Posts

Showing posts from October, 2022

ရင်တွေခုန်ဆဲပါ

Image
ရင်တွေခုန်ဆဲပါ                ဒီနေ့ မြဝတီမဂ္ဂဇင်းစာအုပ်လေး လက်ဆောင်အဖြစ် အိမ်ကိုရောက်လာပါပြီ။ မဂ္ဂဇင်း ဝတ္ထုရှည်အဖြစ်ရည်ရွယ်ပြီး အရပ်ဇာတ်ဆိုတဲ့ ဇာတ်လမ်းလေးကို (၂၀၂၀)မှာ စရေးဖြစ်ပါတယ်။ (၂၀၂၁)မှာ ကွာရန်တင်းထွက်တော့ လက်စသပ်ဖြစ်ပါတယ်။ (၂၀၂၂)မှာ မြဝတီမဂ္ဂဇင်းတိုက်ကို မေးလ်နဲ့ပို့လိုက်ပါတယ်။ အခုတော့ အောက်တိုဘာ (၃၁)မှာ လက်ဆောင်အဖြစ် ရောက်လာရော။ ဘာပဲပြောပြော အောက်တိုဘာဟာ ချစ်စရာကောင်းတယ်လို့ ခင်ဗျားကို ကျွန်တော်ပြောချင်ပါတယ်။ စာတိုက်ကရောက်လာတဲ့ မဂ္ဂဇင်းစာအုပ်လေးတိုင်းဟာ ရည်းစားဦး ပါးကိုနမ်းတုန်းကအတိုင်း ကျွန်တော့်ကို ရင်ခုန်စေတုန်းပါပဲ။ ဒီဖီလင်ကို ရည်းစားတောင် မထားဖူးတဲ့ (Single is the Best!) သမားတွေ မသိပါဘူး။ ရှဉ့်ညိုလေး (၃၁.၁၀.၂၀၂၂)

လောကသာရပျို့

Image
လောကသာရပျို့ ၉။ စတုဒိသာ၊ လေးမျက်နှာမှ၊ ရောက်လာအများ၊ ပုဏ္ဏားရဟန်း၊ ဆွမ်းပန်းချို့တဲ့၊ ရိက္ခာမဲ့ကို၊ ဆည်းခဲ့ဥစ္စာ၊ အိမ်လှောင်ခါ၌၊ လွယ်ကာထားယူ၊ ထိုသသူကို၊ လိုသူမှတ်သား၊ သနားမြတ်လည်း၊ ဝတ်စားပေး၍၊ ကျွေးမွေးထံရင်း ငြိမ်းစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

ကျွန်တော်နှင့် ပုံပြောကောင်းသူများ

Image
ကျွန်တော်နှင့် ပုံပြောကောင်းသူများ ဝတ္ထုအမည် = ကျွန်တော်နှင့် ပုံပြောကောင်းသူများ အမျိုးအစား = အက်ဆေး ကလောင်အမည် = ရှဉ့်ညိုလေး ပုံနှိပ်ဖော်ပြသည့် မဂ္ဂဇင်း = ဇေယျာစာပေဘဏ်တိုက် မဂ္ဂဇင်း (အမှတ် ၄၊ အောက်တိုဘာလ ၂၀၂၂၊ စာမျက်နှာ ၇၄)

သူဇာပျို့

Image
သူဇာပျို့ ၈။   ထိုမူဆိုးအား ၊ နဂါးနတ်ရှင်၊ မြင်လျှင်လူယောင်၊ ဆောင်၍စိတ်စေး၊ ကြောင်းရာမေး၏၊ မနှေးသာကြည်၊ ဇေယျပြည်က၊ လာသည်ကြောင်းကို၊ မုဆိုးဆိုလျှင်၊ ထိုဇေယျမည်၊ ကိုယ်တို့ပြည်ဝယ်၊ ရွာသည်အနှံ့၊ မိုဃ်းမှန်စံ့ဟု၊ ပျံ့ပျံ့သာလေး၊ မေးလျှင်ဆောလျင်၊ ထိုကန်တွင်ကြောင့်၊ နတ်ရှင်နာဂ၊ ဘုန်းတေဇဖြင့်၊ သွန်းချချိန်တန်၊ မိုဃ်းမှန်သောကြောင့်၊ အနှောင့်ဒေါသ၊ ဝပြောကြဟု၊ မြွက်ဟဆိုလျှင်၊ ထိုနတ်ရှင်ကို၊ အကြင်သသူ၊ သေကြောင်းမူအံ့၊ ထိုသူယုတ်အား၊ သတ်မည်လားဟု၊ နဂါးမေးက၊ ဆိုရလေခြင်း၊ အိုအချင်း...၊ နတ်မင်းသခင်၊ ကျေးဇူးရှင်ကို၊ အကြင်သသူ၊ အပျက်မူအံ့၊ ထိုသူယုတ်အား၊ အံစောင်ထား၍၊ ဝါးပါချင်စွ၊ ခုခဏတွင်၊ ဒေါသမျက်လို၊ မူဆိုးဆိုက၊ အို-မူဆိုးသား၊ နဂါးနတ်ရှင်၊ ငါပင်ကိုကား၊ တခြားပြည်က၊ ပါပမစ္ဆာ၊ ပုဏ္ဏားလာ၍၊ တေဇာကြီးထွတ်၊ မန္တန်မြတ်ကို၊ ရွတ်ဘိသော့ထွေ၊ သေလှုချ၏၊ အဆွေငါ့ကို၊ ကယ်ပါဆို၍၊ နဂိုရ်ကန်ရေ၊ သက်နေလေ၏၊ ဆူဝေဖျက်စိတ်၊ ကက္ခလိစ်လည်း၊ တိတ်တိတ်ချုံကြား၊ ရှောင်ရှားအသင့်၊ မြှော်နေလင့်၏၊ ယခင့်ပုဏ္ဏား၊ တပြည်သားလည်း၊ လျင်လျားမကြာ၊ ပေါ်ပြန်လာသည်။ ။   ကိုယ်မှာဂုဏ်ယုံ ကိုး၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေ

ကပ်စီးနဲတဲ့ ရှဉ့်တစ်ကောင်

Image
ကပ်စီးနဲတဲ့ ရှဉ့်တစ်ကောင်           ကျွန်တော် (၂၀၀၈)နောက်ပိုင်း စာအုပ်ငှားဖတ်ခဲပါတယ်။ စာအုပ်ဝယ်စုဖြစ်သွားလို့ပါ။ ငှားဖတ်လည်း အချိန်အကြာကြီး ငှားထားတာပါ။ ဟိုတယ်မှာ လုပ်တုန်းက စာအုပ်ပိုဝယ်ဖြစ်ပါတယ်။ လစာက မဒီစံကို အပ်တယ်။ (Service Money) ရရင် စာအုပ်ဝယ်၊ ဘဝကြီးက သာယာလိုက်တာ။ ဒီကာလမှာကျတော့ စာအုပ်တွေကို စိတ်ရှိတိုင်း မဝယ်နိုင်တော့ဘူး။ ဝယ်ချင်တဲ့စာအုပ် ငါးအုပ်ရှိရင် ငါးကိုစိတ်ထဲမှတ်၊ လက်တစ်ချောင်းထောင် လုပ်ရတော့တာ။

အရပ်ဇာတ်

Image
အရပ်ဇာတ် ဝတ္ထုအမည် = အရပ်ဇာတ် အမျိုးအစား = ဝတ္ထုတို ကလောင်အမည် = ရှဉ့်ညိုလေး ပုံနှိပ်ဖော်ပြသည့် မဂ္ဂဇင်း = မြဝတီမဂ္ဂဇင်း (အတွဲ ၇၀၊ အမှတ် ၁၂၊ အောက်တိုဘာလ ၂၀၂၂၊ စာမျက်နှာ ၁၃၂)

လောကသာရပျို့

Image
လောကသာရပျို့ ၈။ မိခင်ဖခင်၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်မြတ်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကျွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ ကြည်ညိုညွှတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍၊ ခပ်သိမ်းမယွင်း ငြိမ်းစေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၇။   သီဟသူရ ၊ ထွတ်ဒေဝလည်း၊ ဒေါသဇောပြေး၊ သည်အရေးကို၊ စုဝေးကိုယ်တို့၊ အသို့ကြံစည်၊ ပြုကြမည်ဟု၊ မိန့်သည်ရှိလျှင်၊ ဆောလျင်လှုလှု၊ ထိုအမှုကို၊ ယခုသာကြည်၊ တတ်နှိုင်မည်ကား၊ ရွှေပြည်ပူရ၊ သုရမ္မဝယ်၊ မလသီလ၊ နာမထင်ရှား၊ ပုဏ္ဏားသည်သာ၊ တတ်နိုင်ရာဟု၊ ကြောင်းခြာစုံစိ၊ လျှောက်လတ်ချီသော်၊ သင့်ပြီလျင်ထွေ၊ သွားလေစေဟု၊ ပရမေသီရိ၊ မိန့်ရှိသောအား၊ ထိုပုဏ္ဏားကို၊ သွားစေမိန့်ဟန်၊ ပြန်ပြီးလျင်လျား၊ ပုဏ္ဏားသွားမြောက်၊ ရေကန်ရောက်သော်၊ ငံ့ထောက်မတင်း၊ ငဠုန်မင်းတို့၊ ထန်ပြင်းတေဇော်၊ မန္တန်ကျော်ကို၊ ဖျော်ဖျော်ရွရွ၊ ရွတ်လေကလျှင်၊ ကန်ဝအလုံး၊ ခိုးလျှံဖုံး၍၊ ပူဆုံးကိုယ်တွင်း၊ နဂါးမင်းလည်း၊ စင်းစင်းရေပြင်၊ ပေါ်သည်မြင်က၊ အရှင်အသေ၊ သို့ဖြစ်စေဟု၊ မိန့်ထွေတော်သံ၊ မခံခဲ့မိ၊ တရေးရှိ၏၊ သိအောင်ရှေ့ရည်၊ လျှောက်အုံးမည်ဟု၊ ကြံစည်တဖန်၊ ပြန်ပြန်ခဲ့မြောက်၊ ထိုနေ့နောက်ဝယ်၊ ပျော်လောက်စည်လှ၊ ဇေယျမည်သာ၊ ပြည်ကြီးစွာ၏၊ မြောက်မှတရုဏ၊ ရွာဂါမမှ၊ ကက္ခလိစ္ဆ၊ နာမတွင်မည်၊ မူဆိုးသည်လျှင်၊ တောလည်လှည့်ပတ်၊ ရှားစားလတ်သော်၊ ရေနတ်နေရာ၊ ထိုကန်မှာသို့၊ ရောက်လာတော်ဆိုက်၊ ခရီးကြိုက်သည်။ ။   ရှေးနှိုက်ကံဆော် နှိုး၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရ

လောကသာရပျို့

Image
လောကသာရပျို့ ၇။ ပါဏာတိပါတ်၊ မသတ်သူ့သက်၊ ခိုးဝှက်မမူ၊ မယူသေစာ၊ အိမ်ရာမမှား၊ မုသားမဆို၊ ကိုယ်ကိုနှိမ့်ချ၊ စောင့်သီလနှင့်၊ ဒါနလှူဝတ်၊ ရက်မချွတ်လျှင်၊ မပြတ်ဆောက်တည်၊ ဆုကြီးရည်၍ ၊ မကြည်ခိုက်ရန်၊ သူကျူးလွန်လည်း၊ စောင်မာန်မပြင်း နုစေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၆။   ကျော်နှံ့သတင်း ၊ အိမ်ရှေ့နှင်းသော်၊ ဘက်ပြိုင်ကင်းရာ၊ နန်းပွင့်လျာကို၊ မဟာဥပရာဇာ၊ ဟူ၍သာလျှင်၊ ကြေညာလွံ့ထင်၊ ကျော်စောတွင်၏၊ ပြည့်ရှင်မင်းကျော်၊ လူ့ထိပ်ပေါ်နှင့်၊ သားတော်မဟာ၊ ဥပရာတို့၊ အချာစိုးကြပ်၊ ဆုံးမကွပ်၍၊ ရှစ်ရပ်မျက်နှာ၊ ပွင့်လင်းစွာသည်၊ မည်သာဇေယျ၊ ပူရကျော်ချောက်၊ ရွှေပြည်မြောက်နှိုက်၊ အံ့လောက်သာယာ၊ နတ်စွာရေထု၊ မဓုဇလ၊ ကန်ချမ်းမြဝယ်၊ ဒီပစိတ္တ၊ နာမမည်ရင်း၊ နဂါးမင်း၏၊ ထန်ပြင်းတေဇော်၊ အာနုဘော်ကြောင့်၊ ရပ်ကျော်တိုင်းစည်၊ ထိုပြည်တသွန်၊ မိုဃ်းရေမှန်၍၊ အလွန်သာယာ၊ ဝပြောစွာ၏၊ ထိုခါကာလ၊ သုရမ္မပူရ၊ နာမတွင်မည်၊ ပြညတပြည်နှိုက်၊ ဖြီးစည်ပြောထူ၊ ရှင် လူ ပုဏ္ဏား၊ တရားချွတ်ယွင်း၊ မစောင့်ခြင်းကြောင့်၊ ထန်ပြင်းလေဆောင်၊ မိုးဃ်းရေခေါင်၍၊ ကုန်အောင်မကြွင်း၊ ပြည်တွင်းပြည်ပ၊ ငတ်မွတ်ကြသော်၊ သီဟသူရရာဇာ၊ သည်သာလွံ့ထင်၊ ထိုပြည့်ရှင်သည်၊ ရှေ့မြင်-နောက်သိ၊ ပညာရှိအား၊ မေးလတ်ငြားသော်၊ တခြားတိုင်းစည်၊ ဇေယျပြည်ဝယ်၊ ချမ်းကြည်ရေထု၊ ပြိုင်တုမနှုန်း၊ နဂါးဘုန်းကြောင့်၊ ထစ်အုန်းချိန်တန်၊ အမှန်နှံ့မျှ၊ မိုးဃ်းရွာရ၏၊ သုရမ္မမည်သာ၊ ထိုပြည်မှာကား၊ မရွာသွန်းစေ၊ ပိတ်ပင်လေဟု။ ။   လျှောက်ပေရှိပန်း ဖြိုး၏တည်း ။ စာဆိုရှင်

လောကသာရပျို့

Image
လောကသာရပျို့ ၆။ ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ အယူမှားလျက်၊ စီးပွားမမြော်၊ ကျိူးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူသူမိုက်ကို၊ မကြိုက်မချစ်၊ ရန်သူစစ်သို့၊ မနှစ်သက်ဘဲ၊ ဝေးစွာရှဲ၍၊ ရှောင်လွှဲဖဲကြဉ် နိုင်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၅။   မြတ်နိုးသာပျော် ၊ ဗြဲတိုက်တော်သို့၊ နှိုင်းလျော်နတ်တူ၊ ထွက်တော်မူ၍၊ ဖြီးထူများကြွယ်၊ မတ်မျာလယ်နှိုက်၊ တင့်တယ်လွန်မင်း၊ အိမ်ရှေ့နှင်းသော်၊ ပျံ့ရွင်းချိုသာ၊ ရေးတင်စာကို၊ သေနာပတိ၊ ဦးရှိရိုသေ၊ ဘတ်လျှောက်စမှ၊ မရေတွက်သာ၊ လက်ဖွဲ့စာကို၊ ရေးရာမြင်သိ၊ ရည်ရှိဝန်ထောက်၊ ဘတ်စေလျှောက်၍၊ ရွှေမှောက်ဘုန်းဝှန်၊ ဝန်ကအစ၊ ခန့်သမျှကို၊ မိန့်ဟလေပြီ၊ သားကြီးရတနာ၊ နှင့်မကွာလျှင်၊ မင်္ဂလာညွန့်ရှည်၊ တင့်တယ်သည်ကို၊ ချစ်ကြည်နှစ်လို့၊ ဝန်တို့ရှုပါ၊ မိန့်သောခါဝယ်၊ သေနာပတိ၊ သုတိမင်္ဂလာ၊ သာသည်စကား၊ လျှောက်ထားပြီးသော်၊ ဝင်တော်မူမြောက်၊ ထို့နောက်ရက်တာ၊ များမကြာလျှင်၊ များစွာပည်းသီ၊ မင်းညီမင်းသား၊ မတ်များဒိုင်းဝင်း၊ ဆင်းမြင်းဗိုလ်ပါ၊ ခြံရံကာလျက်၊ မင်္ဂလာရွှန်းမြေ့၊ အိမ်ရှေ့အိမ်တော်၊ မျှို့ကျော်ညွန့်လူ၊ တက်တော်မူ၍၊ ထီးဖြူဆောင်းမင်း၊ မကြွင်းအစ၊ ဂါမစိုးသီး၊ သူကြီးတိုင်အောင်၊ လက်ဆောင်များစွာ၊ ရတနာထွေထွေ၊ ဆက်ကုန်စေ၍၊ စံနေနန်းခင်း၊ အိမ်ရှေ့နှင်းသည်။ ။   သတင်းကျော်နှံ့ ဟိုး၏တည်း ။ စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ ကဗျာအမျိုးအစား = ပျို့ ခေတ် = ညောင်ရမ်းခေတ်

လောကသာရပျို့

Image
လောကသာရပျို့ ၅။ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးမြဲစွာ၊ သတ္တဝါကို၊ မေတ္တာသက်ပေ၊ လှူဖို့ဝေ၍၊ စိတ်စေကြည်သန်၊ သဘောမှန်သား၊ ပစ္စုပ္ပန်သံသရာ၊ ချမ်းသာစီးပွါး၊ နှစ်ပါးမြင်တတ်၊ သူတော်မြတ်ကို၊ မပြတ်ချစ်ခင်၊ မိတ်ကျွမ်းဝင်၍၊ မြဲပင်စင်းလျင်း ပေါင်းယှဉ်မင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄။   သည့်ပြင်တသီး ၊ မင်းသမီးနှင့်၊ ဖြင်ညီးများစည်၊ ရှမ်းပြည်ယွန်းရပ်၊ တပ်ပေါင်းမြို့စား၊ တို့သည်းကြားလည်း၊ တခြားတတည်၊ ငယ်မည်ရွာစား၊ အလွန်များ၏၊ ထွတ်ထားမြတ်ညှာ၊ နှစ်ပါးမှာလည်း၊ ကျေးရွာမြို့ပြ၊ နေရာရကား၊ များလှ-မပည်း၊ စုံရာနည်း၏၊ ပေါင်းစည်းပည်းဖြင်၊ ထို့ပြင်သည်ကား၊ အင်ခွင်ကြီးစွာ၊ နေရာမက၊ မြတ်ရာရလျက်၊ သာလှဆောင်ခြား၊ ဆောင်သီးထားသည်၊ ထင်ရှားဝှန်ဝှါ၊ ကေသာသီရိ၊ ထွန်းညိကိုယ်ဝါ၊ ဝဏ္ဏာသီရိ၊ အိအိပြာပြာ၊ ဒန္တာသီရိ၊ ချစ်မိဘွယ်သာ၊ ဇာလာသီရိ၊ မရှိနှိုင်းရာ၊ ရုဇာသီရိ၊ ကျော်သိနှံ့ပြား၊ သည်ငါးပါးကား၊ ကိုးပါးမျက်ချယ်၊ ကြီးကျယ်ဆောင်ရွက်၊ ယွန်းဆက်သိင်္ဂီ၊ တဆောင်စီနှင့်၊ ပည်းသီရံခ၊ စံနေရ၏၊ သီလအာစာ၊ လွန်မြတ်စွာသည်၊ နရိန္ဒာဒေဝီ၊ မဟေသီ၏၊ ရှုအီမညီး၊ တယောက်ထီးလျှင်၊ သားကြီးရတနာ၊ ဗောဓိလျာကား၊ ဘုန်းဝါလျှံတောက်၊ အရွယ်ရောက်သော်၊ ပြိုင်ထောက်မရ၊ ပရနိမ္မိတ၊ သသဝတ္တီ၊ စိုးညီပိုင်ယူ၊ နတ်ပင်ဟူလည်း၊ မတူဘွယ်လျှင်း၊ တင့်ရောင်ဆင်းနှင့်၊ ဆင်မြင်းစီးနှင်၊ ပစ်ငင်လေးမြား၊ ကာလွားရေးရာ၊ အဋ္ဌာရသ၊ တတ်စုံလှ၍၊ နရထိပ်ပေါ်၊ ခမည်းတော်ကား၊ရှုမြော်မဆုံး၊ ချစ်ဆကဲးလျက်၊ ကျော်သဲးကြေညာ၊ ဘသည်းချာကို၊ မြတ်ရာမြှောက်တင့်၊ ထားပေသင့်ဟု၊ ချီး