ငတုံး



 ငတုံး

ကိုယ်ကမင်းအတွက်
ကျားတစ်ကောင် မဟုတ်ခဲ့သလို
နွားတစ်ကောင်လည်း မဟုတ်ခဲ့ဘူး။
ညတွေမှာ မအိပ်စက်နိုင်တဲ့
မင်းရဲ့ ဇီးကွက်တစ်ကောင်...

မင်းပြောသမျှ နားထောင်ပေးတဲ့ ယုန်တစ်ကောင်...
ကောက်ကျစ်မျက်နှာနဲ့ ရိုးသားခဲ့တဲ့သိုးတစ်ကောင်...
ခုတော့ကိုယ်က မြွေတစ်ကောင်ပေါ့
ပချုပ်ဖွင့်ပေးတာတောင် ထွက်မသွားတတ်တဲ့
အထုံးမပြေသေးတဲ့
ခပ်အအ မြွေတစ်ကောင်ရယ်ပါ...

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward