အချစ်တဲ့...

 

အခ်စ္တဲ့...

 
အခ်စ္တဲ့...
ရင်ခုန်စရာ သိပ်ကောင်းတယ်
သူလာမယ့်လမ်းမှာ စောင့်ရတာ။
အချစ်တဲ့...
ရင်ခုန်စရာ သိပ်ကောင်းတယ်
ကျူရှင်အဆင်းမှာ စောင့်ရတာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
သူနဲ့ စက်ဘီးချင်းယှဉ်စီးရင်း စကားပြောရတာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
အအေးဆိုင်မှာထိုင်ရင်း မျက်နှာလေး ငေးခွင့်ရတာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
သူ့အိမ်နားမှာ ဂစ်တာသွားတီးခဲ့ရတာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
ခုံတန်းပြာမှာထိုင်ရင်း သူလက်ကလေး ကိုင်ခွင့်ရတာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
ပထမဆုံးပွင့်ခဲ့ရတဲ့ အနမ်းဟာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
ကောင်းကင်ကြီးကိုကြည့်တိုင်း သူ့မျက်နှာကို မြင်ခွင့်ရတာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
ညနေကြယ်လေးကိုကြည့်ရင်း သူ့ကိုလွမ်းရတာ။
အချစ်တဲ့
ရင်ခုန်စရာ သိပ်ကောင်းတယ်
နားထောင်မိတဲ့သီချင်းတိုင်း ကိုယ်တို့အတွက်စပ်ထားတာ။
နောက်ပြီး ...
ကိုယ်ရေးလိုက်တဲ့ စာသားတိုင်း
ကိုယ်ရွတ်လိုက်တဲ့ ကဗျာသားတိုင်း
ဆိုညည်းမိတဲ့ သီချင်းတိုင်း သူ့အတွက်မို့
ရင်ခုန်ဖို့ သိပ်ကောင်းတယ်
အချစ်တဲ့ ... ။ ။
 
ရှဥ့်ညိုလေး
(၂၆.၆.၂၀၁၈ ညနေ ၅း၂၀ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း