ခေါက်ဆွဲစားစဉ်က

 

ခေါက်ဆွဲစားစဉ်က

 
ဟိုတစ်နေ့က သားငယ်ကို ခေါက်ဆွဲကျွေးတယ်။ အမျှင်ရှည်နေတာကို ဖြတ်မချဘဲ ဒီအတိုင်း စားနေတာနဲ့
" ခေါက်ဆွဲကို ဖြတ်ချပြီး စားလေ "
" ဖြတ်ချလို့မရဘူး ဖေဖေရဲ့၊ သုတမှာ ရှေ့သွားနှစ်ချောင်း ကျိုးနေတာလေ..."
သူ့အစ်ကို ပြောမှ ကြည့်မိတယ်။ အဟုတ်ဗျ။ သွားက နှစ်ချောင်း ကျိုးနေတာကိုး။ ကလေးဆိုတော့ နှုတ်ခမ်းနဲ့လည်း ဖြတ်မချတတ်ဘူးပေါ့။
ကျွန်တော် နှစ်တန်းတုန်းက သွားကျိုးပုံလေး အမှတ်တရ ဓာတ်ပုံ ရိုက်ခိုင်းဖူးတယ်။ မေမေက ဓာတ်ပုံဆရာအိမ် ခေါ်သွားပြီး ရိုက်ပေးတယ်။ အခု ကျွန်တော့်သားငယ် ကောင်းသုတကို သွားနှစ်ချောင်းကျိုးပုံလေး ရိုက်ထားလိုက်တယ်။
 
(မှတ်ချက်။ ။ကလေးက ချစ်စရာလေး...အဖေတူလို့နေမှာ ဆိုပြီး မပြောရ😀😁😂)
 
ရှဥ့်ညိုလေး
(25.1.2021 8:12pm)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း