"စာရေးသူများ" page အတွက် အဖွဲ့ဝင်သစ် ဖိတ်ခေါ်ခြင်း


"စာရေးသူများ" page အတွက် အဖွဲ့ဝင်သစ် ဖိတ်ခေါ်ခြင်း
*-*-*-*-*-*-*-*-*-*-*-*-*

၁။ စာရေးသူများ page ကို စာရေးခြင်းတွင် ဝါသနာ တူညီ၍ အစဉ်တစိုက် လုပ်လိုကြသော စာပေမောင်နှမများဖြင့် မိသားစုအသွင် ဖွဲ့စည်းထားပြီး ရည်ရွယ်ချက်တူ၊ ဝါသနာတူ စာရေးသူများ ကို အဖွဲ့ဝင်အသစ်များ အဖြစ် ရွေးချယ်လက်ခံလိုပါသည်။

၂။ "စာရေးသူများ" အဖွဲ့ဝင်တို့၏ မူလရည်ရွယ်ချက်ထဲတွင် တစ်ဦးနှင့်တစ်ဦး စာရေးဖြစ်အောင် လှုံဆော်ပေးရန်၊ အပြုသဘောဆောင်ဝေဖန်ထောက်ပြရန်၊ မိမိရေးသားထားခဲ့သော စာများကို တခြားသော စာရေးစာဖတ်ဝါသနာပါသူများပါ ဖတ်ခွင့်ရစေရန်၊ အကျိုးအမြတ်မပါပဲ စေတနာရည်ရွယ်ချက်ဖြင့် လွတ်လပ်စွာဝေမျှရန် တို့ပါ ပါဝင်ပါသည်။ သို့ဖြစ်ပါ၍ သဘောထားတူပြီး၊ အတူပူးပေါင်းလိုသော ဆရာ / ဆရာမများ ကို အဖွဲ့ဝင်သစ်အဖြစ် လှိုက်လှဲစွာကြိုဆိုလိုပါသည်။



၃။ စာရေးသူများအဖွဲ့တွင် ပါဝင်သော ဆရာ/ဆရာမ တစ်ဦးစီသည် ပုံနှိပ်ဖော်ပြခြင်းခံရပြီးသောစာမူဖြစ်စေ၊ တခြားပုံမနှိပ်ရသေးသော စာမူဖြစ်စေ (စကားပြေများ- ဝတ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ စာစု အစရှိသည်) တို့ကို တစ်လလျှင် နှစ်ပုဒ် သို့မဟုတ် နှစ်လလျှင် သုံးပုဒ်ခန့် အချိန်ဇယားအတိုင်း အလှည့်ကျ တင်ရမည် ဖြစ်ပါသဖြင့် ကိုယ်တိုင်ရေးစာမူ တစ်ချို့ အဆင်သင့်ရှိနှင့်ပြီး၊ စာမူများ ဆက်လက်ရေးသားနိုင်သူများသာ ပါဝင်ရန်အဆင်ပြေပါသည်။ (အဖွဲ့ဝင် ဖြစ်ပြီးပါက အဆင်ပြေအောင် ညှိနှိုင်းနိုင်ပါသည်။)

*မှတ်ချက်- ကဗျာ မပါ။

၎။ စကားပြေ ရေးသားရာတွင် လိုက်နာရမည့် ရေးထုံးများကို လိုက်နာပြီး မိမိ၏ စာကို မိမိတာဝန်ယူကြရပါမည်။

၅။ စိတ်ပါဝင်စားသော ဆရာ/ဆရာမများ အနေဖြင့် မိမိကိုယ်တိုင် ရေးသားထားသော နှစ်သက်ရာ စာမူတစ်ပုဒ်ကို "အဖွဲ့ဝင်သစ်စာမူ" ဟု ထိပ်ဆုံးတွင် ရေးသားပြီး ခေါင်းစဉ်၊ ကလောင်အမည်တို့ကို သိသာထင်ရှားစွာ ဖော်ပြ၍ (၁၃၊ ၃၊ ၁၆) ရက် နောက်ဆုံးထားပြီး page ၏ write post တွင် တင်ပေးစေလိုပါသည်။

၆။ အဖွဲ့ဝင်တို့၏ သဘောတူညီချက်ဖြင့် ရွေးချယ်ခြင်းခံရသော 'ဧည့်သည်တော်အဖွဲ့ဝင်သစ်" ၏ ရွေးချယ်ခံစာမူအပါအဝင် သုံးပုဒ်တိတိကို page တွင် "ဧည့်သည်တော်၏ စာမူ" အဖြစ် အလှည့်ကျ တင်သွားပါမည်။

၇။ သုံးပုဒ် တင်ပြီးနောက် အဖွဲ့ဝင်အများစုက 'အဖွဲ့ဝင်'အဖြစ် လက်ခံမည်ဟု ဆုံဖြတ်ပါလျှင် 'အမြဲတမ်း အဖွဲ့ဝင်သစ်" ဖြစ်လာမည် ဖြစ်ပါသည်။

၈။ ဧည့်သည်တော် အဖွဲ့ဝင်သစ်ကို နောက်ဆုံးရက်မှ နောက်ထပ်တစ်ပတ်အကြာတွင် ကြေငြာအကြောင်းကြားပေးသွားပါမည်။

                                                                                                            လေးစားစွာဖြင့်
                                                                                                                                  စာရေးသူများ

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း