သူဇာပျို့

သူဇာပျို့

၆။ ကျော်နှံ့သတင်း၊ အိမ်ရှေ့နှင်းသော်၊ ဘက်ပြိုင်ကင်းရာ၊ နန်းပွင့်လျာကို၊ မဟာဥပရာဇာ၊ ဟူ၍သာလျှင်၊ ကြေညာလွံ့ထင်၊ ကျော်စောတွင်၏၊ ပြည့်ရှင်မင်းကျော်၊ လူ့ထိပ်ပေါ်နှင့်၊ သားတော်မဟာ၊ ဥပရာတို့၊ အချာစိုးကြပ်၊ ဆုံးမကွပ်၍၊ ရှစ်ရပ်မျက်နှာ၊ ပွင့်လင်းစွာသည်၊ မည်သာဇေယျ၊ ပူရကျော်ချောက်၊ ရွှေပြည်မြောက်နှိုက်၊ အံ့လောက်သာယာ၊ နတ်စွာရေထု၊ မဓုဇလ၊ ကန်ချမ်းမြဝယ်၊ ဒီပစိတ္တ၊ နာမမည်ရင်း၊ နဂါးမင်း၏၊ ထန်ပြင်းတေဇော်၊ အာနုဘော်ကြောင့်၊ ရပ်ကျော်တိုင်းစည်၊ ထိုပြည်တသွန်၊ မိုဃ်းရေမှန်၍၊ အလွန်သာယာ၊ ဝပြောစွာ၏၊ ထိုခါကာလ၊ သုရမ္မပူရ၊ နာမတွင်မည်၊ ပြညတပြည်နှိုက်၊ ဖြီးစည်ပြောထူ၊ ရှင် လူ ပုဏ္ဏား၊ တရားချွတ်ယွင်း၊ မစောင့်ခြင်းကြောင့်၊ ထန်ပြင်းလေဆောင်၊ မိုးဃ်းရေခေါင်၍၊ ကုန်အောင်မကြွင်း၊ ပြည်တွင်းပြည်ပ၊ ငတ်မွတ်ကြသော်၊ သီဟသူရရာဇာ၊ သည်သာလွံ့ထင်၊ ထိုပြည့်ရှင်သည်၊ ရှေ့မြင်-နောက်သိ၊ ပညာရှိအား၊ မေးလတ်ငြားသော်၊ တခြားတိုင်းစည်၊ ဇေယျပြည်ဝယ်၊ ချမ်းကြည်ရေထု၊ ပြိုင်တုမနှုန်း၊ နဂါးဘုန်းကြောင့်၊ ထစ်အုန်းချိန်တန်၊ အမှန်နှံ့မျှ၊ မိုးဃ်းရွာရ၏၊ သုရမ္မမည်သာ၊ ထိုပြည်မှာကား၊ မရွာသွန်းစေ၊ ပိတ်ပင်လေဟု။ ။ လျှောက်ပေရှိပန်း ဖြိုး၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်


Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း