``ဆောင်း´´



``ဆောင်း´´

ကိုယ်သိပ်ချစ်တဲ့ ဆောင်းပေါ့
ချစ်သူပုံလွှာကို အမိဖမ်း
အပျော်တွေနဲ့ လွမ်း
အလွမ်းတွေနဲ့ ပျော်ရင်း
လမ်းဘေးမှာ တေးသီဖူးတယ်...။

ကိုယ်သိပ်ချစ်တဲ့ ဆောင်းပေါ့
ချစ်သူလက်ကို ထွေး
မင်းရင်ခွင်မှာ မှေးရင်း
ဖြတ်သန်းဖူးတဲ့ valentine အကြောင်း
အကြိမ်ကြိမ် တွေးရင်း
ကြင်စဦးမှာ ကြည်နူးဖူးတယ် ....။
ကိုယ်သိပ်ချစ်တဲ့ ဆောင်းပေါ့
မိသားစုအတွက် ဆင်တွေဖမ်းရင်း
အဝေးကနေ ဆုတောင်းဖူးတယ်
သားနှစ်ယောက်ဘေးမှာ အိပ်ပျော်နေမယ့် ချစ်ဇနီးအတွက်
``ချစ်သူ အိပ်မက်လှလှ မက်ပါစေ´´

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward