ဘဝ
တကယ်တော့ သူဟာ ချောင်မှာငေးရင်း ကလောင်သွေးလိုသူပါ။ လက်တွေ့ဘ၀ဖြစ်စဉ်ထဲမှာတော့ အစာအိမ်တစ်ခု
အတွက် ကိုယ်စိတ်နှလုံးအားလုံးကို ၀န်းကျင်သစ်တစ်ခုတွင် ကိုးနာရီတိတိရောင်းစားရင်း ဘ၀ကို ရှေ့ဆက်နေရသူတစ်ဦးဖြစ်သည်။
ကံကောင်းတာလား၊ ကံဆိုးတာလားဆိုတာကိုတော့ ဝေခွဲမရနိုင်ခဲ့။ ထိုအလုပ်သည် သူ့ဂုဏ်သိက္ခာကို မတိုက်စားသော်လည်း သူ့ နှလုံးသားကိုတော့ တတိတိတိုက်စားသည်။ သူ့ စိတ်ကို တရိရိညှင်းသည်။ ထွက်ပြေးလွတ်မြောက်ခြင်း မရှိသည့် ပတ်လမ်းထဲမှာ ပြေးရင်း မောပန်းလာသည်။
သူသည် မွေးရာပါ ခါးကုန်းတစ်ဦးမဟုတ်ပါ။ Customer Right ဆိုသည့် စကားလုံးအောက်တွင် သူ့ခါးသည် ပြန်မမတ်နိုင်တော့သလို ငြင်းဆန်သည့် သင်္ကေတအဖြစ် ခေါင်းရမ်းခြင်းကို မေ့လျော့သွားသည်။ အချိုလွန်နေသည့် စကားလုံးများ အမြဲတမ်းနီးပါး စီးဆင်းနေသည့် နှုတ်ဖျားမှ ပင်ကိုယ်ဘာသာစကားတို့ ပျောက်ဆုံးကုန်သည်။ Dead Smile တို့က မျက်နှာထက်မှာ ကျဲချထားသောကြောင့် True Smile တို့ လန်းလန်းစွင့်စွင့် မပွင့်တော့သည်မှာကြာပြီဖြစ်သည်။
မောက်မာရိုင်းပျသည့် စကားလုံးကျောက်သားများ နားစည်အတွင်း
ပြိုဆင်းလာခြင်းကို မျက်မှောင်တစ်ချက်မတွန့်ဘဲ အပြုံးမျက်နှာဖြင့်
ရိုကျိုးစွာ နာယူတတ်သည်မှာ ကော်ဖီခါးခါးမှောက်ကျထားသည့်
သင်ရိုးတစ်ခုကြောင့်ဖြစ်သည်။ ၀န်းကျင်ကို မပြောင်းလဲနိုင်သေးချိန်တော့
လိုက်လျောညီထွေရှိအောင် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲရမှာပေါ့။
ကဗျာဆရာမတစ်ယောက်ရဲ့ '' ကောင်းကင်ကို မိုးရတာ သိပ်ပင်ပန်းတာပဲ ဖေဖေ''
ဆိုတဲ့စာသားကို သတိရမိသေးတယ်။ ဘ၀ရဲ့ရသတွေထဲမှာ ဒုက္ခဟာ ဆားတစ်ပွင့်ဆိုရင်
သူ့အတွက် ဖြစ်ထွန်းတဲ့ ဆားတောင်တွေက မြင့်မားလှချည်လား။
''ဖေဖေ ပြန်လာရင် မုန့်ဝယ်ခဲ့ ...''
''မောင်ရေ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းနော် ...''
ထိုသို့သော စကားလုံးများအောက်တွင် ဆားတောင်တို့က ပိုတိုးကာ မြင့်မားလာခဲ့ကြသည်။ ခင်ဗျားမှာရော ဆားတောင်တွေရှိတုန်းပဲလား။ လောလောဆယ်မှာတော့ ဓားသွားပေါ်က ပျားရည်တစ်စက်အတွက် ဆားတောင်တွေကို ဖြိုကာ ဆားကုန်သည်လုပ်ရဦးမည်။ မနှစ်သက်သည့် အလုပ်ကို မုန်းမုန်းကြီးဆက်လုပ်နေသည့် သူ့အတွက် ခင်ဗျား ကဲ့ရဲ့ရှုတ်ချနိုင်သည်။ ထိုအရာသည် သူ့ ဘ၀ဖြစ်သည်။ သို့မဟုတ် လက်ခုပ်တီးအားပေးနိုင်သည်။ သည်အရာသည် ခင်ဗျားဘ၀ဖြစ်သည်။ ကဲ ကော်ဖီတွေအေးမသွားခင် ခင်ဗျားဘာလုပ်မလဲ။ ဘ၀ကို ထမ်းပိုးထားရသည့် သူ့အတွက် ဘ၀က လေးလံလွန်းလှသည်။ ကော်ဖီသောက်မည့် ခင်ဗျားအတွက် ကော်ဖီတွေက ဝေလံလွန်းလှသည်။
(၂၀၁၃ အောက်တိုဘာ ၁၅ တွင် တင်ခဲ့ဖူးသည့် ခံစားချက်လေးဖြစ်သည်။)
အတွက် ကိုယ်စိတ်နှလုံးအားလုံးကို ၀န်းကျင်သစ်တစ်ခုတွင် ကိုးနာရီတိတိရောင်းစားရင်း ဘ၀ကို ရှေ့ဆက်နေရသူတစ်ဦးဖြစ်သည်။
ကံကောင်းတာလား၊ ကံဆိုးတာလားဆိုတာကိုတော့ ဝေခွဲမရနိုင်ခဲ့။ ထိုအလုပ်သည် သူ့ဂုဏ်သိက္ခာကို မတိုက်စားသော်လည်း သူ့ နှလုံးသားကိုတော့ တတိတိတိုက်စားသည်။ သူ့ စိတ်ကို တရိရိညှင်းသည်။ ထွက်ပြေးလွတ်မြောက်ခြင်း မရှိသည့် ပတ်လမ်းထဲမှာ ပြေးရင်း မောပန်းလာသည်။
သူသည် မွေးရာပါ ခါးကုန်းတစ်ဦးမဟုတ်ပါ။ Customer Right ဆိုသည့် စကားလုံးအောက်တွင် သူ့ခါးသည် ပြန်မမတ်နိုင်တော့သလို ငြင်းဆန်သည့် သင်္ကေတအဖြစ် ခေါင်းရမ်းခြင်းကို မေ့လျော့သွားသည်။ အချိုလွန်နေသည့် စကားလုံးများ အမြဲတမ်းနီးပါး စီးဆင်းနေသည့် နှုတ်ဖျားမှ ပင်ကိုယ်ဘာသာစကားတို့ ပျောက်ဆုံးကုန်သည်။ Dead Smile တို့က မျက်နှာထက်မှာ ကျဲချထားသောကြောင့် True Smile တို့ လန်းလန်းစွင့်စွင့် မပွင့်တော့သည်မှာကြာပြီဖြစ်သည်။
''ဖေဖေ ပြန်လာရင် မုန့်ဝယ်ခဲ့ ...''
''မောင်ရေ ဆိုင်ကယ်ကို ဖြေးဖြေးမောင်းနော် ...''
ထိုသို့သော စကားလုံးများအောက်တွင် ဆားတောင်တို့က ပိုတိုးကာ မြင့်မားလာခဲ့ကြသည်။ ခင်ဗျားမှာရော ဆားတောင်တွေရှိတုန်းပဲလား။ လောလောဆယ်မှာတော့ ဓားသွားပေါ်က ပျားရည်တစ်စက်အတွက် ဆားတောင်တွေကို ဖြိုကာ ဆားကုန်သည်လုပ်ရဦးမည်။ မနှစ်သက်သည့် အလုပ်ကို မုန်းမုန်းကြီးဆက်လုပ်နေသည့် သူ့အတွက် ခင်ဗျား ကဲ့ရဲ့ရှုတ်ချနိုင်သည်။ ထိုအရာသည် သူ့ ဘ၀ဖြစ်သည်။ သို့မဟုတ် လက်ခုပ်တီးအားပေးနိုင်သည်။ သည်အရာသည် ခင်ဗျားဘ၀ဖြစ်သည်။ ကဲ ကော်ဖီတွေအေးမသွားခင် ခင်ဗျားဘာလုပ်မလဲ။ ဘ၀ကို ထမ်းပိုးထားရသည့် သူ့အတွက် ဘ၀က လေးလံလွန်းလှသည်။ ကော်ဖီသောက်မည့် ခင်ဗျားအတွက် ကော်ဖီတွေက ဝေလံလွန်းလှသည်။
(၂၀၁၃ အောက်တိုဘာ ၁၅ တွင် တင်ခဲ့ဖူးသည့် ခံစားချက်လေးဖြစ်သည်။)
ဘဝ
ReplyDeleteကဗျာဆရာ မ တစ်ယောက်ရဲ့ကောင်းကင်ကို မိုးရတာသိပ်ပင်ပန်းတာပဲ ဖေဖေ""
ကောင်းပါတယ်ဗျ အားပေးတယ်
မိုက်နေရောပဲ
ကျွန်တော်လည်း စာသားလေးကို ကြိုက်လို့ယူသုံးလိုက်တာ။ ပုံနှိပ်ဖြစ်လား မသိဘူး။ ကိုးတန်းလောက်မှာ မမညိုပြာဝိုင်က ကျွန်တော့်ကို ပေးဖတ်တာ...
ReplyDelete