Posts

Showing posts from November, 2015

စာဖတ်ခြင်းမှသည် …

Image
စာဖတ်ခြင်းမှသည် …           ကျွန်တော်က ရုပ်ရှင်၊ ဗီဒီယို ကြည့်ရခြင်းထက် သီချင်းနားထောင်ရခြင်းကို နှစ်သက်သည်။ သီချင်းနားထောင်ရသည်ထက် စာဖတ်ရသည်ကို ပို၍ ဝါသနာပါသည်။ ငိုယိုအော်ဟစ်ကာ အပူခန်းများနှင့် ပရိတ်သတ်မျက်ရည်ချူသည့် ရုပ်ရှင်များထက် ဟီးဟီးဟားဟား ရယ်မောရသည့် ရုပ်ရှင်များကို ကြိုက်သည်။ ယခုနောက်ပိုင်း ဟာသတို့ထပ်လာသည့်အခါ ဒုန်းဒုန်းဒိုင်းဒိုင်းနှင့် အက်ရှင်ကားများကို ကြိုက်လာသည်။ (V i n Diesel) ၏ (Fast & Furious) စီးရီးများ၊ (Tom Cruise) ၏ (Mission) စီးရီးများ၊ (Liam Neeson) ၏ (Taken) စီးရီးများနှင့် (James Bond) စီးရီးများကို ကြိုက်သည်။ (Wentworth Miller) ခေါင်းဆောင် ပါဝင်သ ရုပ်ဆောင်သည့် (Prison Break) ကိုလည်း ကြိုက်သည်။ (Mr. Bean) ၏ ဟာသစီးရီးများကိုလည်း ကြိုက်သည်။ သိပ္ပံကားများကိုမူ လုံးဝမကြိုက်ခဲ့ချေ။

သတိရခဲ့ရင်

Image
သတိရခဲ့ရင် ငါဝမ်းသာတယ် နင့်အတွက် ငါ့ရဲ့အသဲကွဲကဗျာတွေရေးရင်း အဝေးတစ်နေရာမှာ နင်ပျော်နေတယ်ဆိုပြီးတော့... ငါဝမ်းသာတယ် သူ့အတွက် နင့်ရဲ့အသဲကွဲကဗျာတွေဖတ်ရင်း

ကျွန်တော်နှင့် ပုံပြောကောင်းသူများ

Image
ကျွန်တော်နှင့် ပုံပြောကောင်းသူများ              ကျွန်တော်သည် ပုံပြင်တွေကို နှစ်ခြိုက်သဘောကျသူဖြစ်သည်။ ယခုချိန်ထိတိုင် ပုံပြင်တွေကို စွဲစွဲမက်မက် နားထောင်နေဆဲဖြစ်သည်။ ထို့ကြောင့် ပုံပြောကောင်းသူ တော်တော်များများကို တွေ့ကြုံဖူးသူဖြစ်ခဲ့သည်။             ကျွန်တော်သည် ပုံပြောကောင်းသူတစ်ဦး မဟုတ်ခဲ့ပါ။ သို့သော် တစ်ဦးတစ်ယောက် ပုံပြောနေပြီဆိုလျှင်တော့ ထိုသူ ပုံပြောကောင်း၊ မကောင်း သိရှိနားလည်နိုင်သည့် နှလုံးသားတစ်စုံကိုတော့ ပိုင်ဆိုင်ထားပါသည်။             ပုံပြင်နားထောင်သူ အများစုကတော့ ရည်ရွယ်ချက်အမျိုးမျိုးနှင့် နားထောင်ကြခြင်း ဖြစ်သည်။ သင်ခန်းစာယူရန်၊ အတုယူအားကျရန်၊ ပြန်လည်ဝေမျှပေးရန် စသော ရည်ရွယ်ချက်အမျိုးမျိုးနှင့် ဖြစ်မည်ထင်သည်။ အနိမ့်ဆုံးအားဖြင့် အပျင်းပြေစေရန်အတွက် နားထောင်ကြခြင်း ဖြစ် သည်။ ကျွန်တော်ကတော့ ပုံပြင်တွေကို ချစ်စိတ်သက်သက်ဖြင့် နားထောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က ပုံပြင်ချစ်သူ မဟုတ်လား။

ကျွန်တော်နှင့် ကြွက်၊ မြွေ၊ လူများအကြောင်း

Image
ကျွန်တော်နှင့် ကြွက်၊ မြွေ၊ လူများအကြောင်း ရသစာတမ်း         ကျွန်တော် ကြွက်ကလေးတွေကို ချစ်သည်။ ချစ်စရာကောင်းသည့် ကြွက်ကလေးများအကြောင်းကို အဘွားပြောပြသည့် ပုံပြင်များထဲမှ သိခဲ့ရခြင်းဖြစ်သည်။           ပုံပြင်ထဲက ကြွက်ကလေးများမှာ ဇွဲ၊ လုံ့လရှိသည်။ အစွမ်းသတ္တိရှိသည်။ တောင်ကြီးတွေကိုပင် ဖောက်နိုင်သည်။ အားနည်းသည့်ဘက်မှ ရပ်တည်ကာ အရွယ်အစားရော ခွန်အားပါကြီးမားသည့် ဆင်ကြီး တွေကိုပင် နှိမ်နင်းနိုင်သူဖြစ်သည်။ ကျွန်တော့်ငယ်ဘဝ၏ ချစ်ခင်နှစ်သက်ရဆုံးသော သတ္တဝါလေးမှာ ကြွက် ဖြစ်လာသည်။           ချစ်ခင်နှစ်သက်ရသည့် ကျွန်တော့်သူရဲကောင်း ကြွက်ကလေး၏ တန်ဖိုးသည်

ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား

Image
ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား ရသစာတမ်း           မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့ သူငယ်ချင်းတစ်ချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ မျက်လုံးများ ဖြစ်လာလေသည်။ ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ မျက်လုံးများစွာကို စူးစမ်းပြီးသည့်နောက်မှာတော့ သိလာသော အရာတစ်ခုရှိသည်။ အလှတရား   ဖြစ်သည်။ မျက်လုံးသည် စိတ်၏ပြူတင်းပေါက် ဆိုသော်ငြား ပြူတင်းပေါက်မှ မြင်ရသည့်စိတ်ကို ဝိုးတဝါး မြင်မိယုံမှအပ ကောင်းစွာအကဲမခတ်တတ်ခဲ့ သည်မှာ သေချာသည်။ ရိုးသားစွာဝန်ခံရလျှင် လူကဲခတ်သည့် နေရာတွင်ကျွန်တော် အတော်လေးကို ညံ့ပါသည်။

အရင်း အမြတ်

Image
အရင်း အမြတ်  ရေးသူ=ညိုပြာဝိုင် ဦးသာဒင်တစ်ယောက် သားသမီး၊ ချွေးမ ၊ သမက်များနှင့်မြေးများကို သတိရနေသည်။ သူတို့တွေ သိတော့လည်း သိတတ်သားဟု စဉ်းစားနေမိသည်။ အခါကြီးရက်ကြီးမျိုးတွင် သူတို့မိသားစုတွေအားလုံးက အဘိုးဖြစ်သူ ဦးသာဒင်ကို လာရောက်ကန်တော့ကြမြဲ ဖြစ်သည်။ ဦးသာဒင်အဖို့ ကန်တော့ခံရသည့် ၀တ္တုပစ္စည်းများကို မက်မောခြင်းမရှိသော်လည်း သူ့အပေါ်သိတတ်ကြမှုအတွက် ဂုဏ်ယူကျေနပ်ရသည်။ ပီတိဖြစ်ရသည်။ သူကလည်း မြေးတွေကို ဆုပြန်ပေးတတ်သလ မုန့်ဖိုးပြန်ပေးရမှ ကျေနပ်လေ့ရှိသည်။ ဘိုးအေပေးသော မုန့်ဖိုးရ၍ ပျော်ရွှင်နေကြသည့်မြေးများမျက်နှာကိုကြည့်ရင်း

လက်ဆောင်

Image
လက်ဆောင်           လက်ဆောင်ဆိုတာကို စွယ်စုံကျမ်းထဲမှာ ဘယ်လိုအဓိပ္ပါယ်ဖွင့်သလဲတော့ မသိဘူးဗျ။ ကျွန်တော်ထင်တာတော့ တစ်ဦးတစ်ယောက်အတွက် အကျိုးရှိစေတဲ့၊ အသုံးဝင်စေတဲ့အရာ၊ ဒါမှမဟုတ် အမှတ်တရပစ္စည်း တစ်ခုခုပေါ့။ တစ်ဦးတစ်ယောက်အပေါ် အမှတ်တရရှိကြောင်း၊ အလေးအနက်ထားကြောင်း ပြသတဲ့နေရာမှာသုံးတဲ့ ကြားခံတစ်ခုပါ။           ဒီနေ့အချိန်အထိ လက်ဆောင်အမျိုးမျိုး ကျွန်တော်ရဖူးတယ်။ အဲဒီလိုပဲ ကျွန်တော်ကလည်း လက်ဆောင် အမျိုးမျိုးကို ပြန်ပေးဖူးတယ်။ အနည်းဆုံးတော့ အထိမ်းအမှတ်နေ့တစ်ခုခုမှာ

အနုသုခုမ အစစ်သာ ဖြစ်စေချင်ပါသည်

Image
"အနုသုခုမ အစစ်သာ ဖြစ်စေချင်ပါသည်"   ရေးသူ= ဓမ္မ၀ီရ အရှင်တေဇနိယ (ကိုလံဘို၊သီရိလင်္ကာ)             ယခုရေးသားမည့်ဆောင်းပါးကိုလွန်ခဲ့သော(၅)နှစ်ခန့်ကတည်းက မေတ္တာရှင်ဆရာတော်အား ရေးသားပေးပါ ရန်လျှောက်ထားခဲ့ဖူးပါတယ်၊အနုပညာရှင်နာမည်ခံတို့သည် ယခုအခါမှာ ပိုမိုကာဆိုးရွား လာသည့် အတွက် တာဝန်ရှိသည်ဟုယူဆပြီး၊အကျိုးလည်းရှိ မှန်လည်းမှန်ကန်မည်ဆိုပါက ပြော သင့် ပြောထိုက်သော စကားများကိုပြောရမည် ဟူသော မြတ်ဗုဒ္ဓ ၏ ဒေသနာတော်ကို အာရုံပြု၍ ကောင်းကျိုး လိုလား အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအတွက် ဒီဆောင်းပါးကို ရေးသားလိုက်ရခြင်း ဖြစ်ပါ သည်။

သူပဲလေ...

Image
သူပဲလေ...  သူပေါ့ ကိုယ့်ရဲ့အောင်မြင်မှုကို ဂုဏ်ယူခဲ့တာ သူပေါ့ ကိုယ့်ရဲ့ ရှုံးနိမ့်မှုကို နှစ်သိမ့်ခဲ့တာ သူပေါ့ ကိုယ့်ရဲ့ နာကျင်ဝမ်းနဲမှုကို စာနာခဲ့တာ သူပေါ့ ကိုယ့်ရဲ့ ဖွင့်ထုတ်ခွင့်မရှိတဲ့ စကားလုံးတွေကို ပုံပြောင်းပေးတာ

"IQ နိမ့်တဲ့ ကျနော်"

Image
"IQ နိမ့်တဲ့ ကျနော်" .ရေးသူ= သန်လေးကို . 1. ဒီအသက်ဒီအရွယ်ထိ ရောက်ခဲ့ပြီ၊ စာတွေလည်း သင့်တင့်လျှောက်ပတ်သလောက် သင်ခဲ့ပြီ၊ ဒါပေမယ့် တချို့အကြောင်းအရာတွေကို ခုထိနားမလည်နိုင်သေးဘူးဗျာ။ 2. ငယ်ငယ်က တာဇံဇာတ်ကားတွေကြည့်တော့ ဇာတ်လိုက်တာဇံက ကျားသစ်ရေလေးပဲ ခါးပတ်လို့။ ဒါနဲ့ အဖေ့မေးကြည့်တယ်... ... "ဘာလို့တာဇံက အင်္ကျီမဝတ်တာလဲ" ဒီတော့ အဖေက ပြန်ဖြေတယ်... ... "ဟ တောထဲနေတဲ့ လူရိုင်းပါဆိုမှ အင်္ကျီချုပ်စရာ အပ်မရှိဘူး၊ အပ်ချည်မရှိဘူး၊ အဝတ်စ မရှိဘူး၊ ဘာအသုံးအဆောင် ပစ္စည်းမှ မရှိဘူးကွ" "မုတ်ဆိပ်ရိတ်ဓားရော ရှိလား"

အတ္တဓါးသွားကို ဆေးသားပြန်တင်တော့...

Image
အတ္တဓါးသွားကို ဆေးသားပြန်တင်တော့...                   ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်မိတယ်။ ကုန်လွန်ခဲ့တဲ့ အချိန်တွေတစ်လျှောက်လုံး ကိုယ်ဘာတွေလုပ်ခဲ့လဲ။ ဘာတွေလုပ်ပြီးသွားပြီလဲ။ ဘာတွေကို လုပ်နေတုန်းလဲ။ ဘယ်သူ့အတွက်လဲ။ ဖြတ်သန်းခဲ့တဲ့ မိုင်တိုင်တွေမှာ ကိုယ့်အတွက် ရောက်ခဲ့ရတဲ့ မိုင်တိုင်တွေက နည်းနည်းရယ်။ သူများအတွက် လျှောက်ခဲ့ရတဲ့ မိုင်တိုင်တွေက ပိုများတယ်။ တစ်ခါ တစ်ခါ သူများအတွက်...။ တစ်ခါတစ်ခါ ကိုယ့်အတွက်ဆိုပြီး လျှောက်ခဲ့ပေမယ့် သူများအတွက်ဖြစ်သွားတဲ့ ခရီးရှည်တွေလည်း မနည်းပါဘူး။ ကိုယ့်ပုံဆောင်ခဲကိုက အားနာမှုနဲ့ ထုဆစ်ထားတာ မဟုတ်လား။

ကျွန်တော်နှင့် လက်သီးများ

Image
ကျွန်တော်နှင့် လက်သီးများ လက်သီးပြင်းပြင်း ထိုးဖူးပါသလား။ သို့မဟုတ် လက်သီးပြင်းပြင်း အထိုးခံရဖူးပါသလား။ ကျွန်တော်က လက်သီးပြင်းပြင်း ထိုးနိုင်သူ မဟုတ်ပါ။ သို့သော် အားအသင့်အတင့် ပြင်းသော လက်သီးမျိုး နှင့်တော့ မကြာခဏ မိတ်ဖွဲ့တတ်သူ ဖြစ်သည်။ တချို့လက်သီးတွေက ခေတ္တခဏ မှောင်မိုက်သွားစေသော လက်သီးဖြစ်သည်။ ကြယ်တချို့ နှင့်လကို မြင်ယောင်စေတတ်သည်။ တချို့လက်သီးတွေက အသံမြည်ရုံသာ မြည်သော ဟန်ပြလက်သီးများ ဖြစ်ကြသည်။ ပြိုင်ဘက်ကို ခြိမ်းခြောက်လို၍သော်လည်း ကောင်း၊ မိမိအစွမ်းအစကို ကြွားဝါလို၍ လည်းကောင်း၊ တစ်ဖက်ရန်သူကို မနှိပ်စက်လိုတော့သည့်အခါမျိုးတွင် သုံးတတ်သောလက်သီးများ ဖြစ်သည်။ လက်သီးတချို့ကတော့ နောက်ကောက်ကျသွားစေမည့် လက်သီးများ ဖြစ်လေသည်။ ထိုလက်သီးမျိုးကတော့ တစ်လုံးတည်း ဖြစ်သည်။

``ဆောင်း´´

Image
``ဆောင်း´´ ကိုယ်သိပ်ချစ်တဲ့ ဆောင်းပေါ့ ချစ်သူပုံလွှာကို အမိဖမ်း အပျော်တွေနဲ့ လွမ်း အလွမ်းတွေနဲ့ ပျော်ရင်း လမ်းဘေးမှာ တေးသီဖူးတယ်...။

မျှော်လင့်ချက်နှင့် ရှင်သန်ခြင်း

Image
မျှော်လင့်ချက်နှင့် ရှင်သန်ခြင်း               လွန်ခဲ့တဲ့(၆)နှစ်က ငါ့အိတ်ကပ်ဟာ ပြားပြားလေး။ ပြီးတော့ ပါးပါးလေး။ ခုတော့ အိတ်ကပ်လေးက ပေါက်နေပြီ။ မျှော်လင့်ချက်တွေ အများကြီးနဲ့ အိပ်မက်တွေက နည်းနည်း ရယ်။ ခုတော့ မျှော်လင့်ချက်ပါးပါးနဲ့ အိပ်မက်တွေက များများလာပြီ။ ဒီလိုနဲ့ ကမ္ဘာကြီးကလည်း ပြားသွားတယ်။ ငါ့ဦးနှောက်တွေလည်း စားသွားတယ်။ ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့ သူငယ်ချင်းတွေက များတယ်။ အားနာမှုနဲ့ ဖြစ်တည်ခဲ့တဲ့ ငါ့ကိုယ် ငါလည်း ခါးတယ်။ ဆွေးနေတဲ့ မြှားတွေကို ချွန်ဖို့ထက် ပြေးနေတဲ့ အတွေးတွေကို ထိန်းဖို့က ပိုခက်တယ်။ အိမ်ထောင်ကျပြီး စာမရေးဖြစ်တော့တဲ့ စာရေးဆရာမကို သနားတယ်။ စာရေးပြီး စာမဖြစ်တဲ့ ငါလိုလူလည်း များတယ်။

သီအိုရီလွဲ မြစ်တစ်စင်း

Image
သီအိုရီလွဲ မြစ်တစ်စင်း ဘ၀လမ်းကောက်ကောက် ဖြောင့်ဖြောင့်ကြီး မစီးနိုင်တဲ့ မြစ်တွေကြား

ငတုံး

Image
 ငတုံး ကိုယ်ကမင်းအတွက် ကျားတစ်ကောင် မဟုတ်ခဲ့သလို နွားတစ်ကောင်လည်း မဟုတ်ခဲ့ဘူး။ ညတွေမှာ မအိပ်စက်နိုင်တဲ့ မင်းရဲ့ ဇီးကွက်တစ်ကောင်...

ကျွန်တော်နှင့် မျက်နှာဖုံး

Image
ကျွန်တော်နှင့် မျက်နှာဖုံး           “ ကျွန်တော်က ဆိုက်ကိုတစ်ယောက်ပါ ” ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဝင်နေခြင်း ဖြစ်သည်။ ကျွန်တော်ဆရာဝန်တစ်ယောက်ပါ ဆိုသော တီဗွီကြော်ငြာကို အားကျ၍လည်း ဖြစ်နိုင်သည်။ မရိုးသားမှုတွေများလာသောကြောင့် ရိုးသားချင်လာ၍ ဝန်ခံရခြင်း ဖြစ်သည်။ ခင်ဗျားတို့အတွက် ရီစရာကောင်းသော အဖြစ်အပျက်တစ်ခုသည် ကျွန်တော်လိုက်လံ ရီမောဖို့ ခက်ခဲနေသော အရာတစ်ခု ဖြစ်နေတတ်သည်။ သာမန်အဖြစ်အပျက်လေးတစ်ခုသည် ကျွန်တော်အတွက် အူလှိုက်သည်းလှိုက် ရီမောစရာကိစ္စတစ်ခုလည်း ဖြစ်လာတတ်သေးသည်။ ယနေ့ မနက်စောပိုင်းလေးတွင် ကျွန်တော့်အတွက် ရီစရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။ ရီစရာမကောင်းလျှင်တောင် မောစရာတော့ ကောင်းပါသည်။

ဘဝ

Image
ဘ၀           တကယ်တော့ သူဟာ ချောင်မှာငေးရင်း ကလောင်သွေးလိုသူပါ။ လက်တွေ့ဘ၀ဖြစ်စဉ်ထဲမှာတော့ အစာအိမ်တစ်ခု အတွက် ကိုယ်စိတ်နှလုံးအားလုံးကို ၀န်းကျင်သစ်တစ်ခုတွင် ကိုးနာရီတိတိရောင်းစားရင်း ဘ၀ကို ရှေ့ဆက်နေရသူတစ်ဦးဖြစ်သည်။ ကံကောင်းတာလား၊ ကံဆိုးတာလားဆိုတာကိုတော့ ဝေခွဲမရနိုင်ခဲ့။ ထိုအလုပ်သည် သူ့ဂုဏ်သိက္ခာကို မတိုက်စားသော်လည်း သူ့ နှလုံးသားကိုတော့ တတိတိတိုက်စားသည်။ သူ့ စိတ်ကို တရိရိညှင်းသည်။ ထွက်ပြေးလွတ်မြောက်ခြင်း မရှိသည့် ပတ်လမ်းထဲမှာ ပြေးရင်း မောပန်းလာသည်။

ကျွန်တော်နှင့် စကားလုံးများ၏နောက်ကွယ်

Image
ကျွန်တော်နှင့် စကားလုံးများ၏နောက်ကွယ် ရသစာတမ်း         စကားလုံးတစ်လုံး၏ လေးနက်မှုကို နှုတ်တစ်ရာ စာတစ်လုံးဟူသော ဆိုရိုးဖြင့် သိရှိနိုင်သည်။ စာတစ်လုံး ကျပေါက် ပျောက်ရှသွားသည်နှင့် အဓိပ္ပါယ်တို့ ကွဲပြားခြားနားသွားနိုင်သည်။ မှန်ကန်စွာရေးသား ထားသည့်တိုင် အဓိပ္ပါယ်အယူအကောက်လွဲသွားသည်နှင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတို့က များစွာဖြစ်သည်။           ထို့ကြောင့်ပင် သမိုင်းတွင် အသက်တို့ ဆုံးရှုံးခဲ့ရဖူးသည်။ ထို့ကြောင့်ပင် မန္တလေးတောင်ခြေတွင် ကျောက်စာတို့ စုပုံခဲ့ရဖူးသည်။ ဆိုးကျိုးလည်းရှိသည်။ ကောင်းကျိုးလည်းရှိသည်။ သို့သော်

ကျွန်တော်နှင့် ပျော်ရွှင်ခြင်း (သို့မဟုတ်) နောက်ကျရောက်လာသည့် သတင်း

Image
ကျွန်တော်နှင့် ပျော်ရွှင်ခြင်း (သို့မဟုတ်) နောက်ကျရောက်လာသည့် သတင်း ရသစာတမ်း         ကျွန်တော့်အတွက် သတင်းကောင်းတွေသည် နောက်ကျမှ ရောက်လာတတ်သော အရာတွေ ဖြစ်ခဲ့သည်။ တချို့အရာတွေက ရိုးစင်းရှင်းလင်းသည်။ ထိုရိုးစင်းရှင်းလင်းသောအရာတွေသည် တစ်ခါတစ်ရံ ကျွန်တော်အတည့်ကြည့်၍ မမြင်ရသောအရာများ ဖြစ်နေတတ်သေးသည်။ ရှုပ်ထွေးသယောင် ထင်ရသော တချို့အရားများကတော့ ကျွန်တော့်အတွက် ရှင်းလင်းလွယ်ကူသော အရာများ ဖြစ်လာတတ်သေးသည်။           ကျောင်းသားဘဝတွင် ကျွန်တော်က စာတော်သော ကျောင်းသားတစ်ဦး မဟုတ်ခဲ့သလို ဉာဏ်ကောင်းသော ကျောင်းသားတစ်ယောက်လည်း မဟုတ်ခဲ့ချေ။ စာကြိုးစားသော ကျောင်းသားတစ်ဦး တော့ ဖြစ်ခဲ့သည်။ ထို့အတွက် တစ်ခါတစ်ရံ

ကမ္ဘာပေါ်က မြန်မာ

Image
ကမ္ဘာပေါ်က မြန်မာ  ရေးသူ=ဂျစ် ဘာပြောတယ် လော်ရာ´ `စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´  `မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´  `ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´ `အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´

ဘာ့ကြောင့်လဲ မေမေ

Image
မေမေ ဒီလောကကြီးမှာ သားမသိတာတွေ အများကြီးပဲ။ တချို့အရာတွေကို သားလိုက်မမှီဘူးမေမေ။ ရိုးရိုးသားသား ၀န်ခံရရင် သားနားမလည်ဘူး။ ရိုးသားပါလို့ မေမေ အမြဲပြောတယ်။ မေမေလည်း သားမေးတာလေးတွေကို ရိုးရိုးသားသားပဲ ဖြေပါနော်။ နောက်ပြီး ဖေဖေ့စာထဲမှာ ဖတ်ဖူးတယ်။ ခုချိန်မှာ လမ်းတွေဟာ မဖြောင့်နိုင်တော့ မြစ်တွေက ပိုလို့ကွေ့ကောက်တယ် ကောက်ကွေ့ခြင်း အလှတရားကိုဆန့်ကျင်လို့ မကောက်ကွေ့ဘဲ လှခဲ့တဲ့မြစ်တစ်စင်းကို ပိုင်ခဲ့ဖူးတယ် အဲဒါက (အမေ)တဲ့။

ကျွန်တော်နှင့်အလွဲများ

Image
ကျွန်တော်နှင့်အလွဲများ ကျွန်တော့်မှာ အလွဲတော်တော်များများ ရှိတယ်။ တချို့အလွဲတွေက ရီဖို့ကောင်းတယ်။ တချို့အလွဲတွေကျ အိတ်ထဲက ပိုက်ဆံပါးလျစေတာမို့ မျက်ရည်ဝိုင်းလောက်တဲ့ ပမာဏဆို မျက်ရည်ဝိုင်းပါတယ်။ ဘာပဲပြောပြော ကျွန်တော့်အလွဲတွေ ဖြစ်တဲ့အတွက် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ ကျေကျေနပ်နပ် လက်ခံပါတယ်။ ကျွန်တော့်ကြောင့် မဟုတ်ဘဲနဲ့ တစ်ဦးတစ်ယောက်ကြောင့် ဖြစ်တဲ့အလွဲကို ဒဏ်ခံရမယ်ဆိုရင်တော့ သင်ခန်းစာအဖြစ်နဲ့ပဲ လက်ခံလိုက်တယ်။ ကျွန်တော်က ရှက်တတ်ပါတယ်။ ဒါများ ဘာဆန်းလိုလဲ လူမှန်ရင် အရှက်တရားရှိရမှာပေါ့လို့ ခင်ဗျားတွေးရင် တွေးမိလိုက်မယ်။ ကျွန်တော်ရှက်တာက မလိုအပ်ဘဲနဲ့ကို ရှက်တာမျိုးဗျ။