ရင်တွေခုန်ဆဲပါ


ရင်တွေခုန်ဆဲပါ

            ဒီနေ့ မြဝတီမဂ္ဂဇင်းစာအုပ်လေး လက်ဆောင်အဖြစ် အိမ်ကိုရောက်လာပါပြီ။ မဂ္ဂဇင်း ဝတ္ထုရှည်အဖြစ်ရည်ရွယ်ပြီး အရပ်ဇာတ်ဆိုတဲ့ ဇာတ်လမ်းလေးကို (၂၀၂၀)မှာ စရေးဖြစ်ပါတယ်။ (၂၀၂၁)မှာ ကွာရန်တင်းထွက်တော့ လက်စသပ်ဖြစ်ပါတယ်။ (၂၀၂၂)မှာ မြဝတီမဂ္ဂဇင်းတိုက်ကို မေးလ်နဲ့ပို့လိုက်ပါတယ်။ အခုတော့ အောက်တိုဘာ (၃၁)မှာ လက်ဆောင်အဖြစ် ရောက်လာရော။ ဘာပဲပြောပြော အောက်တိုဘာဟာ ချစ်စရာကောင်းတယ်လို့ ခင်ဗျားကို ကျွန်တော်ပြောချင်ပါတယ်။ စာတိုက်ကရောက်လာတဲ့ မဂ္ဂဇင်းစာအုပ်လေးတိုင်းဟာ ရည်းစားဦး ပါးကိုနမ်းတုန်းကအတိုင်း ကျွန်တော့်ကို ရင်ခုန်စေတုန်းပါပဲ။ ဒီဖီလင်ကို ရည်းစားတောင် မထားဖူးတဲ့ (Single is the Best!) သမားတွေ မသိပါဘူး။
ရှဉ့်ညိုလေး
(၃၁.၁၀.၂၀၂၂)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း