Posts

Showing posts from 2021

ဒီဇင်ဘာ (၃၁)မှာ ရေးတဲ့စာ

Image
  ဒီဇင်ဘာ (၃၁)မှာ ရေးတဲ့စာ ဒီနေ့က ၂၀၂၁ ကို နှုတ်ဆက်မယ့် ဒီဇင်ဘာ (၃၁)ရက်နေ့ပါ။ ဗေဒင်ဆရာတွေ ဘယ်လိုဟောဟော ဒီဇင်ဘာ(၃၁)ကုန်ရင် နှစ်ကုန်တာပါပဲ။ အဲဒီလိုပဲ သူကုန်တာနဲ့ နှစ်သစ်တစ်ခုကို ရောက်တော့တာပါပဲ။ အဲဒီတော့ ည(၁၂)ထိုးတာနဲ့ “ Happy New Year ” ဆိုပြီး သံကုန်အော် ပျော်ခဲ့ကြတာပေါ့။

Who is he?

Image
  Who is he? ကိုထိန်တစ်ယောက် သူ၏မိတ်ဆွေတစ်ယောက်နှင့် ကျွန်တော့်အိမ်သို့ အလည်ရောက်လာသည်။ ထို့နောက် မိတ်ဆက်ပေးရင်း လာရသည့် အကြောင်းရင်းကို ပြောပြသည်။ “ သူက စိတ်မရွှင်ဘူး ဖြစ်နေတာ၊ မင်းက စာရေးဆရာဆိုတော့ ပေါက်တတ်ကရ အကြံဉာဏ်တွေပေးတတ်လွန်းလို့ ခေါ်လာတာ၊ ဘုန်းကြီးရူးနဲ့ လှေလူးဆိုသလို တည့်များသွားမလားလို့ ”

ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝ

Image
  ကိုယ့်စိတ်နဲ့ ကိုယ့်ဘဝ             ကျွန်တော် သူ့ဖန်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူ့စိတ်နဲ့သူ့ကိုယ် ရိုးရိုးသားသား နေတာကို ကြိုက်တယ်။ ဟိုတယ်လုပ်တုန်းက (Reception) နဲ့နီးတဲ့ သူ့အခန်း မနက်စောစော ရောက်သွားဖူးတယ်။ သူ့အမျိုးသမီးလည်း ရှိတယ်။ သူက သူ့အမျိုးသမီးကိုလှည့်စကားပြောနေရင်း ကျွန်တော့်ကို တံခါးဖွင့်ပေးတယ်။ အပြင်မှာ သူ့ကို ပထမဆုံး မြင်ဖူးတာပေါ့။

စိတ်ညစ်နေလား

Image
  စိတ်ညစ်နေလား သူငယ်ချင်း ကိုထိန်က မေးတယ်။ " မင်း အခုတလော မင်းပေ့ချ်မှာ သီချင်းဟောင်းတွေနဲ့ မင်းပုံတွေတင်နေတာ ဘာရည်ရွယ်ချက်နဲ့လဲ" ကျွန်တော်လဲ အိမ်သူကို ပြန်ဖြေပုံမျိုး မဟုတ်ဘဲ မာမာချာချာပဲ ပြန်ဖြေလိုက်တယ်။

မေမေအကြံပေး သင်တန်းကြီး

Image
မေမေအကြံပေး သင်တန်းကြီး မကြာခင် တက္ကသိုလ်တွေ ပြန်ဖွင့်တော့မည် ဖြစ်သည်။ ယခုမှ တက္ကသိုလ်စတက်ရမည့် သမီးဖြစ်သူအတွက် မိခင်ဖြစ်သူမှ လက်ချာကောင်းကောင်းပေးနေသည်မှာ သုံးလခန့်ပင် ရှိနေပြီဖြစ်သည်။ “ သမီးရေ၊ သမီးကို မေမေသင်ပေးနေတာ သုံးလနီးပါးရှိပြီနော်။ မေမေသင်ပေးတာတွေရော မှတ်မိရဲ့လား။ ဒီနေ့ဆို သင်ပေးနေတာတွေလဲ ကုန်သလောက်ရှိပြီ ” “ ဟုတ်ကဲ့ မှတ်မိပါတယ်မေမေ” “ ဒါဆို ကိုယ့်ကို တစ်ခန်းလုံး အာရုံစိုက်ခံရအောင် ပထမအဆင့်မှာ ဘာလုပ်ရမလဲ ပြောစမ်း သမီး ”

အရွယ်က စကားပြောတယ်

Image
အရွယ်က စကားပြောတယ်   တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်။ "အဘ ဘယ်သွားမလို့လဲ" "ဟိုဘက်ရွာ" "ဒါဆို အတူတူသွားကြတာပေါ့"

တို့တောရွာ

Image
တို့တောရွာ ပျိုလေးတို့ရွာ၊ သာပါစမေး။ သာပါတယ်၊ ရွာလယ်လမ်းမှာ ပန်းတွေနှင့်မွေး။

ကျွန်တော် ဘာမှားသွားသလဲ

Image
ကျွန်တော် ဘာမှားသွားသလဲ ဒီကနေ့ ကိုထူး အိမ်တွင်းအောင်းနေသည်။ ဘာ့ကြောင့်မှန်းမသိရဘဲ “ လုံးဝအပြင်မထွက်ရ ” ဆိုသည့် မိန်းမ၏ တစ်ချက်လွှတ်အမိန့်ဖြင့် အိမ်တွင်းအောင်းနေရခြင်းဖြစ်သည်။ အပြင်မထွက်ရသဖြင့် မင်းလူ၏ ရယ်မောခြင်းပေါင်းချုပ် စာအုပ်ဖြင့် ကိုထူးတစ်ယောက် ရွှင်မြူးနေလေသည်။ ရေမိုးချိုး၊ သနပ်ခါးလိမ်းပြီးနောက် အိပ်ခန်းတွင်းဝင်လာသည့် မဒီစံတစ်ယောက် ပြုံးဖြီးဖြီးနှင့် စာဖတ်နေသော သူ့ခင်ပွန်းကို တွေ့လိုက်သည်နှင့် မယာအလိမ္မာတို့၏ ထုံးစံအတိုင်း မျက်မှောင်ကုတ်လိုက်သည်။ ပြီးနောက် သူလျှိုမတစ်ယောက်၏ ဖြားယောင်းသည့် အသံမျိုးဖြင့် ခေါ်လိုက်သည်။

ကိုထိန်မှာ စက်ရုပ်တစ်ရုပ် ရှိသည်

Image
ကိုထိန်မှာ စက်ရုပ်တစ်ရုပ် ရှိသည် ကိုထိန်တစ်ယောက် ဂျပန်မှာအလုပ် လုပ်သည်။ ဂျပန်တွေ၏ အလုပ်ကြိုးစားပုံနှင့် ယဉ်ကျေးသည့် အပြုအမူများကို သဘောကျသည်။ အထူးသဖြင့် အပြစ်ကျူးလွန်မိထားလျှင် လိမ်မပြောတတ်ပုံများကို ချစ်သည်။

ဗျည်းဖို ဗျည်းမ

Image
ဗျည်းဖို ဗျည်းမ မြန်မာဗျည်း ၃၃ လုံးရှိရာမှာ အသံဖြစ်ရာ နေရာ ဌာန်တူရာ ဗျည်းတွေကို ” ဝဂ် ” လို့ခေါ်ပါတယ် ။ အစု လို့အဓိပ္ပါယ်ရပါတယ် ။ ” က ၊ ခ ၊ ဂ ၊ ဃ ၊ င ” တို့ဟာ အသံဖြစ်ရာ ဌာန် တူကြပါတယ် ။ ( အသံဖြစ်ရာ ဌာန်တူတယ် ဆိုတာက အသံထွက်ဖို့ ပါးစပ်အနေအထား တူတာ လို့ အကြမ်းဖျင်းမှတ်လို့ရပါတယ် ) ယင်းဗျည်း ၅ လုံးအစုကို ဝဂ် လို့ခေါ်ပါတယ် ။ ” က ” နဲ့စလို့ ” ကဝဂ် ” လို့အမည်တွင်ပါတယ် ။ ဝဂ် ပါတဲ့ဗျည်းများကို ဝဂ်ဗျည်း လို့ ခေါ်ပါတယ် ။

မြန်မာစာမှာ စာလုံးဆင့်ခြင်း

Image
  မြန်မာစာမှာ စာလုံးဆင့်ခြင်း မနေ့က စာလုံးဆင့်ရခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ စာပေမှာ အက္ခရာကို ထပ်ပြီး ရေးသားနိုင်တဲ့ ဘာသာစကားက အများကြီးတော့ မရှိပါဘူး။ စားရေးသားဖို့အတွက် အထောက်အပံ့ပစ္စည်းရယ်လို့ မတွင်ကျယ်မီတုန်းက ကျောက်ပြားပေါ်၊ ကြေးပြားပေါ်၊ ပေရွက်ပေါ်မှာ စာတွေကို ရေးသားကြရပါတယ်။ နေရာပေါ်မူတည်ပြီး အက္ခရာတွေကို ဆင့်ပြီး သုံးခဲ့တာတွေ မွေးစားစကားလုံလေးတွေ လေ့လာစရာတွေကတော့ အများကြီးပါပဲ။

သတ်ပုံကဗျာ

Image
သတ်ပုံကဗျာ တောတောင်စိမ်းလန်း စိတ်စွဲလမ်း မခွဲစတမ်း နေပါမည်။ အသားမည်းမည်း အသည်းထဲ တစ်ဦးတည်းကို ချစ်ပါမည်။

အမှန်တရားဟာ ယုံချင်စရာမကောင်းဘူး

Image
အမှန်တရားဟာ ယုံချင်စရာမကောင်းဘူး             အမြွှာညီအစ်ကို သို့မဟုတ် အမြွှာညီအစ်မများကြားတွင် ထူးခြားသော အဖြစ်အပျက်များ၊ ထူးဆန်းသော ဆက်နွယ်မှုများ ရှိတတ်သည်။ တစ်ယောက်နှင့်တစ်ယောက်ကြားရှိ တူညီသည့်အဖြစ်အပျက်များသည် တစ်ခါနှစ်ခါ သို့မဟုတ် သုံးခါဆိုလျှင် တိုက်ဆိုင်မှုဆိုသည့် ခေါင်းစဉ်အောက်သို့ ပို့ရမည် ဖြစ်သည်။ ထိုထက်ပို၍ တိုက်ဆိုင်လာလျှင်မှု ထူးဆန်းမှုဟု ခေါင်းစဉ်တပ်ရတော့မည် ဖြစ်သည်။ ထိုထက်ပိုတိုက်ဆိုင်လာလျှင်ကား မဖြစ်နိုင်ဘူးဟူ၍လည်းကောင်း မယုံနိုင်ဘူး ဟူ၍လည်းကောင်း မျက်စိနှင့်မြင်နေရသည့်တိုင်၊ ကိုယ်တိုင်ကြုံတွေ့ နေရသည့်တိုင် ငြင်းဆိုချင်လာတော့သည်။ အောက်ပါအဖြစ်အပျက်သည် ကျွန်တော်ကိုယ်တိုင် ငြင်းဆိုချင်မိသည့် အဖြစ်အပျက် ဖြစ်ပါသည်။

ငါ စိတ်တိုတယ်

Image
               မဒီစံ ရိုက်ပြီး သူနဲ့လိုက်သွားရမလား။ မဖြစ်သေးပါဘူး မဒီစံက ကိုယ့်ရိုက်နေကျကို။ အစဉ်အလာတွေ ပျက်သွားလိမ့်မယ်။ သူ့ရိုက်ပြီး မဒီစံနဲ့ ဇာတ်ပေါင်းထုတ်တာ ကောင်းမယ်ထင်တယ်။ အဲ အဖြစ်က ဒီလိုပါ။

ကျေးဇူးပြု၍ ဤမေးခွန်းကို ဖြေပါ

Image
  ကျေးဇူးပြု၍ ဤမေးခွန်းကို ဖြေပါ တစ်နေ့က ကျွန်တော့်အိမ်သို့ ကိုထိန်ရောက်လာသည်။ “ စာရေးဆရာ၊ ဘယ်လိုလဲ အပြင်မထွက်ပါလား ” ကျွန်တော်က လေသံတိုးတိုးဖြင့် “ အေးကွ၊ အပြင်မထွက်ဖြစ်တာ ကြာပြီ ” “ မင်း လေသံက တစ်မျိုးပါလား၊ အသံဝင်နေတာလား၊ နေမကောင်းတာလား ”

Mask တပ်ပါ

Image
Mask တပ်ပါ တစ်နေ့က အပြင်သွားမလိုပြင်တော့ ကျွန်တော့်သားပြောနေတာကို တစ်စွန်းတစ ကြားလိုက်ရတယ်။ "ဟေ့ရောင် ပြည်စိုး၊ ကိုဗစ်ဖြစ်တဲ့သူတွေက ကိုဗစ်ကြောင့် သေတာ မဟုတ်ဘူးကွ " " ဟမ်၊ ဒါဖြင့် ဘာ့ကြောင့်သေတာလဲကွ "

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

Image
    လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ စကားပြောတဲ့အခါမှာပဲဖြစ်ပစေ၊ စာချရေးတဲ့အခါမှာပဲဖြစ်ပစေ လိပ်ပတ်လည်အောင် ပြောတတ် ရေးတတ်သူဟာ သူပြောတဲ့ရေးတဲ့စာကို အစ၊ အလယ်၊ အဆုံး ပြည့်စုံအောင် ပြောပြတတ် ရေးပြတတ်သူဖြစ်ပါတယ်။  တချို့က သူ ဘာပြောချင်တယ်ဆိုတာ သူကိုယ်တိုင်က ဂဃနဏ မသိထား မစဉ်ထားလို့ နားထောင်ရတဲ့သူ ဖတ်ရှုရသူဟာ အဓိပ္ပါယ်ရှင်းလင်း ပြည့်စုံအောင် မသိနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အသိရှုပ်ရင် အပြောလည်း ရှုပ်တော့တာပါပဲ။

သူငယ်ချင်းတစ်ယောက်အကြောင်း

Image
သူငယ်ချင်းတစ်ယောက်အကြောင်း   ဖူးစာမဆုံတဲ့အခါ တချို့တွေက အပျိုကြီး၊ လူပျိုကြီးအဖြစ် တစ်သက်လုံး နေသွားကြတယ်။ တချို့တချို့တွေကတော့...။ ကျွန်တော့်မှာ ကိုထက်ဆိုတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ရှိတယ်။ အကြောင်းကြောင်းကြောင့် ငယ်ရည်းစားနဲ့လွဲပီး အောင်သွယ်နဲ့ ညားခဲ့ရတယ်။

ပညာရှိ

ပညာရှိ     လူတွေက ပညာရှိကြီးတစ်ယောက်ဆီကို မကြာခဏလာပြီး  ၎င်းတို့၏တူညီတဲ့ပြဿနာတွေကို အချိန်တိုင်း မေးတတ်ကြသည်။ တစ်နေ့တွင် သူက ရယ်စရာအကြောင်းအရာတစ်ခုကို သူတို့အားပြောပြသည်။ လူတိုင်း ကျယ်လောင်စွာ ရယ်မောကြသည်။     နောက်နှစ်မိနစ်လောက်ကြာပြီးနောက် သူက ထိုရယ်စရာအကြောင်းအရာကိုပင် ထပ်ပြောသည်။ သူတို့ထဲမှ တချို့သာ ပြုံးကြတော့သည်။     သူ တတိယအကြိမ်အဖြစ် ထိုရယ်စရာအကြောင်းအရာကို ထပ်ပြောပြသည့်အခါမှာတော့ မည်သူမျှ မရယ်ကြတော့ချေ။     ထိုအခါတွင်မှ ပညာရှိကြီးက ပြုံး၍ပြောသည်မှာ " သင်တို့တတွေ ရယ်စရာတစ်ခုကို ထပ်ခါထပ်ခါ ပြောနေရင် မရယ်ချင်ကြတော့ဘူးနော်။ ဒါဆို ဘာ့ကြောင့်များ ပြဿနာတူတူတွေကို တွေ့တိုင်း အမြဲတမ်း ငိုကြွေးနေကြတာပါလိမ့် ..." (မှတ်ချက်။ စိုးရိမ်ပူပန်စိတ်သည် ပြဿနာကို မဖြေရှင်းနိုင်ချေ။ ၎င်းသည် သင်တို့၏ အချိန်နှင့် စွမ်းအားကို ဖြုန်းတီးရုံသက်သက်သာဖြစ်တော့သည်။) ရှဥ့်ညိုလေး (၈.၂.၂၀၂၁ နေ့လည် ၁း၂၈ မိနစ်) The Wise Man People have been coming to the wise man, complaining about the same problems every time. One day he told them a joke and everyone roared in laughter. After a couple of minutes, he told t

ဝမ်းနည်းနေတဲ့ ညနေ

Image
  ဝမ်းနည်းနေတဲ့ ညနေ နှစ်တိုင်း ဆွမ်းကုသိုလ် လုပ်ဖြစ်တဲ့၊ လပြည့်တိုင်း ဆွမ်းချိုင့်လှူနေကျဖြစ်တဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ဘုရား ဒီနေ့ ပျံလွန်တော်မူတယ်။ ဆေးရုံတက်ရတဲ့သတင်း ကြားရကတည်းက စိတ်ထဲ မကောင်းဘူး။ နောက်ပြီး ဆရာ ကျော်ကျည်ခိုင်(ဒီပဲယင်း)ဆုံးကြောင်း ဒီနေ့ညနေမှ သိရတယ်။ ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်းမိတ်ဆက်ပွဲတိုင်း တက်ပေးတတ်တဲ့ဆရာ အမှတ်(၁၆)မှာ မတက်ပေးနိုင်တော့ဘူးပေါ့။ ဆရာ၊ ဆရာမများအားလုံး၊ လေးစားချစ်ခင်ရတဲ့ သူငယ်ချင်း၊ မိတ်ဆွေအားလုံး ကျန်းမာချမ်းသာကြပါစေ။ ကျွန်တော့်ပေ့ခ်ျမှာ တင်သမျှ ဖတ်ပေးနေကြတဲ့ စာဖတ်သူအားလုံး ကျန်းမာချမ်းသာပြီး ဘေးကင်းပျော်ရွှင်ကြပါစေ...။   ရှဥ့်ညိုလေး (26.1.2021 6:22pm)

"အခြေခံ ၀တ္ထုတိုဖန်တီးနည်း"

Image
  "အခြေခံ ၀တ္ထုတိုဖန်တီးနည်း" ၀တ္ထုတိုတစ်ပုဒ် ဘယ်လိုဖန်တီးရမလဲဆိုတာ မပြောကြားသေးခင် ၀တ္ထုတိုဆိုတာ ဘာလဲဆိုတဲ့ အကြောင်းကို အရင်ဦးဆုံး ရှင်းပြချင်ပါတယ်။ဝတ္ထုတိုဆိုတာ လူ့ လောကအဖြစ်အပျက်တွေထဲက အကြောင်းအရာလေးတစ်စကို စာဖတ်သူရင်ထဲ စွဲငြိသွားရလေအောင် ရေးသားဖန်တီးရတဲ့ အနုပညာပစ္စည်းတစ်ရပ်ပါ။အချိန်တိုတိုလေးအတွင်းမှာ တစ်ထိုင်တည်းဖတ်လို့  ရတဲ့အတွက်လည်း ၀တ္ထုတိုလို့  ခေါ်ဆိုနိုင်ပါတယ်။ဝတ္ထုတိုတစ်ပုဒ် ဖန်တီးရာမှာ အခြေခံကျတဲ့ လိုအပ်ချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ ၁။ "စု၊တု၊ပြုပါ" ပထမဦးဆုံးအနေနဲ့  ၀တ္ထုတိုတစ်ပုဒ် ဖန်တီးရာမှာ စာရေးဆရာကြီး မင်းသုဝဏ် ပြောကြားခဲ့ဖူးတဲ့ "စု၊တု၊ပြု" ကို အရင်ဦးဆုံး လိုက်နာဖို့ လိုအပ်ပါတယ်။"စု"ဆိုတာ စာများများ ဖတ်ပါလို့ ဆိုလိုတာပါ။ ၀တ္ထုတိုဖန်တီးချင်တဲ့ လူတွေဟာ ၀တ္ထုတိုများများဖတ်ဖို့  လိုအပ်ပါတယ်။ဒီလို များများဖတ်ခြင်းအားဖြင့် ၀တ္ထုတိုတစ်ပုဒ် ရေးတဲ့နေရာမှာ ဘယ်လို သယ်သွားတာ၊ဘယ်လို ပဋိပက္ခဖြစ်သွားတာ၊ ဘယ်လို ဖြည်သွားတာ၊ဘယ်လို ဇာတ်သိမ်းသွားတာ စတာတွေကို သိလာရမှာပါ။ တစ်နည်းအားဖြင့် ၀တ္ထုတိုတစ်ပုဒ်ချင်းစီရဲ့ စီးဆင်းမှုအလျဉ်ကို မြင်ရသိရမ

ကျွန်တော့်လက်ကလေး တိုသွားပြီ

Image
  ကျွန်တော့်လက်ကလေး တိုသွားပြီ   ကျွန်တော် အလုပ်ကိစ္စတစ်ခုဖြင့် (၃)လမျှ ခရီးထွက်၍ ပြန်လာချိန်က ဖြစ်သည်။ အိမ်ပြန် လက်ဆောင်ပစ္စည်းများ ဝေငှပြီးနောက် အခန်းထဲသို့ ဝင်လာခဲ့သည်။ မှန်ဘီရိုရှေ့တွင် ခေါင်းဖြီးနေသည့် မဒီစံကို နောက်မှနေ၍ ဖက်လိုက်သည့်အခါ စည်ပိုင်းကို ဖက်ထားရသလို လက်က ဟိုဘက်ဒီဘက် မထိ။ " ဟာ... စံ... တော်တော် ဝလာတာပဲနော် ... " " အမယ် မဝပါဘူးနော်... ရှင့်လက်တွေကသာ တိုလာတာရှင့် ... " " ဟမ့် ... " (မှတ်ချက်။ ထိုအခါမှ စ၍ လက်တိုသွားသည့် ကျွန်တော့်မှာ လက်ပြန်မရှည်လာသည်က ယခုချိန်ထိပင် ဖြစ်သည်။)   ရှဥ့်ညိုလေး (၁၅.၁.၂၀၂၁)

အခဈြတဲ့...

Image
  အချစ်တဲ့...   အချစ်တဲ့... ရင်ခုန်စရာ သိပ်ကောင်းတယ် သူလာမယ့်လမ်းမှာ စောင့်ရတာ။ အချစ်တဲ့... ရင်ခုန်စရာ သိပ်ကောင်းတယ် ကျူရှင်အဆင်းမှာ စောင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် သူနဲ့ စက်ဘီးချင်းယှဉ်စီးရင်း စကားပြောရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် အအေးဆိုင်မှာထိုင်ရင်း မျက်နှာလေး ငေးခွင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် သူ့အိမ်နားမှာ ဂစ်တာသွားတီးခဲ့ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ခုံတန်းပြာမှာထိုင်ရင်း သူလက်ကလေး ကိုင်ခွင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ပထမဆုံးပွင့်ခဲ့ရတဲ့ အနမ်းဟာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ကောင်းကင်ကြီးကိုကြည့်တိုင်း သူ့မျက်နှာကို မြင်ခွင့်ရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် ညနေကြယ်လေးကိုကြည့်ရင်း သူ့ကိုလွမ်းရတာ။ အချစ်တဲ့ ရင်ခုန်စရာ သိပ်ကောင်းတယ် နားထောင်မိတဲ့သီချင်းတိုင်း ကိုယ်တို့အတွက်စပ်ထားတာ။ နောက်ပြီး ... ကိုယ်ရေးလိုက်တဲ့ စာသားတိုင်း ကိုယ်ရွတ်လိုက်တဲ့ ကဗျာသားတိုင်း ဆိုညည်းမိတဲ့ သီချင်းတိုင်း သူ့အတွက်မို့ ရင်ခုန်ဖို့ သိပ်ကောင်းတယ် အချစ်တဲ့ ... ။ ။   ရှဥ့်ညိုလေး (၂၆.၆.၂၀၁၈ ညနေ ၅း၂၀ မိနစ်)

အလေးအပင်မ-မရ

Image
  အလေးအပင်မ-မရ လုလု တစ်ယောက် ထိုင်ခုံပေါ်ထိုင်နေစဉ် သူ့ချစ်သူက လှမ်းပြောလိုက်သည်။ " လု...မင်းကွာ နေစိမ့်လိုက်တာ၊ ဒီမှာ ပစ္စည်းတွေ ကူသိမ်းပေးဦးဟ။ ထိုင်ခုံနဲ့ ကော်ကပ်ထားသလား အောက်မေ့ရတယ်။ မင်း တင်ပါးကို ထိုင်ခုံပေါ်က မပြီး ဒီနားကြွပါဦးဗျ" " ဆရာဝန်က မှာထားတယ်လေ၊ ရှင်မမှတ်မိဘူးလား။ အလေးအပင် မ-မ ရဘူးဆိုတာကို၊ ထိုင်ခုံပေါ်က မ-ဖို့ဆိုတာ လွယ်မှတ်နေ..." (မှတ်ချက်။ လုလု၏ ချစ်သူ ဘယ်သူလဲဆိုတာကို မမေးရ။) ပုံ/ လုလု၏ ချစ်သူ

ငါမြင်ခဲ့တယ်

Image
ငါမြင်ခဲ့တယ်   ဆိုရိုးရှိတယ် မပြီးခင် ဗမာမမြင်စေနဲ့တဲ့... ဒါပေမယ့် ငါမြင်ခဲ့တယ်...။ ဒေါင်ဒင်ပေးတဲ့ တာဝါရှင် အနီရဲရဲဆင်လို့...။ ကာလံ၊ ဒေသံ သူမသိ နွေပူ၊ လေပူ၊ ရေဆူဆူမှာ ငရဲတစ်ကောင်လို အရဲဆင်နဲ့...။ ငယ်တုန်းက စာသင်ခန်း နာမည်ရေးခဲ့ စားပွဲခုံထက် နောင်တစ်ချိန် အမှတ်ရချင်ဇောနဲ့ ပေါတောတော လုပ်ရပ်တွေ ခုထိကို အဆုံးမသတ်တော့ လမ်းဆုံးထိလျှောက်စရာမလို မူကြည့်တာနဲ့ သိတယ် လူကြည့်တော့လည်း ချစ်ဖွယ်(ညစ်ကျယ်) ဘာလုပ်ခဲ့တယ် မပြောပါနဲ့ ဘာလုပ်ပြီးလဲ...မမေးချင်ဘူး မပြီးခင် ဗမာမမြင်စေနဲ့တဲ့ ဒါပေမယ့်... ငါ...မြင်ခဲ့တယ်...။   ရှဥ့်ညိုလေး https://shintnyolay.blogspot.com (PS: နားရက် အပြင်ထွက်၍ နေပူမိကာ ကယောင်ကတမ်းရေးခြစ်မိသော အက္ခရာများသာ ဖြစ်ပါသည်။ ကဗျာမဟုတ်ပါ၊ စာမဟုတ်ပါ၊ အက္ခရာများ စုဖွဲ့ထားခြင်းဟုသာ မြင်ပေးပါရန်...) (28.3.2017)(3:10)PM

အလိုရှိသည်...

Image
အလိုရှိသည်...   တီဗီပြင်ဆရာမှ တီဗီကိုဖွင့်ကြည့်သည်။ ထို့နောက် စကိုင်းနက်မှ လိုင်းများကို တစ်လိုင်းပြီး တစ်လိုင်း ပြောင်းကြည့်သည်။ ရီမုကွန်ထရိုးကို ကိုင်ကာ အသံအတိုးအကျယ် လုပ်ကြည့်သည်။ ရီမုမပါဘဲနှင့် တီဗီမှခလုတ်နှင့်ပင် အသံအတိုးအကျယ် ကစားကြည့်သည်။ ထို့နောက် ကျွန်တော့်ဘက်သို့လှည့်ကာ မေးသည်။ ဘာမေးမှန်းမသိ၍ ကျွန်တော် ကြောင်ကြည့်နေသည်။ သူက ထပ်မေးသည်။ ကျွန်တော် ဘာပြောမှန်းမသိ၍ မေးဆတ်ပြလိုက်သည့်အခါ သူက စိတ်တိုလာဟန်ဖြင့် အနားကပ်ကာ အော်ပြောသည်။ " ဘာဖြစ်လို့လဲဗျ၊ တီဗီက အကောင်းကြီးပဲ..." " မနေ့ညက ဘော်လုံးပွဲကြည့်နေရင်း တစ်လက်မခွဲသံနဲ့ နားဖာချေးကလော်နေတုန်း ဗြုန်းဆို အသံပျောက်သွားတာပဲဗျ..." ထို့နောက် သူ၏ ပစ္စည်းလေးများကိုသိမ်းကာ ပြန်သွားသည်။ ဆရာဝန်နှင့်ပြရန် အကြံပေးသွားသည်ကို ကျွန်တော် နားစွန်နားဖျား ခပ်တိုးတိုးကြားလိုက်ရသည်။ ထိုသူ ရူးနေတာပဲ ဖြစ်နိုင်သည်။ သို့မဟုတ် စိတ်မနှံ့တာလည်း ဖြစ်နိုင်သည်။ တီဗီအသံပျောက်သွား၍ ပြင်ခိုင်းသည်ကို ဆရာဝန်ပြခိုင်းနေ၍ ဖြစ်သည်။ ၎င်းနောက် နှစ်ယောက်မျှသော တီဗီပြင်ဆရာများကို အိမ်ခေါ်ပြင်ခိုင်းသော်လည်း အဆင်မပြေသောကြောင့် အိမ်မှတီဗီကို ဒီအတိုင်းပင် ထားလိုက်ရသည

အာဖရိကမြက်တွေ ထားစဉ်က

Image
အာဖရိကမြက်တွေ ထားစဉ်က မဒီစံက ဖိလစ်ပိုင်ကားတွေကြည့်တယ်။ ဇာတ်လမ်းတွဲလာတဲ့အချိန်ဆို ပုတီးစိပ်နေရင်းတောင် စိတ်ပုတီးဆွဲပြီး တီဗွီရှေ့ရောက်တယ်။ အဲဒီထဲကမင်းသားက အာဖရိကမြက်တွေနဲ့၊ အကြည့်က ဒွေးအကြည့်။ မျက်ခုံးလေးနှစ်စအောက်ချပြီး ပြုံးစိစိနဲ့ကြည့်တာ။ မခိုင်တဲ့ကျောင်းပြိုလိမ့်ဆိုတဲ့သဘောမျိုးပေါ့။ မခိုင်တဲ့ ငတိမတွေ ယိုင်ဆင်းပေါ့။ ပြေတီဦးလို ကလေးမြူတဲ့အသံနဲ့ ထန်းညက်ရေဖြန်းတဲ့ အပြုံးမျိုးမဟုတ်ဘူး။ အိမ်ကအဒေါ်ကြီးက အခုလွှင့်နေတဲ့ ဖိလစ်ပိုင်ကားကို အလွတ်မခံတော့ သတိထားကြည့်တယ်။ အာဖရိကမြက်နဲ့ မင်းသားကြွေသလားမသိတော့ သူ့တုပြီး မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွှေးထားကြည့်တာပါ။ ဘာရုပ်ပေါက်သွားလဲဆိုတော့ မြင်တဲ့အတိုင်းပဲဗျ။ ကိုယ့်ပုံကိုယ်ကြည့်ပြီး ဘာနဲ့တူတယ်လို့တောင် မပြောဝံ့ဘူး ဖြစ်သွားတယ်။ နောက်ရက်မှ အာဖရိကမြက်တွေရှင်းပြီး ပုံတင်ပါဦးမယ်။ ဟဟတောင်းတဲ့ပို့စ်လို့ မပြောကြေး ...။   ရှဥ့်ညိုလေး (21.1.2021 8:44pm)

ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ်

Image
  ကျွန်တော်တို့အားလုံး စိတ်ကူးယဉ်ဖူးတယ် ကျောင်းတက်တုန်းက ကျောကုန်းဘုကြီးပါတဲ့ စုံတွဲရယ်၊ ပိုလီယိုဖြစ်နေလို့ ဂျိုင်းထောက်နဲ့သွားတဲ့ စုံတွဲရယ် တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် နှစ်တွဲစလုံးက ယောကျာ်းလေးက ချို့ယွင်းတာ။ မိန်းကလေးတွေက ချစ်ရင် သတ္တိရှိသွားကြတယ် ထင်ပါတယ်။ ယောက်ျားလေးလဲ ရှိမှာပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆိုရင် ခုထိ သူ့ဇနီးအပေါ် သစ္စာရှိတုန်း။ သူ့ဇနီးက ခြေထောက်ထော့ကျိုးဖြစ်နေတာပါ။ ကျွန်တော် ပြောချင်တာက လူတိုင်း အလှကြိုက်ပါတယ်။ စိတ်ကူးထဲမှာ ရုပ်ဆိုးကြီးနဲ့တွဲပြီး၊ ချို့ယွင်းသူနဲ့တွဲပြီး စိတ်ကူးယဉ်ဖူးမယ် မထင်တာကို ပြောတာပါ။ ရုပ်ရှင်ထဲမှာတောင် ပန်းခြံထဲပတ်ပြေးကြတော့ လုလုပပလေးတွေချည်းပဲ။ ကိုယ့်စိတ်ကူးထဲ ယဉ်ကြည့်တော့လဲ လှလှပပလေးပေါ့။ တို့ကတော့ စိတ်ထားကောင်းတဲ့သူနဲ့ပဲ ပေါင်းတယ်တို့၊ စိတ်လှတာပဲ ရွေးတယ်တို့ဆိုတာတွေကို မယုံတာပါ။ လူဆိုတာ အမြဲတမ်း မကောင်းဘူး၊ အမြဲတမ်း မဆိုးဘူးလို့ ယူဆထားတာပါ။ အဲဒါ ကျွန်တော် ခံယူချက်သက်သက်ပါ။ ကိုယ်သဘောကျရွေးချယ်ပြီးတဲ့နောက် ခဏခဏ မပြောင်းဖို့ ပြောချင်တာပါ။ လူဆိုတော့ တချို့အိမ်ထောင်တစ်ဆက်၊ နှစ်ဆက်ရှိတတ်ကြပါတယ်။ မှားခဲ့တယ်ဆိုရင်တောင် ခဏခဏမမှားဖို့ပြောချင်တာပါ။ နိုင