သူဇာပျို့
၈။ ထိုမူဆိုးအား၊ နဂါးနတ်ရှင်၊ မြင်လျှင်လူယောင်၊ ဆောင်၍စိတ်စေး၊ ကြောင်းရာမေး၏၊ မနှေးသာကြည်၊ ဇေယျပြည်က၊ လာသည်ကြောင်းကို၊ မုဆိုးဆိုလျှင်၊ ထိုဇေယျမည်၊ ကိုယ်တို့ပြည်ဝယ်၊ ရွာသည်အနှံ့၊ မိုဃ်းမှန်စံ့ဟု၊ ပျံ့ပျံ့သာလေး၊ မေးလျှင်ဆောလျင်၊ ထိုကန်တွင်ကြောင့်၊ နတ်ရှင်နာဂ၊ ဘုန်းတေဇဖြင့်၊ သွန်းချချိန်တန်၊ မိုဃ်းမှန်သောကြောင့်၊ အနှောင့်ဒေါသ၊ ဝပြောကြဟု၊ မြွက်ဟဆိုလျှင်၊ ထိုနတ်ရှင်ကို၊ အကြင်သသူ၊ သေကြောင်းမူအံ့၊ ထိုသူယုတ်အား၊ သတ်မည်လားဟု၊ နဂါးမေးက၊ ဆိုရလေခြင်း၊ အိုအချင်း...၊ နတ်မင်းသခင်၊ ကျေးဇူးရှင်ကို၊ အကြင်သသူ၊ အပျက်မူအံ့၊ ထိုသူယုတ်အား၊ အံစောင်ထား၍၊ ဝါးပါချင်စွ၊ ခုခဏတွင်၊ ဒေါသမျက်လို၊ မူဆိုးဆိုက၊ အို-မူဆိုးသား၊ နဂါးနတ်ရှင်၊ ငါပင်ကိုကား၊ တခြားပြည်က၊ ပါပမစ္ဆာ၊ ပုဏ္ဏားလာ၍၊ တေဇာကြီးထွတ်၊ မန္တန်မြတ်ကို၊ ရွတ်ဘိသော့ထွေ၊ သေလှုချ၏၊ အဆွေငါ့ကို၊ ကယ်ပါဆို၍၊ နဂိုရ်ကန်ရေ၊ သက်နေလေ၏၊ ဆူဝေဖျက်စိတ်၊ ကက္ခလိစ်လည်း၊ တိတ်တိတ်ချုံကြား၊ ရှောင်ရှားအသင့်၊ မြှော်နေလင့်၏၊ ယခင့်ပုဏ္ဏား၊ တပြည်သားလည်း၊ လျင်လျားမကြာ၊ ပေါ်ပြန်လာသည်။ ။ ကိုယ်မှာဂုဏ်ယုံ ကိုး၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment