Posts

Showing posts from 2018

ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား

Image
ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား ရသစာတမ်း           မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့ သူငယ်ချင်းတစ်ချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ မျက်လုံးများ ဖြစ်လာလေသည်။ ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ မျက်လုံးများစွာကို စူးစမ်းပြီးသည့်နောက်မှာတော့ သိလာသော အရာတစ်ခုရှိသည်။ အလှတရား   ဖြစ်သည်။ မျက်လုံးသည် စိတ်၏ပြူတင်းပေါက် ဆိုသော်ငြား ပြူတင်းပေါက်မှ မြင်ရသည့်စိတ်ကို ဝိုးတဝါး မြင်မိယုံမှအပ ကောင်းစွာအကဲမခတ်တတ်ခဲ့ သည်မှာ သေချာသည်။ ရိုးသားစွာဝန်ခံရလျှင် လူကဲခတ်သည့် နေရာတွင်ကျွန်တော် အတော်လေးကို ညံ့ပါသည်။ သူငယ်ချင်းတစ်ယောက် အစဆွဲထုတ်လာသည်နှင့် မျက်လှည့်ဆရာရှေ့ရောက်နေသည့် ဆယ်နှစ်သားလေးလို အံ့သြဘနန်းနှင့် သူ့နှပ်ကြောင်းအတိုင်း လိုက်ခဲ့မိသည်။ အဆုံးသတ်ရောက်မှ ကိုယ့်နှဖူး တူနှင့်နှက်နေမှန်း သိလိုက်ရသည်။ တစ်ခါတစ်ရံတော့ ဂျိုကိုင်၍ ဝပ်ထရိန်း တိုင်ပေးနေမှန်းပင် မသိလောက်အောင်း တုံးပါသည်။ ဆိုလိုသည်က အရိပ်အက

အောင်တော့မယ်...

Image
                                        အောင်တော့မယ်... ဆေးကျောင်းတွင် လူတွေ့ စစ်မေးပွဲ ပြုလုပ်နေသည် ။ " ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာများ " ကိုဖော်ပြရန် ဆရာက ကျောင်းသားတစ်ဦးကို ပြောသည် ။ ဘေးနားက ကျောင်းသားက  " ဆံပင်ကျွတ်တယ်..၊ ခြေထောက်ခွင်တယ်..၊ ဗိုက်ပူတယ် " 

ဗိုလ်ချုပ်အောင်ဆန်း

Image
ဗိုလ်ချုပ်အောင်ဆန်း (အတိတ်နှင့် ပစ္စုပ္ပ န်) မသိ၍ ဆို၊ မလို၍ ပြော။ သူ့စိတ်မှာ အလွန်ယဉ်လို့၊ သူ့ညာဉ်မှာ အလွန်သန့်တယ်၊ ထူးချွန့်သဘော။

ဆောင်းကြာဖြူ

Image
 ဆောင်းကြာဖြူ          သူမများ ဖြစ်နေမလားဆိုသည့် အတွေးကြောင့် သူ့ရင်အစုံသည် တဒိတ်ဒိတ်နှင့် အခုန်မြန်လာသည်။ ညနေခင်းရဲ့ အလင်းရောင်သည် တစ်ချိန်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် လူသားနှစ်ဦးကို မမှတ်မိနိုင်လောက်အောင်တော့ ဖျော့တော့ အားနည်းမနေခဲ့ချေ။ ဟုတ်ပါတယ် သူပါ။ မျက်ဝန်းမှပုံရိပ်တို့ကို တိကျပြတ်သားစွာ မြင်နေရသည့်တိုင် သိစိတ်၏ မယုံမရဲစိတ်ကြောင့် နှုတ်ဖျားမှ တီးတိုးရေရွတ်မိသည်အထိ ဖြစ်ရသည်။ သေချာတယ် ဒါဟာ သူ့ရဲ့တစ်ချိန်က ပန်းချီကားလေးဆိုတာ သိပ်ကိုသေချာတယ်။ ပန်းချီကားလေး၏ နွဲ့နှောင်းသည့် လှုပ်ရှားမှုကောက်ကြောင်းအားလုံးက သူ့နှလုံးအိမ်ထက်မှာ ယနေ့ထက်တိုင် စွဲထင်နေဆဲဖြစ်သည်။ သူ ဘာလုပ်ရမလဲ။ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးကြည့်သည်။ ခပ်ထုံထုံဖြစ်နေသည့် ဦးနှောက်က ခြေဖျားလက်ဖျားများ အေးစက်နေခြင်းကို ဦးစွာ သတင်းပို့သည်။ သူ့ခြေလက်တွေက ဘာ့ကြောင့်အေးစက်နေရတာလဲ။ မြစ်ပြင်ဆီမှ ခပ်ကြမ်းကြမ်း တိုက်ခတ်လာတဲ့လေကြောင့် မဟုတ်ဘူး ထင်ပါရဲ့။ အချိန်တွေကြာခဲ့ပြီပဲ။ သူဘာကြောင့် သူမနဲ့ပတ်သက်ပြီး မတည်ငြိမ်နိုင်သေးတာပါလိမ့်။ ပန်းချီကားလေးက သူ့ဘေးမှပုံရိပ်လေးနှင့် စကားတွတ်ထိုးရင်း လမ်းသွယ်လေးဆီမှ တာရိုးပေါ်သို့ ခပ်ြေ

အတု

Image
အတု တူအောင် တုရင် တူတယ် ဒါပေမယ့် မင်းက အစစ်မဟုတ် ... ။ ရှဥ့်ညိုလေး (၅.၇.၂၁၈ နံနက် ၉း၅ မိနစ်)

ဘာ့ကြောင့် စာဖတ်သလဲ

Image
ဘာ့ကြောင့် စာဖတ်သလဲ           စာသည် လူ၌ အစားထက် အရေးကြီး၏။ ကိုယ်ခန္ဓာအတွက်စားသောအစာကို အစာဟု ခေါ်၏။ စိတ်အတွက်လည်း အစာလိုလေရာ ထိုအစာကို " စာ " ဟူ၍ ခေါ်ရလေသည်။           အဘယ်အတွက် စာကိုဖတ်အပ်ပါသနည်း။ ယခုအခါသည် ရှေးခေတ်နှင့်မတူ ကြီးပွားရေးလုပ်ငန်း ဟူသမျှ အတုအပြိုင်တွေ လွန်စွာများလေရာ ထိုအလုပ်များအကြောင်းနှင့်ဆိုင်သော စာများကို မဖတ်ချေက သိအပ်သလောက် မသိသဖြင့် ကြီးပွားရေးပြိုင်ပွဲမှာ နောက်ကျန်၍ နေတတ်ကြလေသည်။

အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးထား

Image
 အမြင်ကျယ်ကျယ် အမြော်အမြင်ကြီးကြီးထား           တိုင်းပြည်တစ်ပြည် ထူထောင်တာဟာ ဘယ်လောက်ခက်ခဲတယ်၊ အတက်အကျ လောကဓံ အမျိုးမျိုးကို တွေ့ရတယ်ဆိုတာ ကမ္ဘာ့ရာဇဝင်သိတဲ့ လူတိုင်းတော့ ဆင်ခြင်နိုင်ကြမှာပဲ။ ဒါကြောင့် အမြင်ကျယ်ကျယ်၊ အမြော်အမြင်ကြီးကြီးနဲ့ စိတ်မပျက် လက်မပျက်ဘဲ ရသမျှအခွင့်အရေးကို ရတုန်း မိမိရရ ယူကြရလိမ့်မယ်။ ဒါမှသာ ကျုပ်တို့မြန်မာပြည်ကြီး ကျုပ်တို့ချစ်ရာရောက်မယ်။ ကျုပ်တို့မြန်မာပြည် ထူထောင် နိုင်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ( ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ ကြာသပတေးနေ့၊ မြန်မာ့အလင်း သတင်းစာ၊ စာမျက်နှာ ၁)

ဗိုလ်ချုပ်အောင်ဆန်း

Image
ဗိုလ်ချုပ်အောင်ဆန်း (၁၃ ဖေဖော်ဝါရီ ၁၉၁၅- ၁၉ ဇူလိုင် ၁၉၄၇)           (၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်၊ စနေနေ့) တွင် မကွေးခရိုင် နတ်မောက်မြို့ တောင်ရွာကြီး ၌ မွေးဖွားသည်။ ဖခင်ရှေ့နေ ဦးဖာ၊ မိခင်ဒေါ်စု ဖြစ်သည်။ မွေးချင်း ကိုးယောက်တွင် အငယ်ဆုံးဖြစ်၏။ ဇာတာအမည်မှာ ထိန်လင်းဖြစ်သော်လည်း အစ်ကိုဖြစ်သူအောင်သန်း အမည်နှင့်လိုက်ကာ " အောင်ဆန်း" ဟု တွင်သည်။

လုံ့လဝီရိယ လျှော့လို့မဖြစ်

Image
                                          ခြင်္သေ့မင်းများဟာ တောကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားဘဲနဲ့ ကြီးကြီးငယ်ငယ် လုံ့လစိုက်တဲ့နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ အဲဒီလို ထုံးအတိုင်းပဲ ကျွန်တော်တို့ ပန်းတိုင်ရောက်တဲ့အထိ အောင်မြင်လာတဲ့တိုင်အောင် ကျွန်တော်တို့က ကြိုးစားမှု၊ အားထုတ်မှုကို လျှော့လို့ မဖြစ်နိုင်ဘူး။ ဆတက်ထမ်းပိုးသာ ကျွန်တော်တို့ လုပ်ဖို့လိုတယ်...။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၃ ရက်၊ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေးကြီး ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

အံ့ဖွယ်အောင်ဆန်း ပြည်ချစ်ပန်း

Image
အံ့ဖွယ်အောင်ဆန်း ပြည်ချစ်ပန်း ဇာနည်အောင်ဆန်း ပြည်ချစ်ပန်းကား လန်းစွတင့်တယ် အသွင်ထည်လျက် ဘယ်သူ့မကြောက် ဒူးမထောက်ဘဲ အောက်ကျမှာစိုး တို့အမျိုးကို ရိုးဖြောင့်မှန်တော် သစ္စာဖော်ဖြင့် မော်တံခွန်လွှင့် အောင်ပန်းတင့်ခဲ့…။

သူဌေး=သူတောင်းစား

Image
 သူဌေး=သူတောင်းစား           တစ်ခါတုန်းက မြို့တစ်မြို့ရှိ သူဌေးတစ်ဦးနှင့် သူတောင်းစားတစ်ဦး၏ အဖြစ်အပျက်ဖြစ်သည်။ သူဌေးကြီးသည် လေသာဆောင်မှနေ၍ လမ်းမဘက်ရှိ မြင်ကွင်းများကို ငေးနေစဉ် ခြံရှေ့လမ်းမမှ ဖြတ်သွားသည့် သူတောင်းစားတစ်ဦးကို တွေ့လိုက်ရသည်။ တွေ့လိုက်သည်နှင့် အတွေးမျိုးစုံနှင့်အတူ   မေးခွန်းတစ်ခု ထွက်သွားသည်။ ထို့နောက် ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

အချိန်ပို မတောင်းကြေး

Image
 အချိန်ပို မတောင်းကြေး           နောက်ထပ် (၂)ရက်လောက်နေရင် ဆယ်တန်းတွေ အောင်စာရင်းထွက်ပြီ ဆိုတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားကြတာတွေ့တယ်။ စာမေးပွဲအောင်စာရင်း ထွက်တဲ့နေ့မတိုင်မီ ကျွန်တော့်ဖေဖေပြောတာကို အမှတ်ရမိတယ်။ သားရေ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာ အောင်တာနဲ့ ရှုံးတာ နှစ်မျိုးပဲရှိတယ်။ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာပါတဲ့။ အောင်တယ်ဆိုရင်လည်း သားကြိုးစားခဲ့တာမို့ အောင်သွားတာပါ။ ကျတယ်ဆိုရင်လည်း သားကြိုးစားအားထုတ်မှု မလုံလောက်လို့ ကျသွားတာပါ။ သားကြိုးစားခဲ့တာကိုလည်း ဖေဖေတို့ သိမြင်နေခဲ့တာပဲတဲ့။ ကျသွားရင်လည်း ထပ်ဖြေလို့ ရတယ်။ ကြိုးစားခွင့် ရှိသေးတာမို့ စိတ်ဓာတ်ကျစရာ မလိုဘူးတဲ့။ အဲဒီလိုမျိုး ပြောပြခဲ့တာပါ။ ကျွန်တော့်မှာ အချိန်ပိုတွေ၊ ကြိုးစားခွင့်တွေရှိသေးကြောင်းပြောပြီး စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ ဖေဖေပါ။ ကျွန်တော် တကယ့်ကို ကျေးဇူးတင်မိပါတယ်။