ဇာတ်ကောင်




ဇာတ်ကောင်

ရှည်လျားလှတဲ့ ပြဇာတ်ထဲ
တို့တတွေ ဘဝက တိုတိုလေးရယ်…
နဲနဲနဲ့ ကျဲကျဲပဲမို့
အလုအယက်ပဲ သရုပ်ဆောင်ခဲ့မိတယ်…
တစ်ခါတစ်ခါ အမူအယာတွေထပ်လို့
တစ်ခါတစ်ခါ အလိမ်အညာဇာတ်မို့
ချစ်လိုက်၊ မုန်းလိုက်၊ မုန်းလိုက် ချစ်လိုက်နဲ့
ပြုံးပြီးရင် မဲ့ရတာမို့
မုန်းပြီးရင် ပြုံးမပြချင်ဘူး…
နေသိပ်ပူရင် ရေနွေးလေးပဲသောက်ပါ
ဆန့်ကျင်ဘက်တွေ သိပ်မလုပ်နဲ့
ရေဆန်ကို လက်ပစ်ကူးတိုင်း
ပန်းတိုင်ကို ရောက်သွားတာမှ မဟုတ်တာ…
ဘဝက သိပ်တိုလွန်းတော့
အချိုရှာတိုင်း အခါးတွေမြိုနေရတယ်…
ငိုချင်လည်း ပြုံးနေတတ်တော့
လိုချင်လည်း ရှုံးနေတတ်တော့
ဟန်ဆောင်သား ကျသွားပုံများ
ခုဆိုရင် အခါးတွေတောင် ချိုလို့…။

(၂၇.၂.၂၀၁၆ နံနက် ၅း၅၁မိနစ်)
(ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward