အောင်တော့မယ်...


                                        အောင်တော့မယ်...

ဆေးကျောင်းတွင် လူတွေ့ စစ်မေးပွဲ ပြုလုပ်နေသည် ။ " ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာများ " ကိုဖော်ပြရန် ဆရာကကျောင်းသားတစ်ဦးကို ပြောသည် ။ ဘေးနားက ကျောင်းသားက

 " ဆံပင်ကျွတ်တယ်..၊ ခြေထောက်ခွင်တယ်..၊ ဗိုက်ပူတယ် " 
ဟု ဆရာမကြားအောင် ထောက်ပေးရာ...၄င်းက ထိုအတိုင်း လိုက်ပြောသည် ။
 ယင်းကျောင်းသားကို အခန်းအပြင်ဘက်တွင် စောင့်နေရန် ဆရာက မှာပြီး ကျန် ကျောင်းသား ကျောင်းသူများကိုဆက်မေးသည်။အားလုံးပြီးသောအခါ...စောစောက ကျောင်းသားကို ပြန်ခေါ်သည် ။ အခန်းတွင်းကို ၀င်လိုက်သည်နှင့် ကျောင်းသားသည်ဆရာ့အား အ၀တ်အစားမပါပဲ တွေ့ လိုက်ရသည် ။ ဆရာက ပြောသည် ။

" တပည့်...ဆရာ့ ဆံပင်ကို ကြည့်စမ်း ..ဆံပင်တွေကျွတ်တာ မတွေ့ ဘူးလား..."
" တွေ့ ပါတယ်.." 
" ခြေထောက်ကော ခွင်မနေဘူးလား " 
" ခွင် နေပါတယ်.."
" ဗိုက်ကော မပူဘူး လား .."
" ပူပါတယ်.."
" အေး....အဲ့ဒီ ဗိုက်က ကလေး မွေးတဲ့အခါ .မင်း စာမေးပွဲ အောင်ပြီလို့  မှတ်လိုက်..." 
"တိန်..." 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း