Posts

Showing posts from July, 2015

လောကကို ပြောင်းလဲစေသည့် နီတိများ(၂)

Image
  လောကကိုပြောင်းလဲစေသည့် နီတိများ(၂) အတတ်ပညာနှင့်တူသော ဥစ္စာမရှိ၊ အတတ်ပညာကို သူခိုး မခိုးနိုင်၊ အတတ်ပညာသည် ဤလောက၌ မိတ်ဆွေကောင်းမည်၏၊ အတတ်ပညာသည် တမလွန်၌ ချမ်းသာကို ဆောင်တတ်၏။    ။             ရှေးပညာရှိတို့ ထားရှိခဲ့ကြသည့် ဆိုရိုးစကားများသည် ထိုခေတ်တွင်သာမက ယနေ့ခေတ်ထိတိုင် မှန်ကန်အသုံးဝင်နေသေးကြောင်း တွေ့ရသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှသည် ယနေ့ အနုမြူခေတ်အထိ  ပညာကိုသာ အလေးထားခဲ့ကြသည်။ ရှေ့တန်းတင်ခဲ့ကြ သည်။ ကျောက်ခေတ်တွင် အမဲလိုက်ခြင်းအတတ်ပညာသည် အရေးပါဆုံးကဏ္ဍ ဖြစ်ခဲ့သည်။ ယနေ့ခေတ်မှာတော့ များပြားလှစွာသော ပညာရပ်များစွာသည် ကဏ္ဍမျိုးစုံဖြင့် ရှိနေခဲ့ပြီဖြစ်သည်။ သင်ယူလိုသည့် ပညာရပ်ကို ရွေးချယ်သင်ယူနိုင်ခွင့် ရှိနေပြီဖြစ်သည်။

နေရာ

Image
နေရာ မျက်ဝန်းကို မှေးမှိတ်လိုက်စဉ် ညနေခင်းမှပုံရိပ်တို့က စိတ်အစဉ်တွင် ရုပ်ရှင်အနှေးပြကွက် တစ်ခုလို ပြန်ပေါ်လာ ကြသည်။ ကြင်နာနွေးထွေးသည့် ကိုကို့မျက်ဝန်းလေးများ ကို မြင်ယောင်မိစဉ် နှုတ်ခမ်းအစုံက ယောင်ယောင်လေး ပြုံးမိသွားသည်။ ဘေးမှာရှိနေသည့် ဖက်လုံးပြာပြာလေးကို ခပ်တင်းတင်းဖက်ကာ ခွလိုက်စဉ် ညာဒူးဆီမှ ခပ်စူးစူးနာကျင်မှု ကြောင့် မျက်နှာထက်မှအပြုံးက တစ်ပိုင်းတစ်စနှင့် ရပ်တန့်သွားသည်။ နှုတ်ဖျားမှ စကားသံတစ်ချို့ပင် ယောင် ၍ ထွက်သွားသည်။ ̏ မုန်းလိုက်တာ …˝

ကျွန်တော်နှင့် ထောင်

Image
ကျွန်တော်နှင့် ထောင်           ရသစာတမ်း ကျွန်တော်သည် အကျဉ်းသားတစ်ဦး ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် နှစ်ရှည်ကျခံနေရသည့် ထောင်သားတစ်ဦးဖြစ်သည်။ ကိုးနှစ်၊ ခုနှစ်လနှင့် သုံးရက်ဆိုသောအချိန်သည် သိပ်မကြာသေးပါဘူးဟု မှတ်ချက် ပေးရန်မသင့်သည့် ကာလအပိုင်းအခြား ဖြစ်သည်။           (၂၄)နှစ်အရွယ် လူငယ်တစ်ယောက်၏ လွတ်လပ်မှုနှင့် လဲယူခဲ့ရသည့် အကြောင်းခြင်းရာတစ်ခုသည် ခင်ဗျားအတွက်   စိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခု မဟုတ်နိုင်သည်မှာလည်း  

ကျွန်တော်နှင့် ကြယ်ပန်းလေးတစ်ပွင့်အကြောင်း

Image
ကျွန်တော်နှင့် ကြယ်ပန်းလေးတစ်ပွင့်အကြောင်း                 ဒါဟာ အချစ်အကြောင်း မဟုတ်ဘူး။ ကြယ်ပန်းလေးတစ်ပွင့် အကြောင်းပါ။ ကျွန်တော့်ရဲ့ အချစ်အကြောင်း မဟုတ်ပေမယ့် ကြယ်ပန်းလေးရဲ့ အချစ်အကြောင်းတော့ ဖြစ်မယ်ထင်ရဲ့။ သူမနဲ့ ကျွန်တော့်ရဲ့ပတ်သက်မှုက အဖြူရောင်သက်သက်ပါ။ အရိုးသားဆုံးပြောရရင် မတောင်းသင့်တဲ့ အကူအညီ လေး ခပ်သေးသေးတစ်ခု တောင်းမိတာကလွဲလို့ သူမအပေါ်မှာ ကျွန်တော် မမှားခဲ့ဖူးသလို သူမကလည်း ကျွန်တော့်အပေါ်မှာ အပြစ်ဆိုစရာ၊ စကားတင်းဆိုစရာ ကိစ္စလေးတစ်ခုတစ်လေတောင် မရှိခဲ့ဖူးလို့ ယုံကြည် ပါတယ်။ ကျွန်တော်က နားတစ်စုံပါ။ အကြည့်တစ်ချက်ဝေ့တာနဲ့ ကျွန်တော်ဘာဖြစ်မှန်းသိတဲ့ သူမရဲ့ နားတစ်စုံပါ။

ကျွန်တော်နှင့် တိမ်ချစ်သူများ

Image
ကျွန်တော်နှင့် တိမ်ချစ်သူများ ရသစာတမ်း             တကယ်တော့ တိမ်ဆိုသည်က ကောင်းကင်တွင် ပုံသဏ္ဌာန်တစ်မျိုးနှင့် စီးဆင်းနေသော မြစ်တစ်စင်းဖြစ်သည်။ သူတို့စိတ်တွေ ရွှင်ပျ နေချိန်မျိုးတွင် မိုးကောင်းကင်ထက်၌ ပုံသဏ္ဌာန်မျိုးစုံနှင့် တည်ရှိနေတတ်ကြသည်။ ငြိမ့်ငြိမ့်လေးရွေ့လျားရင်း တိမ်တစ်စုနဲ့ တစ်စု ပေါင်းသွားလိုက်၊ ခွဲသွားလိုက် လုပ်နေတတ်ကြသည်။             တစ်ခါတစ်ရံတွင် ခိုးခိုးခစ်ခစ်ရယ်သံနှင့် တီးတိုးပြောဆိုနေကြသည့် သူတို့၏အသံကိုတောင် ကြားရတတ်သည်။ ထိုအသံမျိုး သင် ကြားသိ လိုပါလျှင် သိပ်မကျယ်လောင်လှသည့် နှလုံးခုန်သံတစ်ခု ပိုင်ဆိုင်ထားဖို့လိုသည်။ သူတို့က ကျယ်လောင်သည့် အသံများနှင့် ကြမ်းရှသည့်အရာ များကို နှစ်သက်သူများ မဟုတ်ချေ။ သင်ဟာ တိမ်ချစ်သူတစ်ယောက်၊ သို့မဟုတ် တိမ်တွေကို ချစ်ဖို့ကြိုးစားနေသူတစ်ယောက်ဆိုလျှင် သည်အကြောင်းအရာတွေကို သိထားသင့်သည်။             တိမ်တွေက သိပ်ကို သိမ်မွေ့လွန်းသည်။ နူးညံ့ညင်သာလွန်းသည်။