သူဇာပျို့

သူဇာပျို့

၄။ သည့်ပြင်တသီး၊ မင်းသမီးနှင့်၊ ဖြင်ညီးများစည်၊ ရှမ်းပြည်ယွန်းရပ်၊ တပ်ပေါင်းမြို့စား၊ တို့သည်းကြားလည်း၊ တခြားတတည်၊ ငယ်မည်ရွာစား၊ အလွန်များ၏၊ ထွတ်ထားမြတ်ညှာ၊ နှစ်ပါးမှာလည်း၊ ကျေးရွာမြို့ပြ၊ နေရာရကား၊ များလှ-မပည်း၊ စုံရာနည်း၏၊ ပေါင်းစည်းပည်းဖြင်၊ ထို့ပြင်သည်ကား၊ အင်ခွင်ကြီးစွာ၊ နေရာမက၊ မြတ်ရာရလျက်၊ သာလှဆောင်ခြား၊ ဆောင်သီးထားသည်၊ ထင်ရှားဝှန်ဝှါ၊ ကေသာသီရိ၊ ထွန်းညိကိုယ်ဝါ၊ ဝဏ္ဏာသီရိ၊ အိအိပြာပြာ၊ ဒန္တာသီရိ၊ ချစ်မိဘွယ်သာ၊ ဇာလာသီရိ၊ မရှိနှိုင်းရာ၊ ရုဇာသီရိ၊ ကျော်သိနှံ့ပြား၊ သည်ငါးပါးကား၊ ကိုးပါးမျက်ချယ်၊ ကြီးကျယ်ဆောင်ရွက်၊ ယွန်းဆက်သိင်္ဂီ၊ တဆောင်စီနှင့်၊ ပည်းသီရံခ၊ စံနေရ၏၊ သီလအာစာ၊ လွန်မြတ်စွာသည်၊ နရိန္ဒာဒေဝီ၊ မဟေသီ၏၊ ရှုအီမညီး၊ တယောက်ထီးလျှင်၊ သားကြီးရတနာ၊ ဗောဓိလျာကား၊ ဘုန်းဝါလျှံတောက်၊ အရွယ်ရောက်သော်၊ ပြိုင်ထောက်မရ၊ ပရနိမ္မိတ၊ သသဝတ္တီ၊ စိုးညီပိုင်ယူ၊ နတ်ပင်ဟူလည်း၊ မတူဘွယ်လျှင်း၊ တင့်ရောင်ဆင်းနှင့်၊ ဆင်မြင်းစီးနှင်၊ ပစ်ငင်လေးမြား၊ ကာလွားရေးရာ၊ အဋ္ဌာရသ၊ တတ်စုံလှ၍၊ နရထိပ်ပေါ်၊ ခမည်းတော်ကား၊ရှုမြော်မဆုံး၊ ချစ်ဆကဲးလျက်၊ ကျော်သဲးကြေညာ၊ ဘသည်းချာကို၊ မြတ်ရာမြှောက်တင့်၊ ထားပေသင့်ဟု၊ ချီးမြှင့်သံညင်း၊ ချိုပြံးရှင်းသည်။ ။ လွန်ပြင်းချစ်မြတ် နိုး၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း