Posts

Showing posts from September, 2016

ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၁)

Image
  ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၁) “အနုပညာပစ္စည်း ဆိုတာ … နားလည်ဖို့မလို ခံစားရန်အတွက်ဖြစ်တယ်” ဆိုတာကို ဘယ်လိုမြင်ပါသလဲ။ ပါမောက္ခဦးလှအောင်(ဥယျာဉ်ခြံဌာန) -လက်ရှိကျွန်တော်တို့ Post Modern World မှာ အနုပညာနဲ့ပတ်သက်တဲ့ အယူအဆ ပေါင်းစုံရောယှက်ပြွန်းတီးလျက် ရှိပါတယ်၊ ကမ္ဘာကျော် အနုပညာသမားတစ်ယောက် ကဆိုရင် သစ်ပင်တွေ၊ မော်တော်ကားတွေ ကို ပလတ်စတစ်နဲ့ ပတ်ပြပါတယ်။ နားလည်စရာမလိုပါဘူး။ ခံစားရုံ သက်သက်နဲ့ ရပါတယ်။ တခြားကမ္ဘာကျော် အနုပညာသမားတစ်ယောက် ကတော့ သဲသောင်ပြင်ပေါ်မှာ သဲတွေနဲ့ပဲ မြို့တစ်မြို့ကို ထုဆစ်ပြပါတယ်။ လေတိုက်တဲ့အခါမှာတော့ အဲဒီသဲပန်းပုဟာ တဖြည်းဖြည်း လွင့်ပါး ပြိုကျသွားပါတယ်။ လာရောက်ကြည့်ရှုသူတွေက မေးမြန်းတဲ့အခါ

နားလည်ပါ

Image
နားလည်ပါ မနေ့က ကျွန်တော့်မွေးနေ့ပါ။ ဝန်ထမ်းအင်အားကြောင့် ခွင့်ယူလို့မရတဲ့အခြေအနေပေါ့။ ညဂျူတီထွက်မို့ မအိပ်ရသေးပေမယ့် အများသူငါရဲ့ အချိန်ဇယားအတိုင်း လည်ပတ်ခဲ့ပါတယ်။ နာရီဝက်လောက်မောင်းမှ ရောက်မယ့် ညီမငယ်တစ်ဦးရဲ့မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ကျွန်တော့်အပေါ်မှာ အမြင်ကောင်းနဲ့ အကောင်းမြင်ခဲ့တဲ့ ညီမငယ်တစ်ယောက်မို့လည်း အရောက်သွားခဲ့တာပါ။ အိမ်ကို ပြန်ရောက်တော့ (၁၀း၄၅)။

လေသံ ပြောင်းသွားသော အာဠာဝက

Image
 လေသံ ပြောင်းသွားသော အာဠာဝက  ဂေါတမ ဘုရားရှင်၏ အပြင် အောင်ခြင်း ရှစ်ပါးတွင် အာဠာဝက ဘီလူးကို အောင်မြင်သည့် အကြောင်း လည်း တစ်ပါး အပါအဝင်ဖြစ် သည်။ အဆိုတော်ကြီး ဒေါ်မေရှင် သီဆို သော “အောင်ခြင်းရှစ်ပါး” သီချင်းမှ “အာဠဝီပြည်အနီး၊ ညောင်ပင်ကြီးမှာ၊ တစ်ဦးတည်း ဘီလူးကြီး အာဠာဝက စံရာ” ဟူသော အပိုဒ်ကို ကြားဖူးသူ တိုင်း အာဠာဝက အကြောင်း သိကြ ပါသည်။

"မြန်မာဗျည်း (၃၃) လုံး ဖြစ်ပေါ်လာပုံ "

Image
"မြန်မာဗျည်း (၃၃) လုံး ဖြစ်ပေါ်လာပုံ "   ကလောင်အမည်= မောင်ခင်မင် (ဓနုဖြူ )                       အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေလိုက်ရပါသည်။  မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း

မြန်မာစကားလိမ်

Image
မြန်မာစကားလိမ် စာရေးသူ=ဟန်သစ်ငြိမ်   စကားလိမ်ဆိုတာ ကာရန်အားဖြင့် ရှေ့နောက်ပြန်လှန်ကာ လိမ်ပြီး ပြောဆိုသော စကားမျိုးပဲ ဖြစ်ပါတယ်။ “မင်္ဂလာပါ” ကို... “မာကလာပင်”... “လာမလင်” ကို... “လင်မလာ”... “ဟန်သစ်ငြိမ်” ကို... “ဟိန်သစ်ငြမ်” ဆိုပြီး ပြောကြတာမျိုးပါ။ ငယ်ငယ်က တီဗွီမှာလူရွှင်တော်တွေ ခပ်တည်တည်နဲ့ ဘိုလိုမှုတ်တာလေးကို သတိရမိပါတယ်... “ဓနောတိ ခြိုက်ကင်းစ်” တဲ့။ ဘာလဲဆိုတော့ “ဓနိတော ခြင်ကိုက်” တဲ့။ ဒီတာ့ စကားလိမ်တွေကို ပြန်ရင်းနှီးသွားအောင် သွေးပူလေ့ကျင့်ခန်းလေး နည်းနည်းလောက် လုပ်ကြည့်ကြရအောင်ဗျာ။

ဝတ္ထုရေးတယ်ဆိုတာ......

Image
ဝတ္ထုရေးတယ်ဆိုတာ...... ================ ၀တ္ထုဆိုတာ.. လူတစ်ယောက်ရဲ့ ကိုယ်ရေးရာဇ၀င် အချက်အလက်အစုံပါတဲ့ အထ္ထုပ္ပတိတစ်ပုဒ် မဟုတ်ပါဘူး။ ၀တ္ထုတစ်ပုဒ်ရေးဖို့

အက်ဆေးဆိုတာ ဘာလဲ...

Image
အက်ဆေးဆိုတာ ဘာလဲ... ရေးသူ=စေပိုင်ထွဋ်(ပုသိမ်) အက်ဆေးဆိုတာ ဘာလဲဆိုပြိးတော့ မေးခွန်းထုတ်လိုက်ရင် လူအများစုက စာစီစာကုံးလို့ မြန်မာလို ပြန်ပြီ ဖြေကြလိမ့်မယ်။ ဒီအဖြေက မမှန်ဘူးလားဆိုတော့ အနည်းအကျဉ်းတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်အဖြေမှန်လား ဆိုတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စာစီစာကုံးဆိုတာဟာ ကျောင်းသူကျောင်းသားတွေကို စာရေးတတ်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ စာစီစာကုံးရဲ့ မူက နိဒါန်း၊ စာကိုယ်၊ နိဂုံး သုံးခုပါအောင် ဘောင်သွင်းပြီး ခေါင်းစဉ်နဲ့ ကိုက်ညီအောင် အချက်အလက်တွေနဲ့ စီကုံးရေးဖွဲ့ရခြင်းမျိုးပါ။ ဒီတော့ အက်ဆေးနဲ့ သဘောထား ကွဲလွဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အက်ဆေးအများစုဟာ ဘောင်ထဲမှာ မဟုတ်ကြပါဘူး။ ဘောင်ထဲမှာ ရေးသားခြင်း မဟုတ်လို့

ကျွန်တော့်မှာ အလာ့ဂျစ်ရှိတယ်

Image
ကျွန်တော့်မှာ အလာ့ဂျစ်ရှိတယ် စကားချိုပေမယ့် စိတ်တိုတတ်ပါတယ်။ ဟောဟောဒိုင်းဒိုင်းပြောတာနဲ့ ရိုင်းစိုင်းတာက တစ်ကဏ္ဍပါ။ လူသား တစ်ယောက်ရိုင်းစိုင်းပြတာ သရုပ်ဖော်ဇာတ်ကွက်ထဲမှာတော့ အနုပညာမြောက်တာပေါ့။ အပြင်လောကမှာ လာရိုင်းတာတော့ (အော့အော့)။ ကင်မရာကြီးတကားကားနဲ့ သတင်းထောက်ကြီး တစ်ယောက် လက်ပတောင်းအရေးတုန်းက ဟိုပြေးဒီလွှားနဲ့ ပြာယာခတ်နေတာ မြင်ဖူးတယ်။ သူ့အလုပ်သူ တန်ဖိုးထားတာ သိပ်လေးစားစရာကောင်းတာပဲ။ နှမျောဖို့ကောင်းတာက သူ့အလုပ်သူ တန်ဖိုးထားသလောက် သူတပါး အသက်မွေးမှုအလုပ်ကို မထီမဲ့မြင်လုပ်တာတော့ ရွံဖို့ကောင်းပါတယ်။

စာရေးဆရာတစ်ယောက် ဖြစ်လာစေရေးလမ်းညွှန်ချက်များ

Image
  စာရေးဆရာတစ်ယောက် ဖြစ်လာစေရေးလမ်းညွှန်ချက်များ စာရေးသူ=ဇော်ကို  ·                             နိုဘယ်ဆုရစာရေးဆရာကြီး ဟဲမင်းဝေးပြောခဲ့သောစာရေးဆရာ တစ်ယောက်ဖြစ် လာ စေရေး  လမ်းညွှန်ချက်များ "စာရေးဆရာတစ်ယောက်ဟာ အစဉ်အမြဲအထီးကျန် တစ်ကိုယ်တည်းသာဖြစ်ပြီး အပယ်ခံတစ်ယော က်လည်းဖြစ်တယ်" "စာရေးတယ်ဆိုတာ လူတွေအကြောင်းကိုရေးရတာ လူတွေအကြောင်းကိုမရေးမီ ကိုယ်တိုင်ကပိုပြီး လူပီသဖို့လိုတယ်။ စာရေးချင်တဲ့လူဟာ လူယဉ်ကျေးတစ်ယောက်ဖြစ်နေဖို့ အင်မတန် အရေးကြီးသလိုအသိဥာဏ်လည်း ပြည့်ဝနေရမယ်။

ပါဠိဘာသာ ရွတ်ဖတ်နည်း

Image
ပါဠိဘာသာ ရွတ်ဖတ်နည်း ရှေးဦးစွာအက္ခရာတို့ကိုသိထားရမည်။ အက္ခရာ(၄၁)လုံး အ အာ ဣ ဤ ဥ ဦ ဧ သြ က ခ ဂ ဃ င စ ဆ ဇ ဈ ည ဋ ဌ ဍ ဎ ဏ တ ထ ဒ ဓ န ပ ဖ ဗ ဘ မ ယ ရ လ ဝ သ ဟ ဠ အံ

စာအုပ်တစ်အုပ်အကြောင်း

Image
 စာအုပ်တစ်အုပ်အကြောင်း ကျွန်တော် (၂၀၀၈) ခုနှစ်တွင် စာ စရေးပါသည်။ ပထမဆုံး ရေးသည့် ဝတ္ထုတိုမှာ အသဲကွဲရာသီ ဖြစ်၍ ရေးသည်မှ (၈)နှစ်အကြာ (၂၀၁၆ ဂျူလိုင်လထုတ် မဟေသီ) တွင် ပုံနှိပ်ခံရပါသည်။ ပြောလိုသည်က စည်းမျဉ်းစည်းကမ်းများ၊ ရေးထုံးရေးနည်းများကို မသိနားမလည်ဘဲ ရေးချင်စိတ်သက်သက်ဖြင့် ရေးခဲ့ခြင်း ဖြစ်သည်။

ကျွန်တော်ချစ်တဲ့ မြို့ကလေး

Image
 ကျွန်တော်ချစ်တဲ့ မြို့ကလေး ဒီမြို့လေးက ကျွန်တော့်မြို့လေး ဖြစ်တယ်။ ဒီမြို့လေးမှာ ကျွန်တော်မွေးဖွားတယ်။ မိုင်တိုင်(၃၅)ထိတိုင် ကျွန်တော် နေထိုင်ခဲ့တဲ့မြို့လေးပေါ့။ ဟိုး ခပ်ငယ်ငယ် ကလေးဘ၀က (၃)နှစ်နီးပါး မြို့လေးရင်ခွင်နဲ့ ဝေးခဲ့ရချိန်ကတော့ ချွင်းချက်ပေါ့။ ဒီမြို့ကလေးဟာ ကျွန်တော့်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေအစစ်ပါ။

စာရေးချင်သူများသို့

Image
စာရေးချင်သူများသို့ စာရေးသူ=ရွှေကူမေနှင်း                     စာရေးဆရာဖြစ်ဖို့ကြိုးပမ်းသူအာလုံးသည် လုံ့လ၀ီရီယထုတ်ရန်လိုကြောင်း အထူးပြောရန်လိုမည်မထင်ပါ။လုံ့လစိုက်ထုတ်ကြရသည်ချည်းဖြစ် သည်။သို့သော်လုံ့လစိုက်ထုတ်ကြပုံခြင်းကားတူညီခြင်းမရှိကြပေ။ထို့ကြောင့်လည်း အောင်မြင်မှု့ရပုံခြင်း မတူညီကြခြင်းဖြစ်သည်။ထိုသို့လုံ့လစိုက်ထုတ်ရာတွင် မရေးသားမှီလုံ့လစိုက်ထုတ်ရခြင်း၊ရေးသားဆဲလုံ့လစိုက်ထုတ်ရခြင်းနှင့် ရေးသားပြီးလုံ့လစိုက်ထုတ်ရခြင်းဟု ရှိပါသည်။

အ-အ အိပ်မက်

Image
အ-အ အိပ်မက်         ကျွန်တော်တို့အားလုံး ထာဝရ မအိပ်စက်ခင်ကြားမှာ ခဏခဏ အိပ်စက်ခဲ့ကြတယ်။ အိပ်စက်ချိန်တွေ၊ အိပ်ပျော်ချိန်တွေ မတူကြပေမယ့် အိပ်စက်ကြတဲ့အခါတိုင်း တချို့တွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့၊ တချို့တွေကတော့ ကြက်အိပ် ကြက်နိုးနဲ့ ခဏခဏလန့်နိုးလို့။ တချို့တွေကတော့ အိပ်စက်ဖို့အတွက် အိပ်ဆေးဆိုတာတွေနဲ့ မိတ်ဖွဲ့လို့။

ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၂)

Image
ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၂) ကလောင်အမည်=မောင်သာရ                 ရေဆိုတာ မြင့်ရာက နိမ့်ရာကို စီးတယ်လို့ပဲ ကြားဖူးပါတယ်။  ဒါပေမယ့် သည်နေရာမှာတော့ ငါလည်း မရေမရာ ဖြစ်တာနဲ့ မင်းကိုပဲ အားကိုးတကြီးနဲ့ ပြန်မေးရဦးမယ်။  ၅၅ - နှစ်ဆိုတဲ့ အရွယ်ဟာ သူငယ်ပြန်ပြီလား၊ ပြန်နိုင်ပြီလား၊ ပြန်တတ်ပြီလား။

ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၁)

Image
ရေးတတ်ရင် ဝတ္ထုဖြစ်တယ် (၁) [ဆရာမောင်သာရ ရဲ့ ရေးတတ်ရင် ဝတ္ထု ဖြစ်တယ် စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]                      မင်းက မင်းကို မမြင်တတ်ဘူး.. ပြောတော့လည်း မကြိုက်ဘူး။  သည်ခေတ်လောက် စာရေးချင်တဲ့ လူတွေအတွက် ရေးစရာ ပေါတာ ဘယ်ရှိမလဲ။  ငါ့မှာဆိုလဲ ရေးစရာတွေ တပုံတခေါင်းကြီး။  ရေးလို့ကို မကုန်နိုင်ဘူး။