သူပဲလေ...




သူပဲလေ... 
သူပေါ့ ကိုယ့်ရဲ့အောင်မြင်မှုကို ဂုဏ်ယူခဲ့တာ
သူပေါ့ ကိုယ့်ရဲ့ ရှုံးနိမ့်မှုကို နှစ်သိမ့်ခဲ့တာ
သူပေါ့ ကိုယ့်ရဲ့ နာကျင်ဝမ်းနဲမှုကို စာနာခဲ့တာ
သူပေါ့ ကိုယ့်ရဲ့ ဖွင့်ထုတ်ခွင့်မရှိတဲ့ စကားလုံးတွေကို ပုံပြောင်းပေးတာ

သူပေါ့ ကိုယ့်ရဲ့ ထွက်ကျမလာတဲ့ မျက်ရည်တွေကို သုတ်ပေးခဲ့တာ
သူပေါ့ ကိုယ့်ရဲ့ ခံစားချက် သင်္ကေတအားလုံးကို နားလည်ခဲ့တာ
သူပေါ့ ကိုယ့်ရဲ့ အိမ်ထောင်ဘက်အပေါ် သ၀န်မတိုခဲ့တာ
သူပေါ့ ကိုယ်ရဲ့ ...
သူပေါ့ ...
သူပေါ့ ကိုယ်အိမ်ထောင်ကျသွားတာတောင် လက်တွဲမဖြုတ်ခဲ့တာ
တကယ်တော့ သူဟာကိုယ့်ရဲ့လက်တွဲဖော်

ခုထိ မြဲနေသေးတယ်၊ 
ခုထိ တွဲနေတုန်းပဲ။
အဲဒါ ကျွန်တော့်ရဲ့ ...

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း