တစ်သွေး၊ တစ်သံ၊ တစ်မိန့်
တစ်သွေး၊
တစ်သံ၊ တစ်မိန့်
တစ်ခါက စစ်တပ်ဆေးခန်းတစ်ခုမှာ လူနာစစ်သားတွေ
ကိုယ်လုံးတီး တန်းစီနေကြရသည်။ စစ်တပ် ဆရာဝန်က စာအုပ်ကြီးသမားဖြစ်၍ ဆေးခန်းထဲရောက်သည်နှင့်
အဝတ်အစားအားလုံးချွတ်ကာ စစ်ဆေးတတ် သူ ဖြစ်သည်။ ယခုတလော နေ့စဉ် လူနာများနေ၍ ဆေးခန်းထဲရောက်မှ
အဝတ်အစားချွတ်ရသောကြောင့် အချိန်ကြန့်ကြာသည်။ နှောင့်နှေးသည်ဟု ယူဆသောကြောင့် အလှည့်ကျတန်းစီနေစဉ်ကတည်းက
ချွတ်ခိုင်း ထားခြင်းဖြစ်သည်။ လူနာတပ်သားတစ်ယောက်က နောက်မှာရှိနေသည့် ရဲဘော်ထံသို့လှည့်၍
တီးတိုးညည်း သည်။
“
ငါက ငှက်ဖျားတက်တက်နေလို့ လာပြတာကွ၊ ခုလိုကြီး အင်္ကျီချွတ်ထားရတော့ ပိုဆိုးတော့မယ်ထင်တာပဲ၊
ခုတောင် ချမ်းလာပြီ ဂတ်…ဂတ်…”
“
ထိန်းထားပါဦးကွ၊ မင်းအလှည့်ရောက်တော့မှာ၊ ငါက ပိုဆိုးတာပေါ့ကွ၊ သွားကိုက်လို့ လာပြပါတယ်၊
ဘာကိစ္စ အဝတ်အစားတွေ ချွတ်ထားရမှန်း နားကိုမလည်ဘူး၊ လေပါတယ်ကွာ…”
အားကျမခံ
ညည်းတွားပြနေသည့် တပ်သားစကားအဆုံး နောက်တစ်ယောက်က ထပ်ညည်းသည်။
“
ခင်ဗျားတို့က တော်ပါသေးတယ်ဗျာ၊ ကိုယ့်ရောဂါနဲ့ကိုယ် ဆိုတော့၊ ကျွန်တော်က ကြေးနန်းလာပို့တာဗျ၊
ဆရာဝန်ကြီးတွေ့ဖို့ တန်းစီမှတဲ့ဗျာ၊ အဝတ်အစား မချွတ်ရင်လည်း တန်းစီတဲ့အထဲ ဝင်ရပ်လို့လည်း
မရဘူး ဆိုတော့ … တော်သေးတာပေါ့ဗျာ ကိုယ့်တပ်သားအချင်းချင်းဆိုတော့… ဟီးဟီး…”
၎င်းနောက်တွင်
ကပ်၍ တန်းစီနေသည့် အိမ်ထောင်ကျကာစ တပ်သားလေး“ဖြိုးမောင်”မှာမူ နှုတ်ဆိတ်နေ သည်။
“ရဲဘော်
တိတ်လှချည်လား၊ ဘာဖြစ်လို့လဲဗျ …”
“
ဘာမှ မဖြစ်ပါဘူးဗျာ…”
ရဲဘော်လေးထံမှ
ညောင်နာနာသံလေး ထွက်လာသည်။
“
ဘာမှ မဖြစ်ဘဲ ဘာလို့တန်းစီနေတာတုန်း၊ ဒီလိုပုံ ဖြစ်နေတာကို ရှက်လို့လားဗျ။ ကျွန်တော်တို့က
တစ်သွေး၊ တစ်သံ၊ တစ်မိန့်အောက်မှာ နေကြတဲ့သူတွေပဲဗျာ၊ မရှက်စမ်းပါနဲ့ဗျ၊ ခင်ဗျားရောဂါက
ဘာတဲ့တုန်း…”
“
ဖြစ်တာက ကျွန်တော် မဟုတ်ဘူးဗျ၊ ကျွန်တော့် အမျိုးသမီးဖြစ်တာ …”
“ဟေ
…”
“
သူ့အလှည့်ရောက်ဖို့ကလဲ တန်းစီမှဗျ၊ တန်းစီဖို့ဆိုတာကလဲ…၊ အဲ..အဲဒါ ကျွန်တော်က သူ့အစား
ဝင်ရပ်ပေး တာ…”
“
မြတ်စွာဘုရား …၊ ဒါများကွာ တစ်ခြားသွားပြပေါ့ကွ၊ ရောဂါကြီးသလား …”
“
ရောဂါကြီးတယ်၊ သေးတယ်လဲ မဟုတ်ပါဘူး၊ ဒါပေမယ့် သွေးတော့ထွက်နေတယ်…”
“
အရေးပေါ်ပေါ့ …ဘာနဲ့ ခိုက်မိတာတုန်း…”
“
ဓားရှတာ၊ ကြက်သွန်လှီးရင်း ဓားရှတာဗျ…”
“
ငိ…”
(သေစမ်း
ဖတ်တဲ့လူတွေ၊ အဲလေ ရပ်ကွက်လူကြီးနဲ့ ဆယ်အိမ်ခေါင်းတွေ)
(Facebook မှ ဟာသတိုလေးကို
ပွားထားခြင်းဖြစ်ပါသည်။ မူရင်းရေးသားသူအား ကျေးဇူးတင် လေးစားစွာဖြင့် Credit)
Comments
Post a Comment