Posts

Showing posts from August, 2022

ဝတ္ထုရေးသားခြင်းနဲ့ ပတ်သက်သည့် အချက်(၅)ချက်

Image
ဝတ္ထုရေးသားခြင်းနဲ့ ပတ်သက်ပြီး အချက်(၅)ချက် ရှိပါသည်။ (၁) ရည်မှန်းချက် (၂) ဇာတ်လမ်း၊ ဇာတ်အိမ် (၃) ဇာတ်ကောင်၊ ဇာတ်ကောင် ပုံသဏ္ဌာန် (၄) စကားပြော အသုံးအနှုန်း (၅) အဖွဲအနွဲ့ တို့ ဖြစ်သည်။ ဒေါက်တာထင်အောင်

ကန်တော်မင်းကျောင်းဆရာတော်

Image
ကန်တော်မင်းကျောင်းဆရာတော် ကန်တော်မင်းကျောင်းဆရာတော်ကို စစ်ကိုင်းမြို့စီရင်စု မြင်းမူမြို့မှ နှစ်မိုင်ခန့်ဝေးသော ထီးဆောင်းရွာ မြောက်ဘက် ကန်တော်ရွာ၌ ဖွားမြင်တော်မူသည်။ မိဘမည်ရည်နှင့် ဖွားသက္ကရာဇ်တို့ကိုမူ မသိရပေ။ လောကသာရ ဆုံးမစာပျို့ ကို ကန်တော်မင်းကျောင်းဆရာတော်က ရေးသားပြုစုခဲ့သည်။

ဖတ်ပြီးသွားသည့် စာအုပ်များ (၂၀၁၃-၂၀၁၄)

Image
ဖတ်ပြီးသွားသည့် စာအုပ်များ (၂၀၁၃-၂၀၁၄) (၁) နှစ်ကြောင်းရေး တစ်ကြောင်းခြစ် (ဝင်းငြိမ်း) (၂၅.၁၂.၂၀၁၃) (၂) ရွှေအမြုတေ မဂ္ဂဇင်း (ဇူလိုင် ၂၀၀၂) (၉.၁.၂၀၁၄) (၃) ကလျာ မဂ္ဂဇင်း (စက်တင်ဘာ ၂၀၁၀) (၁၁.၁.၂၀၁၄)

မိန်ထောင်

Image
မိန်ထောင် ကျွန်တော့်မှာ မိန်ထောင် ဆိုသော တရုတ်စပ် သူငယ်ချင်း တစ်ဦးရှိလေသည်။ သူ၏ ပုံသဏ္ဍာန်ကို မြင်သာအောင် ပြောရမည်ဆိုလျှင် သူသည် တရုတ်ကပြားဖြစ်သဖြင့် အသားဖြူသည်။ ထောင်ကောင်းသည် မဆိုသာသော်လည်း ခန္ဓာကိုယ်သည် အနည်းငယ်တုတ်ခိုင်သဖြင့် ထုကောင်းသည်ဟု ပြောရမည် ဖြစ်သည်။ မျက်နှာမှာ ခပ်ပြားပြားနှင့် လေးထောင့်စပ်စပ် ဖြစ်သည်။ နှာခေါင်းမပြားသော်လည်း နှုတ်ခမ်းပါးပါးနှင့် ပါးစပ်ပြဲသည်။ သူပါးစပ်ပြဲပုံက ရုရှားအာနိုးပါးစပ်ပေါက်ပုံ ဖြစ်သည်ဟုဆိုလျှင် ပုံဖော်မြင်နိုင်လောက်ပြီဟု ယူဆမိပါသည်။ ၎င်း၏ မျက်လုံးများမှာမူ ကြံဖျားရှထားသလို ရေးရေးနှင့် မှေးမှေးဖြစ်သည်။ အချုပ်ဆိုရလျှင် ၎င်းမိန်ထောင်ဆိုသော တရုတ်ကပြားသည် ကျွန်ုပ်၏ သူငယ်ချင်းများထဲမှ သူငယ်ချင်းတစ်ယောက်သာလျှင် ဖြစ်တော့သည်။

ရည်မှန်းချက်

Image
ရည်မှန်းချက် ရည်မှန်းချက်ဆိုတာ အကြောင်းအရာပိုင်းဖြစ်ပြီး ဇာတ်လမ်း၊ ဇာတ်ကွက်၊ ဇာတ်ကောင်တို့ဟာ အကြောင်းအရာပိုင်း၊ ဟန်ပိုင်း နှစ်ခုစလုံးတွင် အကြုံးဝင်တယ်။ အောင်လင်း

ဖတ်ခဲ့ဖူးသည့် စာအုပ်များ

Image
ဖတ်ခဲ့ဖူးသည့် စာအုပ်များ             ကျွန်တော် ဆောင်းပါးတစ်ပုဒ်ထဲမှာ ဟစ်တလာအကြောင်းကို ဖတ်ခဲ့ဖူးတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ သူ့စာအုပ်စင်(စာကြည့်တိုက်ဆိုပါစို့)မှာ စာအုပ်(၃)သောင်းလား၊ (၃)သိန်းလား ရှိတယ်ဆိုတဲ့အကြောင်းပေါ့။ သူ့စာကြည့်တိုက်မှာ ရှိတဲ့စာအုပ်အားလုံး သူဖတ်ပြီး၊ မပြီး မသေချာပေမယ့် သူ စာတော်တော် ဖတ်ခဲ့မှာတော့ သေချာပါတယ်။ စာဖတ်ခဲ့လို့သာ လူတော်တစ်ယောက်အဖြစ်နဲ့ လူအများကြီးကို ဦးဆောင်နိုင်ခဲ့တာပေါ့။ လူကောင်း၊ မကောင်းဆိုတာကတော့ ပင်ကိုယ်ဓာတ်ခံ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုကြောင့်လည်း ပါမယ်ထင်ပါတယ်။ သေချာတာကတော့ စာသိပ်ဖတ်ခဲ့တဲ့အတွက်၊ အဲဒီဗဟုသုတကို အသုံးချနိုင်ခဲ့တဲ့အတွက်   သူဟာ အားလုံးရဲ့အရှေ့မှာ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ပေါ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူဟာ စာဖတ်သူတစ်ဦးအဖြစ် ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ်။

မေမေစံ သိပါစေ

Image
မေမေစံ သိပါစေ တစ်နေ့တွင် ကိုထူးတစ်ယောက် အားအားရှိသည်နှင့် သူ၏သားအား လက်ချာရိုက်ရန် မေးခွန်းတစ်ခု အစပျိုးလိုက်သည်။

ရည်မှန်းချက်ဆိုတာ

Image
ရည်မှန်းချက်ဆိုတာ ရည်မှန်းချက်ဆိုတာက ဝတ္ထုတစ်ပုဒ်ရဲ့ အနှစ်သာရကိုလည်း ခေါ်တယ်။ (Content) အကြောင်းအရာကိုလည်း ခေါ်တယ်။ (Subject) ဘယ်လိုပဲခေါ်ခေါ် သဘောကတော့ ဝတ္ထုတစ်ပုဒ်လုံးရဲ့ အချုပ်မှာဆိုလိုတဲ့ ရည်ရွယ်ချက်ကို ပြောတာပါပဲ။ အောင်လင်း

စာဖတ်ပါ

Image
စာဖတ်ပါ စာရေးချင်သူ တစ်ဦးဟာ စာဖတ်သူတစ်ဦးလည်း ဖြစ်ရမယ်။ စာမဖတ်ဘဲ(သူများဘယ်လိုရေးတယ်ဆိုတာ စေ့ငုမိလောက်အောင် စာဖတ်မနာဘဲ) ပုံနှိပ်ဖော်ပြခံချင်လို့ ဇွတ်ပေးတဲ့ စာမူတွေဖတ်ရတာ အယ်ဒီတာတစ်ယောက်အတွက် ခေါင်းကိုက်စရာပါ။ ရှဉ့်ညိုလေး

ငါ့သော့

Image
ငါ့သော့ သော့က အသစ် သော့ချိတ် အသစ် ဆိုင်ကယ် အဟောင်း လူလည်း မပြောင်းဘူး

ဖတ်ခဲ့ဖူးသည့် စာအုပ်များ

Image
ဖတ်ခဲ့ဖူးသည့် စာအုပ်များ             ကျွန်တော် ဆောင်းပါးတစ်ပုဒ်ထဲမှာ ဟစ်တလာအကြောင်းကို ဖတ်ခဲ့ဖူးတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ သူ့စာအုပ်စင်(စာကြည့်တိုက်ဆိုပါစို့)မှာ စာအုပ်(၃)သောင်းလား၊ (၃)သိန်းလား ရှိတယ်ဆိုတဲ့အကြောင်းပေါ့။ သူ့စာကြည့်တိုက်မှာ ရှိတဲ့စာအုပ်အားလုံး သူဖတ်ပြီး၊ မပြီး မသေချာပေမယ့် သူ စာတော်တော် ဖတ်ခဲ့မှာတော့ သေချာပါတယ်။ စာဖတ်ခဲ့လို့သာ လူတော်တစ်ယောက်အဖြစ်နဲ့ လူအများကြီးကို ဦးဆောင်နိုင်ခဲ့တာပေါ့။