သူဇာပျို့
၇။ သီဟသူရ၊ ထွတ်ဒေဝလည်း၊ ဒေါသဇောပြေး၊ သည်အရေးကို၊ စုဝေးကိုယ်တို့၊ အသို့ကြံစည်၊ ပြုကြမည်ဟု၊ မိန့်သည်ရှိလျှင်၊ ဆောလျင်လှုလှု၊ ထိုအမှုကို၊ ယခုသာကြည်၊ တတ်နှိုင်မည်ကား၊ ရွှေပြည်ပူရ၊ သုရမ္မဝယ်၊ မလသီလ၊ နာမထင်ရှား၊ ပုဏ္ဏားသည်သာ၊ တတ်နိုင်ရာဟု၊ ကြောင်းခြာစုံစိ၊ လျှောက်လတ်ချီသော်၊ သင့်ပြီလျင်ထွေ၊ သွားလေစေဟု၊ ပရမေသီရိ၊ မိန့်ရှိသောအား၊ ထိုပုဏ္ဏားကို၊ သွားစေမိန့်ဟန်၊ ပြန်ပြီးလျင်လျား၊ ပုဏ္ဏားသွားမြောက်၊ ရေကန်ရောက်သော်၊ ငံ့ထောက်မတင်း၊ ငဠုန်မင်းတို့၊ ထန်ပြင်းတေဇော်၊ မန္တန်ကျော်ကို၊ ဖျော်ဖျော်ရွရွ၊ ရွတ်လေကလျှင်၊ ကန်ဝအလုံး၊ ခိုးလျှံဖုံး၍၊ ပူဆုံးကိုယ်တွင်း၊ နဂါးမင်းလည်း၊ စင်းစင်းရေပြင်၊ ပေါ်သည်မြင်က၊ အရှင်အသေ၊ သို့ဖြစ်စေဟု၊ မိန့်ထွေတော်သံ၊ မခံခဲ့မိ၊ တရေးရှိ၏၊ သိအောင်ရှေ့ရည်၊ လျှောက်အုံးမည်ဟု၊ ကြံစည်တဖန်၊ ပြန်ပြန်ခဲ့မြောက်၊ ထိုနေ့နောက်ဝယ်၊ ပျော်လောက်စည်လှ၊ ဇေယျမည်သာ၊ ပြည်ကြီးစွာ၏၊ မြောက်မှတရုဏ၊ ရွာဂါမမှ၊ ကက္ခလိစ္ဆ၊ နာမတွင်မည်၊ မူဆိုးသည်လျှင်၊ တောလည်လှည့်ပတ်၊ ရှားစားလတ်သော်၊ ရေနတ်နေရာ၊ ထိုကန်မှာသို့၊ ရောက်လာတော်ဆိုက်၊ ခရီးကြိုက်သည်။ ။ ရှေးနှိုက်ကံဆော် နှိုး၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment