Tik Tok ဆော့တဲ့ သူငယ်ချင်းများ

Tik Tok ဆော့တဲ့ သူငယ်ချင်းများ

Tik Tok ဆိုတာ ဘာလည်းလို့ လေ့လာကြည့်မိတယ်။ သူက ကျွန်တော့်ထက် ကွန်ဖီးလ်ဒင့် ဆိုးဟိုက်ဗျ။ ကျွန်တော်က ဖေ့စ်ဘွတ်ခ်မှာ ပေ့ခ်ျမှာ ခရီးသွား ဘလော့ကာလိုလို၊ ဓာတ်ဆရာ လိုလိုနဲ့ ထင်တလုံးဖြစ်ပြီး ပုံတွေတင်တာ။ Tik Tok မှာက (MTV)သရုပ်ဆောင်ချည်းဗျာ။ အပြင်မှာ ရူပါက အေးမြတ်သူ အအေးမိနှာစေး ကြော်ငြာတုန်းက ပုံနဲ့။ (Tik Tok)မှာက လက်ရှိအေးမြတ်သူရဲ့ ပုံဖြစ်သွားသလောက်ကို ကွာတယ်။ သူငယ်ချင်းတစ်ယောက်ဆို သူ့ကိုယ်သူ ဗွီစီဒီ မင်းသားမှတ်ပြီးကို ကစားတာ။ အဲဒီတော့ ပထမတစ်မျိုးက မင်းသား၊ မင်းသမီးပေါ့။ ဒုတိယတစ်မျိုးက စုလှိုင်ဝင်းတို့လို ဘော်ဒီပြ အလှဆော့တာ။ စကတ်တိုတို၊ ဘောင်းဘီတိုတိုဝတ်၊ ပေါင်မှာ ခါးပတ်လို ပေါင်ပတ်လေးတောင် ပါသေး။ ဘာခေါ်လဲတော့ မသိပါဘူး။ သူကကျ လက်တွေကို ဟိုဘက်ဝိုက်၊ ဒီဘက်ဝိုက် ကတယ်။ လက်မထောင်ပြီး ကုလားမ လက်ကောက်ခါသလို ကတယ်။ ရင်ဘတ်ကို နှစ်ခါ သုံးခါလောက် ကော့တယ်။ တင်ပါးကို ဟိုဘက်ဒီဘက် ပစ်တယ်။ ပစ်တဲ့အချိန် အများအားဖြင့် ရှေ့လက်နှစ်ဖက်ချ ထားတတ်တယ်။ တတိယ တစ်မျိုးကျ ဟာသလုပ်တာပေါ့။ ဟာသ (Tik Tok)။ စတုတ္ထတစ်မျိုးကကျ အညံ့ဆုံး။ ခန္ဓာကိုယ်ပုတ်ပြပြီး ညစ်ညစ်ကြမ်းကြမ်း စကားတွေ ပြောပြီး ဆော့တာ။ ကျွန်တော်ကတော့ (Tik Tok) မဆော့တတ်ပါဘူး။ သူငယ်ချင်းတွေ ဆော့ကြတယ်ဆိုလို့ လေ့လာကြည့်တာ။ ယောက်ျားလေးနှစ်ယောက်ကတော့ မင်းသားထင်ပြီး ဆော့လွန်းလို့ အန်လိုက်တယ်။ ခဏခဏလည်း တဂ်တွဲတာကိုး။ မိန်းကလေးထဲကတော့ စုလှိုင်ဝင်း ကို ဖောလိုးလုပ်ထားတယ်။ (Dancer)ဆိုတော့လေ။ လေးငါးပုဒ်လောက်ကြည့်မိတော့ ကကွက်တွေထပ်နေရော။ သူ့ကိုတွေ့ရင် ပြောပေးပါ သူ့ပရိတ်သတ်တစ်ယောက်က ပျင်းလာပြီလို့😊။ ခင်ဗျားရော (Tik Tok)ဆော့လား။ ဘယ်အမျိုးအစားတွေ ဆော့ဖြစ်လဲ။ ကျွန်တော်လည်း ကွန်ဖီးဒင့်တွေ ဆိုးဟိုက် ဖြစ်လာရင် ဆော့မှာပါ...။

 

ရှဥ့်ညိုလေး

(၃၀.၁.၂၀၂၁ ညနေ ၅း၀၆မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း