သည်၊ တစ်ပတ်၊နှစ်ပတ်၊တစ်လ၊နှစ်လကြာသွားသည်၊ ကိုချူချာ ပေါ်မလာချေ၊ နောက်ဆုံး ခြောက်လကြာမှ ပြန်ရောက်လာသည်။ ၄င်းက ဖြစ်ပုံကို ရှင်းပြသည်။
" ဘယ်လိုကားမှန်းမသိဘူး၊ ရှေ့ကိုသွားရင် မြန်လိုက်တာ၊ အဲ နောက်ပြန်ဆုတ်တဲ့အခါမှာ လေးဆလောက်နှေးတယ် "



အရက်ဆိုင်အတွင်းသို့ အလွန်ပုံပျက်အောင်မူးနေသော လူတစ်ယောက်ကို ဟန်ချက်ပျက်အောင် မူးနေသော လူနှစ်ယောက်က တွဲ၍ ၀င်လာသည်။
ကောင်တာသို့ ရောက်သော် တွဲခေါ်လာရသော သူမှာ ကြမ်းပြင်ပေါ် သို့ ၀ုန်းကနဲ့ ပစ်လဲ ကျသွားသည်။

ဟန်ချက်ပျက် အောင် မူးနေသော နှစ်ယောက် က ကောင်တာ ရှိ ခုံ ရှည် များတွင် ကိုယ်စီ ၀င်ထိုင်ပြီး..

"ဘီယာနှစ်ခွက်.."

ဘားကောင်တာကသူက လဲနေသော သူအား မေးငေါ့၍

"သူ့အတွက်ရော.."

"နေပစေ.. သူက အပြန် ကားမောင်းရဦးမှာ.."


                                      မြာပွေသူ

(အမေရိကန် သမ္မတ ကလင်တန်ဧ။် လိင်ဖောက်ပြားမှု ဟိုးလေးတကျော် ဖြစ်နေချိန်တွင် ပေါ်ခဲ့သော ဟာသ )
အိမ်ဖြူတော်တွင် အမှုထမ်းနေသည့် အမျိုးသမီး ၀န်ထမ်းများအကြား လျှို့ဝှက်သဘောထား ကောက်ခံပွဲ ပြုလုပ်သည်။
မေးခွန်းမှာ ' ကလင်တန်နှင့် အိပ်လိုသလား ' ဖြစ်သည်။
အမျိုးသမီးဝန်ထမ်း ၅-ရာခိုင်နှုန်းက ' အိပ်ချင်တာပေါ့ ' ( Yes, Of course ) ဟုဖြေသည်။
နောက် ၅-ရာခိုင်နှုန်းက ' ဟင့်အင်း ၊ ဘယ်တော့မှ မအိပ်ချင်ဘူး ' (NO , Never ) ဟုဖြေသည်။
ကျန်သော ၉၀-ရာခိုင်နှုန်းက ' နောက်တစ်ကြိမ် မအိပ်ချင်တော့ဘူး ' (Never again ) ဟုဖြေသည်။



                                          " သတင်းကောင်း "

ယောင်္ကျားဖြစ်သူ အလုပ်က ပြန်လာသည် ။ မိန်းမ ၏ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင် တစ်ခုခု ဖြစ်ပြီဟု
သိလိုက်သည် ။
" မကောင်းတဲ့ သတင်းနဲ့  ငါ့ကို မကြိုနဲ့ ကွာ...ရုံးမှာ..စိတ်ညစ်ရတာကိုနဲ့ ပဲ ငါ့မှာ လုံလောက် နေပြီ..."
" ကောင်းပြီ...ရှင့်ကို သတင်းကောင်း အရင်ပြောမယ်..ကျမတို့ မှာ...ကလေး ငါး ယောက် ရှိတယ်နော်..
အဲ....လေးယောက်စလုံး..ဒီနေ့  ခြေထောက်ရော...လက်ရော..မကျိုးဘူး..."


" ချိန်းတွေ့ တယ်.."

" ရှင့်မှာ..မိန်းမရှိပါလျှက်နဲ့  ဘာဖြစ်လို့  ကျမကို ချိန်းတွေ့ ရတာလဲ...."
" ခင်ဗျားကကော..အိမ်ထောင်မရှိဘူးဆိုရင် ဘာဖြစ်လို့  လာသေးလဲ..."


" ဒါမျိုး မပြောနဲ့ "

" မေမေ...သမိးလေ...ဖေဖေ..မေမေ တို့ နဲ့  တစ်သက်လုံး မခွဲဘူး သိလား.."
" ဟဲ့...မိဘတွေကို ဒီလို မခြိမ်းခြောက်နဲ့ လေ..."




                                         " အောင်တော့မယ်..."

ဆေးကျောင်းတွင် လူတွေ့ စစ်မေးပွဲ ပြုလုပ်နေသည် ။ " ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာများ " ကိုဖော်ပြရန် ဆရာက

ကျောင်းသားတစ်ဦးကို ပြောသည် ။ ဘေးနားက ကျောင်းသားက " ဆံပင်ကျွတ်တယ်..၊ ခြေထောက်ခွင်တယ်..၊ ဗိုက်ပူတယ် " ဟုဆရာ

မကြားအောင် ထောက်ပေးရာ...၄င်းက ထိုအတိုင်း လိုက်ပြောသည် ။

ယင်းကျောင်းသားကို အခန်းအပြင်ဘက်တွင် စောင့်နေရန် ဆရာက မှာပြီး ကျန် ကျောင်းသား ကျောင်းသူများကို

ဆက်မေးသည်။အားလုံးပြီးသောအခါ...စောစောက ကျောင်းသားကို ပြန်ခေါ်သည် ။ အခန်းတွင်းကို ၀င်လိုက်သည်နှင့် ကျောင်းသားသည်

ဆရာ့ အား အ၀တ်အစားမပါပဲ တွေ့ လိုက်ရသည် ။ ဆရာက ပြောသည် ။

" တပည့်...ဆရာ့ ဆံပင်ကို ကြည့်စမ်း ..ဆံပင်တွေကျွတ်တာ မတွေ့ ဘူးလား..."

" တွေ့ ပါတယ်.."

" ခြေထောက်ကော ခွင်မနေဘူးလား "

" ခွင် နေပါတယ်.."

" ဗိုက်ကော မပူဘူး လား .."

" ပူပါတယ်.."

" အေး....အဲ့ဒီ ဗိုက်က ကလေး မွေးတဲ့အခါ .မင်း စာမေးပွဲ အောင်ပြီလို့  မှတ်လိုက်..."



                                         " ကံကောင်းတယ်မှတ်ပါ "

ဆရာဝန်ဆီ လာတွေ့ ရင်း လူနာအမျိုးသမီး တစ်ယောက် ရုတ်တရက် ချုံးပွဲချ ငိုသည် ။

" ကျမလောက် ကံဆိုးတဲ့ မိန်းမ ဒီလောကမှာ မရှိတော့ပါဘူးရှင်...ကျမယောင်္ကျားကို ကျမ ကလေး ၁၂ ယောက်

မွေးပေးခဲ့တယ်..၊ အခု သူ...ကျမကို မချစ်တော့ဘူးလို့  ပြောတယ်..၊ ရက်စက်လိုက်တာ ဆရာရယ်...."

" စိတ်မကောင်းမဖြစ်ပါနဲ့ ဗျာ....၊ သူ ဒီလိုပြောတာ ခင်ဗျားအတွက် ပိုတောင် ကောင်းသေးတယ်လို့ ..မှတ်...

ခင်ဗျားပဲ စဉ်းစားကြည့်..၊ သူသာ ခင်ဗျားကို ဆက်ချစ်နေဥိးမယ်ဆိုရင် ခင်ဗျား ဘာဖြစ်မယ် ထင်လဲ.."




                                         " အကြံပေးပါရစေ "

ဆေးရုံကြီး၏ လူနာမှတ်ပုံတင်ဌာန နှင့် မနီးမဝေးတွင် ယောင်္ကျားကြီး တစ်ယောက် ....

" အင်း...ရူးတောင်ရူးချင်လာပြီ....ရူဘယ်ငွေကလည်း အမြဲတမ်း အောက်ကိုပဲ ကျနေပါလား..ရူးချင်တယ်..

ရူးချင်တယ်....ဘယ်ဆရာဝန်ဆီ..သွားရင်ကောင်းမလဲ..." ဟု ရေရွတ်နေသည်..။ လူနာမှတ်ပုံတင်ဌာနတွင် ထိုင်နေသော

ဆရာမက လှမ်းပြောသည် ။

" ရူးချင်တယ်ဆိုရင်..စိတ်ရောဂါကု ဆရာဝန်ဆီသွား.....အမြဲတမ်း အောက်ကျနေတယ်ဆိုရင်တော့

လိင်ရောဂါ အထူးကုဆရာဝန် ( sex pathologist ) ဆီသွား..."




                                           " ရေသူမ "

" ဒေါက်တာ...ကျနော် ဘာလုပ်ရမလဲဆိုတာ အကြံပေးနိုင်ရင် ပေးပါဦးခင်ဗျ.."

" ဘာဖြစ်လို့ လဲ "

" မနေ့ က ..ကျနော် ရေသူမ ဖမ်းမိတယ်...၊ ဘယ်လို အသုံးချရမလဲ ဆိုတာ မစဉ်းစားတတ်ဘူး..

မိန်းမ အနေနဲ့  ..မနိပ်ဘူး....အဲ...ငါး အဖြစ် ဟင်းချက်စားဖို့ ကလည်း သနားတယ်.."


                                       " ပြင်ဆင်ချိန် "


သားဖွားဆေးရုံတွင် အမှုထမ်းနေသော လူငယ်ဆရာဝန်.. တစ်နာရိ နောက်ကျပြီး ဆေးရုံသို့  ရောက်သည် ။ ဆေးရုံအုပ်က

၎င်းကို ပြောသည် ။

" ခင်ဗျား..အလုပ်ဝင်တာ မကြာသေးဘူး ..အလုပ် နောက်ကျတတ်နေပါလား.."

" ကျနော်.ကလေးအဖေဖြစ်ဖို့  ပြင်ဆင်နေရလို့ ပါ.."

" ဒါ ခိုင်လုံတဲ့ အကြောင်းပြချက်တော့ မဟုတ်ဘူး..။ ဒီတစ်ခါတော့ ထားပါတော့..

ဒါနဲ့  လျှို့ ဝှက်ချက် မဟုတ်ရင် ဘယ်တော့လောက် ..ခင်ဗျား ကလေးအဖေ ဖြစ်မှာလဲ..."

" အားလုံးအဆင်ပြေရင် ..နောက် ကိုးလ တိတိမှာပါ.."




                                           " စိုးရိမ်စရာပေါ့ "

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက် မရှိတော့သော ကိုဘမောင်က ဇနီးသည်ကို ပြောသည် ။

" မင်းငါ့အပေါ် တသက်လုံး သစ္စာ စောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်....သစ္စာဖောက်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်မယ်..

ဘယ်လိုပဲ ဖြစ်ဖြစ် ငါ မသေခင် အမှန်ကို သိသွားချင်တယ်..ငါ့ကို မှန်မှန် ပြောပါ..ငါ့ကို သစ္စာဖောက်ခဲ့ဘူးသလား...."

" မတော်တဆ ရှင် မသေရင် ဘယ့်နှယ် လုပ်မလဲ..."


                                          ကောင်းကောင်းနေရောပေါ့ "


ထောင်ကျနေသော ယောင်္ကျားထံ နို့ စို့ ကလေးကို ပိုက်လျက် မိန်းမဖြစ်သူ ထောင်ဝင်စာ

လာတွေ့ ရာ ယောင်္ကျားက မေးသည် ။

" ဒါ..မင်းကလေးလား.."

" ဟုတ်တယ်..ရှင်သာ ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင်...ဒီကလေးဟာ ရှင့် ကလေးလဲ ဖြစ်နိုင်တယ်.ရှင့်."




                                         " ဆရာဝန်လောင်း "


ဆရာက ဆေးကျောင်းသားကို မေးသည် ။

" ကလေးငယ်အတွက်..မိခင်နို့ ရည်ဟာ...ဘာဖြစ်လို့  နွားနို့ ထက် ပိုပြီးအကျိုးရှိရတာလဲ..."

" ပထမဆုံးအနေနဲ့  မိခင်နို့ ဟာ ပိုပြီး သန့် ရှင်းတယ်..ပြီးတော့ လတ်ဆတ်တယ်..

နောက်အရေးကြီးတဲ့ အချက်က မိခင်၏နို့ ကို ကြောင် ၀င်မသောက်နိုင်ဘူး...

အဲ....နောက်ဆုံးအနေနဲ့  နို့ စို့ ကလေးဟာ သူသွားလေရာ..နို့ ကိုယူသွားနိုင်တယ်..."


                                         " ကု ပေးမလား "


ပန်းခြံရှိ ခုံတန်းရှည်တစ်ခုတွင် ချစ်သူနှစ်ဦး ထိုင်နေကြသည် ။ ကောင်မလေးက ညုတုတု အသံဖြင့် ပြောသည် ။

" ဘယ်ဖက်ပါးက ဘာဖြစ်မှန်း မသိဘူး...နာသလိုလိုပဲ "

ကောင်လေးက ပါးကိုနမ်းလိုက်ပြီး မေးသည် ။

" အခု နာသေးလား..." " မနာတော့ဘူးမောင်..."

မိနစ်အနည်းငယ်ကြာသွားသည် ။

" ဒီ လည်ပင်းကလဲ ဘာဖြစ်မှန်း မသိဘူး.. ကိုက်ချင်သလိုပဲ..."

ကောင်လေးက ကောင်မလေး၏ လည်တိုင်ကို ဖွဖွလေး နမ်းလိုက်သည် ။

" အခု နာသေးလား.."

" ဟင့် အင်း "

ခဏနေတော့ ကောင်မလေးက ပြောပြန်သည် ..။

" နှုတ်ခမ်းမှာ ပုရွက်ဆိပ်များ ကိုက်သွားလားမသိဘူး ..မောင်ရယ်..

နာလိုက်တာ..." နှုတ်ခမ်းလေး ကို နမ်းပြီး.." အာဘွား...အခုကော..နာသေးလား.."

" မနာတော့ဘူး..မောင်.."

မနီးမဝေး အခြားခုံတန်းရှည်တွင် ထိုင်နေသည့် ပင်စင်စား အဖိုးကြီးက လူငယ်နှစ်ဦး ချစ်ကြည်နူးနေသည်ကို ကြည့်ပြိး

အမြင်မြင်ကတ်ကတ်နှင့် ပြောသည်...။

" ဒီမှာ ငါ့တူ..၊ အဘရဲ့ လိပ်ခေါင်းရောဂါကိုရော..ပျောက်အောင် မကုတတ်ဘူးလား ဟင်.."


                                          " ချူချာဆရာဝန် "


မော်စကို ဆေးကျောင်းမှ ဘွဲ့ ရပြိး ကိုချူချာ မွေးရပ်မြေသို့ ပြန်လာသည် ။ မြို့ နယ်ဆေးရုံတွင် အလုပ်ဝင်သည် ။ တစ်နေ့ 

၎င်းထံလူတစ်ယောက် ရောက်လာပြီးပြောသည် ။

" ဒေါက်တာ...ကျနော့်မိန်းမဟာ မွေးလိုက်တိုင်း နှစ်မွှာပူးချည်း ဖြစ်နေတယ်..၊ ဘာလုပ်ရမလဲ..ကူပါဥိး.."

ကိုချူချာ မှတ်စုစာအုပ်ကို ထုတ်ဖတ်သည် ။ " တကယ်လို့  မိန်းမသည် အမွှာပူးချည်းသာ မွေးပါက ယောင်္ကျားဖြစ်သူ၏

ကပ်ပယ်အိပ်မှ ဥတစ်လုံးကို ဖြတ်ထုတ်ရမည် " ဟု ရေးထားသည်ကို တွေ့ ရသည် ။ သို့ နှင့် ဥတစ်လုံးကို ဖြတ်ထုတ်လိုက်သည် ။

လများမကြာမီ...ကိုချူချာထံ ထိုလူ ပြန်ရောက်လာပြန်သည် ။

" ဒေါက်တာ..ကျနော့်မိန်းမ အမွှာပူး မွေးပြန်ပြီခင်ဗျ..ဘာလုပ်ရမလဲ..အကြံပေးပါဥိး.."

ဒေါက်တာချူချာ..မှတ်စုစာအုပ်ကို ထုတ်သည် ။ " ဥတစ်လုံးကို ဖြတ်ထုတ်ပြီးသော်လည်း အမွှာပူး ဆက်မွေးနေပါက

နောက် ဥတစ်လုံးကို ဖြတ်ထုတ်ပါ " ဟု ရေးထားသည် ။ သို့ နှင့် နောက် တစ်လုံးကို ဖြတ်ထုတ်လိုက်သည် ။

တစ်နှစ်ပင် မကြာသေး ၊ ထိုလူ နောက်တစ်ကြိမ် ရောက်လာပြန်သည် ။

" ဒေါက်တာ..လုပ်ပါဦး..ကျနော့် မိန်းမ အမွှာပူး ထပ်မွေးပြန်ပြီ ခင်ဗျ "

ကိုချူချာ မှတ်စုစာအုပ်ကို ထုတ်သည် ။ ထို့ နောက် အသံထွက် ဖတ်သည် ။

" ဥနှစ်လုံးစလုံးကိုဖြတ်ထုတ်ပြီးသည့်တိုင်အောင် မိန်းမသည် အမွှာပူး ဆက်မွေးနေပါက လူမှားဖြတ်မိပြီ ဟု

သဘောပေါက်ရမည် "


                                         " ရွေးရမယ် ဆိုရင်.."

ဇနီးသည်အတွက် လက်ဆောင်ဝယ်ပေးရန် ကိုချူချာ ဆိုင်အတွင်း ၀င်လာသည် ။

လိုက်ကြည့်သည်..ဘာကိုဝယ်ရမည်နည်းဆိုသည်ကို မည်သို့ မှ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသည် ။ နောက်ဆုံးတွင် အရောင်းစာရေးမကို

အကူအညီ တောင်းသည် ။

" ကျေးဇူးပြုပြီး ကျနော့်ကို ကူညီပါဗျာ....တကယ်လို့ ..ခင်ဗျားသာ ကျနော့် မိန်းမ ဖြစ်မယ်ဆိုရင် ခင်ဗျား ဘာကို ယူမလဲဗျ "

" နောက်ယောင်္ကျား.




                                        " ကိုယ်ချင်းစာကြည့်ပေါ့.."


ဆရာမသည် အတန်းသားများကိုခေါ်ကာတိရိစ္ဆာန်ရုံသို့ သွားသည် ။ တိရိစ္ဆာန်ရုံသို့ ရောက်သည်နှင့်ကလေးများသည် မျောက်

များရှိရာဘက် ပြေးသွားကြသည် ။သို့ သော် မျောက်တစ်ကောင်ကိုမှမတွေ့ ချေ။သို့ နှင့်ဆရာမကတိရိစ္ဆာန်ရုံစောင့်အားအကြောင်းရင်းကို မေးရာ

၎င်းကပြန်ဖြေသည် ။

" ဒီလိုပါ..အခုအချိန်က မျောက်တွေ မိတ်လိုက်တဲ့အချိန်ပါ....အခု..လူသူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ

ဝင်နေကြပါတယ် "

ဆရာမ ရှက်သွေးဖြာသွားသည်..သို့ သော် ၀န်ထမ်းကို ထပ်ပြောသည် ။

" ဟုတ်ကဲ့..ကျမနားလည်ပါတယ်..၊ ဒါပေမဲ့ရှင်..ကလေးတွေကို သနားပါတယ်..၊

သူတို့ ခင်မျာ မျောက်ကို တွေ့ ဖူးချင်ကြလွန်းလို့  ခဏ ခဏ ပူဆာတာနဲ့ ...ကျမ အခု သူတို့ ကိုခေါ်လာတာရှင့်

..ငှက်ပျောသီးတွေ ပစ်ပေးပြီး မြားခေါ်ရင်..သူတို့ ထွက်လာမယ်ထင်သလားရှင်.."


ဝန်ထမ်းက ပြန်ပြောသည် ။

" ကျနော်တော့ သိပ်မထင်ဘူး...ကိုယ်ချင်းစာကြည့်ပေါ့ ဆရာမရယ်..."



                                        " ကလေးအဖေ ဘယ်သူလဲ "

မီးဖွားရာတွင် ခံစားရသော အမျိုးသမီးတို့ ၏ ဝေဒနာကို သက်ဆိုင်ရာ အဖေပါ ဝေမျှ ခံစားစေမည့် ကိရိယာ တစ်ခုကို

ပညာရှင်များတီထွင်လိုက်သည် ။ ဝေဒနာကို ဝေမျခံစားခြင်းဖြင့် ကလေးအပေါ် အဖေဖြစ်သူ ပိုပြီး သံယောဇဉ် တွယ်မည် ၊ ထိုမှတစ်ဆင့်

အိမ်ထောင်ရေး တည်မြဲမှုကို အထောက်အကူပြုမည်ဟု ပညာရှင်များ ယူဆကြသည် ။ ကိရိယာကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည် ။

ရလာဒ် အမှန်ကို ရရန် ရည်ရွယ်ချက်ဖြင့် မီးဖွားတော့မည့် မိန်းမနှင့် ၄င်း၏ ယောင်္ကျားကို လုံးဝ အသိမပေးပဲထားသည်။

သားဖွားခန်းထဲတွင် နေ့ စေ့ရက်စေ့ဖြစ်နေသော အမျိုးသမီးသည် တစ်ညလုံး မခံမရပ်နိုင်သော

နာကျင်မှုဖြင့် အော်ဟစ်နေရသည်။မနက်အရောက်တွင် သားယောင်္ကျားလေးကို မွေးသည် ။ ထိုအကြောင်းကို

ဆရာဝန်က ယောင်္ကျားဖြစ်သူအား ဖုန်းဆက် အကြောင်းကြားသည် ။

စကားမစပ်ဆိုသလို " ညက အိပ်လို့ ရရဲ့ လား...နေထိုင်ကောင်းရဲ့ လား " ဟု ၄င်းကို မေးသည် ။ ယောင်္ကျားက ဖြေသည် ။

" နေလို့ ထိုင်လို့ ကတော့ ကောင်းပါတယ်..ဒါပေမဲ့ .ကောင်းကောင်းမအိပ်ရဘူးခင်ဗျ.."

" ဘယ်လို..ဘယ်လို ..ကောင်းကောင်းအိပ်လို့ မရဘူး..ဟုတ်လား......စိတ်ဝင်စားစရာပဲ....သက်သောင့်သက်သာ မဖြစ်တဲ့

အခြေအနေမျိုး ခံစားရသလား..."

" ဟုတ်တယ်..သက်သောင့်သက်သာ မဖြစ်တာတော့ အမှန်ပဲ.."

" ဟုတ်ပြီ....ဟုတ်ပြီ...တိတိကျကျလေး ပြောပါဗျ...သိပ္ပံ ပညာအတွက် အင်မတန် အရေးကြီးလို့ ပါ..."

" ဘယ်လိုလုပ် သက်သောင့်သက်သာ ဖြစ်နိုင်မလဲဗျာ...တစ်ဘက်ခန်းက လူက ယောင်္ကျားတန်မဲ့  နာတယ်နာတယ် ဆိုပြီး

တစ်ညလုံး အော်နေတာကိုး...ဟင်း...ကလေးမွေးနေတဲ့ အတိုင်းပဲ..."          


               " အပြန်အလှန် ယဉ်ကျေးမှု "

ဧည့်ခံပွဲ တစ်ခုတွင် ၁၅ နှစ်သား လူပျိုပေါက်က မိမိနှင့်တွဲကရန် အမျိုးသမီးအား သွားဖိတ်ခေါ်သည် ။

" ကျနော်နဲ့  တွဲက ပါလားခင်ဗျာ .."

" ကျမ ကလေးနဲ့  မကဘူး "

" တောင်းပန်ပါတယ်..ခင်ဗျား ကိုယ်ဝန်နဲ့ ဆိုတာ ကျနော် မသိလို့ ပါ.."



                                       " သစ္စာ ရှိတဲ့ မိန်းမ "

အမျိုးသမီးတစ်ယောက်က အခြားတစ်ယောက်ကို ပြောသည် ။

" ကျမယောင်္ကျား ကျမကို အမြဲတမ်း သစ္စာဖောက်တယ်....ဟင်း....ကျမကတော့ သူ့ ကို

ခဏ ခဏ သစ္စာရှိလိုက်ရတာ..."




                                          " လုသွားမှဖြင့်.."

ကောင်လေးက ကောင်မလေးကို ပြောသည် ။

" မင်းကို ကိုယ်သိတ်ချစ်တယ်...မင်းကလွဲပြိးဘယ်သူ့ ကိုမှ မချစ်နိုင်ဘူး.သိလား...မင်းကကော

ကိုယ့်ကို ချစ်ရဲ့ လား ဟင် "

" ဗြုန်းစားကြိးဆိုတော့ ဘာပြန်ပြောရမှန်းတောင် မသိပါဘူးရှင်..."

" ဘာမှ မကြောက်ပါနဲ့  အချစ်ရယ်..ဘာလဲ..အချစ်ရဲ့ အမေကို ကိုယ်အရင် ချဉ်းကပ်စေချင်သလား..ပြော.."

" ဟင်အင်း ..ဟင့်အင်း.......ကျမအမေက မုဆိုးမရှင့်..

ရှင့်ကို ကျမ လက်လွတ် မခံနိုင်ဘူး..."


                                         " သဘောတူရင် ဖြစ်ပါတယ်.."


ပြောစကား နားမထောင်သော တပည့်ကို ဆရာမက ပြောသည် ။

" ပီတာ...ဆရာမလေ..မင်းရဲ့ အမေ သုံးရက်လောက် ဖြစ်လိုက်ချင်တယ်..

အဲ့ဒါဆို ..မင်းဟာ လူကောင်းလေး တစ်ယောက်ဖြစ်သွားမှာ..သေချာတယ် .."

" ကောင်းပြီလေ..

ကျနော့် ဖေဖေကို ပြောကြည့်မယ်..သူ သဘောတူကောင်း တူပါလိမ့်မယ်..."




                                           " နားမလည်နိုင်ဘူး "

" ဖေဖေ....ဖေဖေဘာဖြစ်လို့  မေမေ့ကို လက်ထပ်ခဲ့တာလဲ..ဟင်." ဟု သားငယ်ကမေးရာ အဖေဖြစ်သူက

ဇနီးဘက် လှည့်ပြီး ပြောသည် ။

" ကြားတယ်မဟုတ်လား...ငါ့ ရဲ့  အပြုအမူကို ကလေးတောင် နားမလည်နိုင်ဘူး "


                                         " ၀ဋ်လည်ပြီ "


ထုံးစံအတိုင်း ယောင်္ကျားဖြစ်သူ အချိန်စောပြီး အိမ်ပြန်ရောက်လာသည် ။ အခန်းထဲတွင် လင်ငယ် ရှိနေသည် ။

မိန်းမဖြစ်သူကအမှိုက်ပုံးကို လက်ထဲကိုင်ပြီး တံခါးဖွင့်ပေးသည် ။

" မောင်ရယ်...အ၀တ်အစားမလဲခင်..ဒီအမှိုက်ပုံးကို သွားသွန်ပေးပါလား ကွယ် .နော်.."

အမှိုက်ပုံးကို မိန်းမ လက်ထဲမှယူပြီး ယောင်္ကျား အပြင်သို့  ထွက်သွားသည် ။ ထိုအချိန်တွင်လင်ငယ်က ပြတင်းပေါက်မှကျော်

ကာ ခြေကုန်သုတ်သည် ။ " တော်တော် ဖြတ်ထိုး ဥာဏ် ကောင်းတဲ့ မိန်းမပဲ " ဟု လည်းစိတ်ထဲက ချီးကျူးသည် ။

မိမိအိမ်သို့  ပြန်ရောက်လာပြီး တံခါးခေါက်သည် ။ မိန်းမက တံခါးဖွင့် ပေးသည် ။ သူမ၏ လက်ထဲတွင်လည်း အမှိုက်ပုံးကို

ကိုင်ထားသည် ။ သူမ၏ လက်ထဲမှ အမှိုက်ပုံးကို ဆွဲယူပြီး အမှိုက်သွန်သည့် နေရာသို့  သွားသည် ။ နှုတ်မှလည်း တကိုယ်တည်း

မကျေမနပ် စကားပြောသည်။

" တော်တော် အသုံးမကျတဲ့ မိန်းမ..အိမ်မှာ တစ်နေ့ လုံး ရှိနေပါလျှက်နဲ့  အမှိုက်ပုံးတောင် မသွန်အားဘူး..."




                                           " ကြာလေကောင်းလေ..."

" မိန်းမကလဲကွာ...ဘာဖြစ်လို့  ငိုနေရတာလဲ...မောင် အခု သွားမဲ့ခရီးက ၁၀ နှစ် ခရီးမှ မဟုတ်ဘဲ

တစ်လကြာရင် ပြန်လာမဲ့ဟာ.."

" ရှင့်အကြောင်း ကျမ မသိတာမှ မဟုတ်တာ..တစ်လပြောပြီး..နောက် သုံးရက်လောက်နေရင် ပြန်လာမှာ

မဟုတ်လား...."


                                            " အကြောင်းရင်း "


" ကျမ ယောင်္ကျားနဲ့  ကွာရှင်းချင်တယ်..၊ ကိုယ့်အိုးကိုယ်အိမ်နဲ့  ကိုယ့်မိသားစု အပေါ် သူ လုံးဝ

စိတ်ဝင်စားမှု မရှိတော့ဘူး...၊ အခု နောက်ဆုံးမွေးတဲ့ ကလေးတောင် သူ့ ကလေး မဟုတ်ဘူး...."



                                           " ဖြစ်တတ်ပါတယ်..."

ယောင်္ကျားဖြစ်သူ အိမ်သို့ စောပြီး ပြန်ရောက်လာသည် ။ အိမ်ရှေ့  ၀ရန်တာတွင် လင်ငယ် ရှိနေသည် ။ လင်ငယ်က အသံကို

ပုံမှန် ဖြစ်အောင်ထိန်းပြီး ပြောသည် ။

" ကျနော်..လေထီးနဲ့ ခုန်ဆင်းလာတာ..လေကြောင်းပြောင်းပြီး..ခင်ဗျားအိမ် ၀ရန်တာမှာ လာကျတယ်ဗျာ..."

" ဒါမျိုးဖြစ်တတ်ပါတယ်..မနေ့ ကတောင် ရေနံ ရှာဖွေနေတဲ့ ဘူမိဗေဒ ပညာရှင်ကို ကျုပ်ရဲ့  အိမ်သာထဲမှာ တွေ့ ရသေးတယ် "

                                       " မပြောတော့ပါဘူး .."


ပြတိုက်သို့  လေ့လာရေးခရီး သွားရောက်ခဲ့ကြပြီးနောက် အတန်းသူ အတန်းသားများကို ဆရာမက မေးသည် ။

" ပြတိုက်ထဲမှာ ဘာကို အကြိုက်ဆုံးလဲ...နီကိုလိုင် ဖြေစမ်း.."

" ဗီးနပ်စ် အလှဘုရင်မရဲ့  ရုပ်တု ပါ.."

" ရုပ်တုရဲ့  ဘယ်အပိုင်းကိုလဲ..."

" ရင်သားပါ "

" ဟေ့..အခန်းထဲက ခုချက်ချင်း ထွက်သွားစမ်း.."

" ကိုင်း..အီဗန် မင်းကကော ဘာကို အကြိုက်ဆုံးလဲ.."

" ဗီးနပ်စ် ရုပ်တု ပါပဲ "

" ဘယ်အပိုင်းကိုလဲ.."

" တင်ပဆုံပိုင်းပါ.."

" ဟေ့..အခန်းထဲက ခုချက်ချင်း ထွက်သွားစမ်း.."

" ကိုင်း မောင်ပီတာ..မင်းကော ဘာအကြိုက်ဆုံးလဲ.."

" မပြောပါရစေနဲ့ ဆရာမ...ကျနော် အခန်းထဲက အခုပဲ ထွက်သွားပါမယ်.." 


                                         " သားလဲ လိုချင်တယ်."


အဖေ နှင့် အမေ အိပ်ယာထဲ ၀င်သည် ။ ပီတာလေး အခန်းအပြင်မှ ခိုးပြီး နားထောင်သည် ။

" မောင်....ကျမ သမီးလေး လိုချင်တယ်..ရှင့်.."

" သမီးလေး လိုချင်ရင် သမီးလေး ရစေမှာပေါ့ကွာ.."

ပီတာလေး အခန်းထဲ ပြေးဝင်လာသည် ။

" ကျနော့်အတွက်..ဒါးရှည် တစ်ချောင်း ၊ သေနတ် တစ်လက် နဲ့  စက်ဘီး တစ်စီး.."

                                         " တစ်ခုတည်းပဲ "



တောသူမလေး တစ်ယောက် ပေါက်ပြားတစ်လက်နှင့် ခြံထဲတွင် မြေကြီး တူးဆွ နေသည် ။

ရုတ်တရက် ပေါက်တူးဖြင့်မာသော အရာတစ်ခုကို ပေါက်မိသည် ။ သေသေချာချာ ကြည့်ရာ ရှေးခေတ် အီဂျစ် ဖာရော့ ဘုရင်တစ်ဦး ၏

အခေါင်း ဖြစ်နေသည် ။ အခေါင်းရဲ့ အဖုံးကို အားနှင့် တွန်းဖယ်လိုက်သည် ။ " တူတန်ဟာမိုနီ " ဖာရော့ဘုရင်ကိုယ်တိုင် ဖြစ်နေတာကို

အံ့အားသင့်စွာ တွေ့ ရသည် ။ ဖာရော့ ၏ မျက်နှာမှာ ငယ်ရွယ်ပုံပေါက်ပြီး အင်မတန် ချောသည် ။ အသက်ရှင်နေသူ တစ်ဦး

အိပ်ပျော်နေသလို ဖြစ်သည် ။ တောသူမလေး ဖာရော့ကို သနားသွားသည် ။ မျက်လုံးမှ မျက်ရည်စက်အချို့  အလောင်းပေါ် ကျသွားသည် ။

ထိုစဉ် ..ထူးဆန်းအံ့သြဖွယ်ရာ တစ်ခု ဖြစ်လာသည် ။ ဖာရော့ဘုရင် အသက်ပြန်ရှင် လာခြင်းပင် ...။

ဖာရော့ဘုရင်က ပြောသည်။

" မင်းဟာ..အင်မတန် ရဲရင့်ပြီး ကြင်နာတတ်တဲ့ မိန်းခလေးပဲ..ဒီလို သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် မင်းကို ငါ ဘယ်လို

ကျေးဇူးဆပ်ရမလဲ ..ပြော...၊ မင်းရဲ့  လိုအင် ၁၀ ခုကို ငါ ဖြည့်ဆည်းပေးမယ် ဆိုရင်ရော..မင်း ကျေနပ်မလား.."

တောသူမလေး ရှက်စနိုးနှင့် ပြန်ဖြေသည် ။

" လိုအင် ၁၀ ခု ဆိုတာ အများကြီးပဲ..လိုအင် တစ်ခုတည်း ဆိုရင်လည်း ဖြစ်ပါတယ်..

ဒါပေမဲ့..၁၀ ကြိမ် ဖြည့်ဆည်းပေးနော်..."

ခုနှစ်ကြိမ်မြောက်တွင် ဖာရောဘုရင် အသက် ပြန်ထွက်သွားသည် ။      
                 
                                           " မေ့နေပြီ..."



ဂျင်းဘောင်းဘီတိုတို ၀တ်ထားသော မိန်းမချောလေး၏ မော်တော်ဆိုင်ကယ် လမ်းတွင် ပျက်သွားသည် ။ ပင်စင်စား

အဖိုးကြိး နှစ်ဦးက အကူအညီပေးသည် ။ ၁၀မိနစ်အတွင်း မော်တော်ဆိုင်ကယ် ပြန်ကောင်းသွားသည် ။

" အန်ကယ် တို့ ကို ကျမ ဘယ်လို ကျေးဇူးဆပ်ရမလဲ....ပိုက်ဆံယူ မလား...ဒါမှမဟုတ်

ဘောင်းဘီ ချွတ်ပေးရမလား...ကြိုက်တာပြောပြောနော်..အားမနာနဲ့  "

" ပိုက်ဆံ ပဲပေးပါ "

ပိုက်ဆံကို လက်ခံယူပြီးနောက်..နှစ်ယောက်သား ဘေးနားသွားကာ စားမြုံ့ ပြန်ကြသည် ။ တစ်ယောက်က ပြောသည် ။

" ပိုက်ဆံပဲ ယူဘို့  ကျုပ်တို့ ဆုံးဖြတ်လိုက်တာ မှန်တယ်ဗျ..၊ ခင်ဗျားပဲ စဉ်းစားကြည့် .

သူ့ ဘောင်းဘီက ခင်ဗျားအတွက်ဆို ငယ်နေမယ်..ကျုပ်အတွက်ကျ ကြီးနေမှာဗျ.."            


                                          " ကြည့်ချင်ဦး.."



ဘတ်စ်ကားပေါ်တွင် ဖြစ်သည် ။ အဖိုးကြိးတစ်ဥိး ၏ ရှေ့ တွင် အမျိုးသမီးငယ် တစ်ဦးသည် မိမိ၏ လှပသော ခြေထောက်

နှစ်ဖက်ကို အဖိုးကြီး မြင်သာအောင် ထိုင်နေသည် ။ အဖိုးကြီးက ပြောသည် ။

" မင်းရဲ့  စကပ်ကို ဒီ့ထက် ပိုပြီး မတင်ပေးမယ် ဆိုရင် တစ်သောင်းပေးမယ်.."

အမျိုးသမီးငယ်က မ တင် ပေးလိုက်သည် ။ ငွေတစ်သောင်းကိုလည်း တစ်ဆက်တည်း တောင်းယူလိုက်သည် ။ မျက်နှာကို

ခပ်ပြုံးပြုံးလေး လုပ်ရင်း အမျိုးသမီးငယ်က ဆက်ပြောသည် ။

" အန်ကယ်လ် နောက်တစ်သောင်း ထပ်ပေးရင် ကျမ အူအတက်ပေါက်လို့  ခွဲစိတ်တဲ့ နေရာကို ပြမယ် .."

အဖိုးကြီး ၀မ်းသာအားရ ငွေတစ်သောင်း ထပ်ပေးလိုက်သည် ။ အမျိုးသမီးငယ်က ဟက်ဟက်ပက်ပက် ရယ်မောရင်း

ကားပေါ်မှ အဆောက်အဦး တစ်ခုကို ညွှန်ပြသည် ။ အဖိုးကြီး ကြည့်သည် ။

မြို့ နယ်ဆေးရုံကြီး ဖြစ်နေလေသည် ။



   " အငှားချလိုက်မယ် "


လယ်သမားတစ်ဦးသည် လယ်ကွက်တစ်ကွက်ကို အငှားယူကာ ဂျုံစိုက်သည် ။ နံနက်ခင်းမှ ညနေမိုးချုပ်သည်အထိ လယ်ကွင်း

ထဲမှာ အချိန်ကုန်သည် ။ အလုပ်ထဲသာ အာရုံစိုက်နေသဖြင့်..ဇနီးဖြစ်သူကို မေ့နေသည် ။

တစ်ည အိပ်ယာမှ လန့် နိုးသည် ။ ၄င်း ၏ လက်တစ်ဖက်သည် ဇနီးသည်၏ အနူးညံ့ဆုံ နေရာကို သွားထိနေသည် ။

" လယ်ကွင်းထဲမှာချည်း ထွန်မနေနဲ့ ...အိမ်မှာလဲ ထွန်ဦး..နို့ မဟုတ်ရင် ..ကျမလဲ အငှားချထား လိုက်တော့မယ်..."




                                      " ဘယ်ရွာက ပါလိမ့် "


တောရွာတစ်ရွာ၏ ပိန်းပိတ်အောင် မှောင်နေသည့် ညတစ်ည ဖြစ်သည် ။ အရက်သမား တစ်ဦး အမူးလွန်ပြီး

လမ်းဘေးတွင်လဲနေသည် ။ ထိုအချိန် အမျိုးသမီး သုံးဥိး ဖြတ်လျှောက် လာသည် ။

" ဟေ့ ....ငါတို့ ယောင်္ကျားများ ဖြစ်နေမလား..." တစ်ယောက်က လက်ဖြင့် စမ်းသည် ။

" ကျမ ယောင်္ကျား မဟုတ်ဘူး ရှင့်.." နောက်တစ်ယောက် စမ်းပြန်သည် ။

" ကျမ ယောင်္ကျားလည်း မဟုတ်ဘူးရှင့် " နောက်ဆုံးတစ်ယောက် စမ်းသည် ။

" ကျမတို့  ရွာက မဟုတ်ဘူးတော့...."



                                 " အစွမ်းထက်တဲ့ဆေး "



ယောင်္ကျားဖြစ်သူသည် မိမိ၏ လိုအင်ကို အပြည့်အ၀ မဖြည့်ဆည်းနိုင်ကြောင်း.အမျိုးသမီးက ဆရာဝန်ကို ပြောသည် ။

ဆရာဝန်ကဆေးပြားအချို့ ကို ပေးသည် ။

" ဆေးပြားတစ်ပြားကို အစာစားတဲ့အခါ အစာထဲကို ထည့်လိုက်ပါ..၊ အခြေအနေ ကောင်းလာပါလိမ့်မယ်.."

အိမ်ပြန်ရောက်သောအခါ..အမျိုးသမီးက စဉ်းစားသည် ။

" တစ်ပြား အစား သုံးပြား ထည့်လိုက်ရင် ပိုအစွမ်း ထက်မှာပဲ "

သို့ နှင့်အပြန်လမ်းက ၀ယ်လာခဲ့သော ခေါက်ဆွဲကြော် ပန်းကန်ထဲသို့  ဆေးပြား သုံးပြားကို ထည့်လိုက်သည် ။ ယောင်္ကျားကို

လာစားရန် ခေါ်လိုက်ပြီးမိမိ ကိုယ်တိုင်ကမူ အိပ်ခန်းထဲဝင်သွားပြီး ယောင်္ကျားဖြစ်သူ မည်သည့်ပုံစံဖြစ်လာမည်လဲ..စဉ်းစားပြီး

ရင်ခုန်စွာ စောင့်စားနေသည် ။ မကြာမီထမင်းစားခန်းထဲမှ ကျယ်လောင်စွာ ရယ်မောသံကို ကြားရသည် ။

" ကိုချူချာ...ရှင် ဘာဖြစ်လို့  ရယ်နေရတာလဲ..တော့်.."

" ခေါက်ဆွဲတွေ ထောင်နေတာကို ဒီတစ်ခါပဲ..မြင်ဘူးလို့ ဟေ့..."
အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒန်းမြို့က ဈေးကြီးကြီး ဟိုတယ်တစ်ခုကို ရောက်ခိုက် ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ဂိုပါးလ်တို့ဟာ ဂျာဗာရိုးရာ ဂီတကို သာယာနာပျော်ဖွယ် တီးမှုတ်နေတဲ့ တီးဝိုင်းတစ်ခုရဲ့ ဖျော်ဖြေမှုကို ခံစားနေခဲ့ကြသည်။

တီးဝိုင်းအဖွဲ့သားတစ်ယောက် ပလွေမှုတ်နေတာကြည့်ပြီးတော့ ဂိုပါးလ်က

"သူက ပလွေအပေါက်တွေကို ဘာလို့ လက်နဲ့ ပိတ်ပိတ်ထားရတာလဲ " လို့ မေးလိုက်တယ်။ ကျွန်တော်က

" လေမထွက်အောင်လို့ပေါ့ကွာ " လို့ ဖြေလိုက်တယ်။ အဲဒီမှာ သူပြန်မေးလိုက်တာက

" ဒါဖြင့်ရင် ဒီအပေါက်တွေကို အစက ဘာလို့ ဖောက်ထားရတာတုံး " တဲ့။

ဦးလေး။ ငါ့တူ မိဘတွေရဲ့ အရိပ်နဲ့ ချစ်သူအရိပ် ဘယ်ဟာက ပိုလုံခြုံမှုရှိသလဲ။

တူ။ မိဘရဲ့ အရိပ်ပေါ့ဗျာ။

ဦးလေး။ ဘာကြောင့် ပိုလုံခြုံရတာလဲ။

တူ။ ချစ်သူက တစ်ယောက်တည်းရယ်၊ မိဘက နှစ်ယောက်လေ။ 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း