ဒိုင်ယာရီ ငါးဆယ့်နှစ်
ဒိုင်ယာရီ
ငါးဆယ့်နှစ်
မပြီးသေးတဲ့
ကဗျာတစ်ပုဒ်
ငါရေးထုတ်တယ်
ငါးဆယ်နှစ်အုပ်မြောက်
ဒိုင်ယာရီ…
နောက်ဆုံးစာမျက်နှာ
အက္ခရာတွေ
သွန်ကျဲရင်း
မနက်ဖြန်ဆိုတဲ့
စာမျက်နှာသစ်တွေ
လှန်ခဲ့ရပေါင်းလည်း
များပြီ …
လေပြင်းတွေ၊
လေညင်းတွေနဲ့
လမ်းခယောင်းလည်း
ပန်းဖယောင်းမဟုတ်တဲ့
ခြေဗလာနဲ့လျှောက်လို့
ပန်းခင်းလမ်းလည်း
ရနံ့သင်းတဲ့
ရွှေအိုရောင်တွေတောက်လို့
ငါစိုက်တဲ့အပင်တွေထဲ
အဆိပ်ပင်တစ်ပင်မှ
မပါဘူး
အသီးမလှရင်တောင်
အရိပ်ရမယ့် အပင်တွေပေါ့…
ကောဖီဘယ်နှစ်ခွက်
သောက်ခွင့်ရှိသလဲ
ငါမသိဘူး
စာမျက်နှာသစ်
ဘယ်နှစ်ရွက်
လှန်ခွင့်ရှိမလဲ
ငါမသိဘူး
မိုးမြေမဆုံး
စိတ်ကူးတွေနဲ့
ဒီနေ့အထိ
ငါ့ဒိုင်ယာရီ
ပြုံးပြီးဖတ်ဖို့
ကောင်းနေတုန်း…
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(ရှဥ့်ညိုလေး၏ နှလုံးသားသစ်သီးများမှ/)
Comments
Post a Comment