သူဇာပျို့

သူဇာပျို့

၅။ မြတ်နိုးသာပျော်၊ ဗြဲတိုက်တော်သို့၊ နှိုင်းလျော်နတ်တူ၊ ထွက်တော်မူ၍၊ ဖြီးထူများကြွယ်၊ မတ်မျာလယ်နှိုက်၊ တင့်တယ်လွန်မင်း၊ အိမ်ရှေ့နှင်းသော်၊ ပျံ့ရွင်းချိုသာ၊ ရေးတင်စာကို၊ သေနာပတိ၊ ဦးရှိရိုသေ၊ ဘတ်လျှောက်စမှ၊ မရေတွက်သာ၊ လက်ဖွဲ့စာကို၊ ရေးရာမြင်သိ၊ ရည်ရှိဝန်ထောက်၊ ဘတ်စေလျှောက်၍၊ ရွှေမှောက်ဘုန်းဝှန်၊ ဝန်ကအစ၊ ခန့်သမျှကို၊ မိန့်ဟလေပြီ၊ သားကြီးရတနာ၊ နှင့်မကွာလျှင်၊ မင်္ဂလာညွန့်ရှည်၊ တင့်တယ်သည်ကို၊ ချစ်ကြည်နှစ်လို့၊ ဝန်တို့ရှုပါ၊ မိန့်သောခါဝယ်၊ သေနာပတိ၊ သုတိမင်္ဂလာ၊ သာသည်စကား၊ လျှောက်ထားပြီးသော်၊ ဝင်တော်မူမြောက်၊ ထို့နောက်ရက်တာ၊ များမကြာလျှင်၊ များစွာပည်းသီ၊ မင်းညီမင်းသား၊ မတ်များဒိုင်းဝင်း၊ ဆင်းမြင်းဗိုလ်ပါ၊ ခြံရံကာလျက်၊ မင်္ဂလာရွှန်းမြေ့၊ အိမ်ရှေ့အိမ်တော်၊ မျှို့ကျော်ညွန့်လူ၊ တက်တော်မူ၍၊ ထီးဖြူဆောင်းမင်း၊ မကြွင်းအစ၊ ဂါမစိုးသီး၊ သူကြီးတိုင်အောင်၊ လက်ဆောင်များစွာ၊ ရတနာထွေထွေ၊ ဆက်ကုန်စေ၍၊ စံနေနန်းခင်း၊ အိမ်ရှေ့နှင်းသည်။ ။ သတင်းကျော်နှံ့ ဟိုး၏တည်း

စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ

ကဗျာအမျိုးအစား = ပျို့

ခေတ် = ညောင်ရမ်းခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း