အာဖရိကမြက်တွေ ထားစဉ်က

အာဖရိကမြက်တွေ ထားစဉ်က

မဒီစံက ဖိလစ်ပိုင်ကားတွေကြည့်တယ်။ ဇာတ်လမ်းတွဲလာတဲ့အချိန်ဆို ပုတီးစိပ်နေရင်းတောင် စိတ်ပုတီးဆွဲပြီး တီဗွီရှေ့ရောက်တယ်။ အဲဒီထဲကမင်းသားက အာဖရိကမြက်တွေနဲ့၊ အကြည့်က ဒွေးအကြည့်။ မျက်ခုံးလေးနှစ်စအောက်ချပြီး ပြုံးစိစိနဲ့ကြည့်တာ။ မခိုင်တဲ့ကျောင်းပြိုလိမ့်ဆိုတဲ့သဘောမျိုးပေါ့။ မခိုင်တဲ့ ငတိမတွေ ယိုင်ဆင်းပေါ့။ ပြေတီဦးလို ကလေးမြူတဲ့အသံနဲ့ ထန်းညက်ရေဖြန်းတဲ့ အပြုံးမျိုးမဟုတ်ဘူး။ အိမ်ကအဒေါ်ကြီးက အခုလွှင့်နေတဲ့ ဖိလစ်ပိုင်ကားကို အလွတ်မခံတော့ သတိထားကြည့်တယ်။ အာဖရိကမြက်နဲ့ မင်းသားကြွေသလားမသိတော့ သူ့တုပြီး မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွှေးထားကြည့်တာပါ။ ဘာရုပ်ပေါက်သွားလဲဆိုတော့ မြင်တဲ့အတိုင်းပဲဗျ။ ကိုယ့်ပုံကိုယ်ကြည့်ပြီး ဘာနဲ့တူတယ်လို့တောင် မပြောဝံ့ဘူး ဖြစ်သွားတယ်။ နောက်ရက်မှ အာဖရိကမြက်တွေရှင်းပြီး ပုံတင်ပါဦးမယ်။ ဟဟတောင်းတဲ့ပို့စ်လို့ မပြောကြေး😊...။
 
ရှဥ့်ညိုလေး
(21.1.2021 8:44pm)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward