Posts

Showing posts from August, 2023

လောကသာရပျို့

Image
လောကသာရပျို့ ၅၂။ ဂြဟသန္တိ၊ ကျမ်းနှင့်ညှိ၍၊ ဗလိပူဇော်၊ ဂြိုဟ်ခေါဂြိုဟ်နှင်၊ ဗေဒင်ကိန်းခန်း၊ မိန့်သံမွှန်းလျက်၊ စက်ဝန်းစက္က၊ မဏ္ဍလဟု၊ တရာ့ရှစ်ကွင်း၊ အင်းလည်းစီရင်၊ ဆင်သားဗိတာန်၊ တံခွန်တလျှောက်၊ ဖြူနီဆောက်၍၊ ပယ်ဖျောက်ရန်ဘေး၊ ဆေးပေဥက္ခောင်း၊ ဘိသိက်လောင်းလျက်၊ သူကောင်းသူမြတ်၊ လွတ်စေအနာ၊ ဥပဒ်ခွာလော့၊ ပြည်ရွာတိုင်းကား၊ ကြီးပွားစိမ့်ငှာ၊ လေးမျက်နှာမှ၊ မလာရန်စစ်၊ မဖြစ်စေမှု၊ တည်ထွင်ပြု၍၊ စုသည့်မီးခဲ၊ ကျီးရဲရဲ၌၊ မြှောက်ကြဲဖြောက်ဖြောက်၊ ပေါက်ပေါက်စသည်၊ ပန်းငါးမည်ဖြင့်၊ ဆောက်တည်မပျက်၊ ခုနစ်ရက်တွင်၊ ခန့်တွက်ပိုင်းခြား၊ မန္တရားတည့်၊ ဘန်များရွတ်ဘတ်၊ ပျားထောပတ်နှင့်၊ မီးနတ်ကော်ရော်၊ ယစ်ပူဇော်၍၊ လူ့ဘော်ရန်စစ် ပျောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
  သူဇာပျို့ ၅၁။   မင်္ဂလာဆောင်ပြီး ၊ ထွန်းညီးရောင်ထင်၊ နေထွက်လျှင်တည့်၊ နတ်ရှင်မင်းကျော်၊ ခမည်းတော်နှင့်၊ ရှုဖျော်လေးမြတ်၊ ရှစ်သောင်းနတ်ကား၊ ရံပတ်များစွာ၊ နောက်တော်ပါလျက်၊ သိင်္ဂါဘုံကျော်၊ ရွှေနန်းတော်သို့၊ တင့်လျော်မကွေ၊ ဝင်ကြလေ၏၊ ဘုန်းနေရောင်လင်း၊ အိမ်ရှေ့မင်းနှင့်၊ ဖြူဝင်းနုဝါ၊ မင်းသူဇာလည်း၊ ရတနာစီခတ်၊ ဝေါတုလွတ်နှင့်၊ သထွတ်စံရာ၊ အိမ်တော်သာသို့၊ မကွာတကွ၊ ဝင်လေကြ၏၊ ရာဇိန္ဒရာဇာ၊ အချာစိုးရ၊ ပြည်သူဘလည်း၊ သုစိတ္တရာဇာ၊ ဂါမဏိရွာစိုး၊ မူဆိုးတို့အား၊ လျောက်လျားသမှု၊ ပေးဘွယ်ဆုကို၊ စေ့ငုစီမံ၊ ကိုယ်တော်ရံပြီး၊ ဘုန်းလျှံရှိန်ပြင်း၊ အိမ်ရှေ့မင်းမှာ၊ နာမမည်မှတ်၊ ရည်ရှိမတ်ကို၊ ပြဿာဒ်ဘုံကျော်၊ ဗြဲတိုက်တော်သို့၊ ခေါ်စေရောက်ပြီး၊ မတ်ကြီးတွင်းဝန်၊ မိန့်တော်ပြန်သော်၊ ကျေပွန်လျောက်ပတ်၊ အိမ်ရှေ့မတ်လည်း၊ ရှိညွတ်ထိပ်ပြင်၊ သံတော်တင်၍၊ အလျင်ထွက်ပြီး၊ မိမိသခင်၊ အိမ်ရှေ့ရှင်အား၊ လျှောက်ကြားလေ၏၊ ထွတ်ထားပွင့်လျာ၊ ဥပရာကား၊ မေတ္တာချမ်းမြ၊ သုစိတ္တအား၊ သိင်္ဂရောင်ချော၊ ရွှေဝေါလျှံတောက်၊ အထောက်ကြံဆစ်၊ ဖြူစစ်ညီးညီး၊ ထီးလည်းနှစ်ဆူ၊ သလူမိုးရွက်၊ ကျိုင်းလေးချက်နှင့်၊ ဝင်ထွက်သွားတိုင်း၊ တင့်နှိုင်းလှတောင်း၊ ထီးဆောင်းစိမ့်မည

လောကသာရပျို့

Image
လောကသာရပျို့ ၅၁။ ညတည်းမထင်၊ နေဝင်အခါ၊ ဆည်းဈာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာ၍၊ ပရမီသွာ၊ မဟာဗိန္နဲ၊ ဘေးလွှဲရန်ဘီ၊ နတ်စန္ဒီကို၊ ပန်းနီပန်းဖြူ၊ ပူဇော်မူလျက်၊ ဆုယူဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဥက္ခောင်းသန္တေး၊ နေ့တိုင်းဆေး၍၊ လုပ်ကျွေးမှုဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ဆုံချွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအသား၊ သားငါးရှောင်ကြဉ်၊ မယှဉ်သက်သတ်၊ ကျင့်မှတ်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတေ့၊ ခုနစ်နေ့လျှင်၊ စေ့လတ်သောခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ ကြည်ညိုမြတ်လေး၊ အလှူပေးလော့၊ ရှေးကလွန်လေ၊ ရှေးရိုးပေတည့်၊ မျိုးဆွေအမြဲ၊ မှတ်သုံးစွဲ၍၊ ငရဲမသက်၊ ခန္ဓာပျက်လည်း၊ အထက်နတ်ပြည် ရောက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ် 

သူဇာပျို့

Image
သူဇာပျို့ ၅၀။   တွင်းဝန်ဂုဏ်လွေ့ ၊ မတ်ယဉ်မြေ့လျှင်၊ အရှေ့အနောက်၊ ပတ်လျှောက်မကျန်၊ မိန့်တော်ပြန်သော်၊ စောင့်ဖန်ဒိုင်းဝင်း၊ ဆင်မြင်း,ရထား၊ မှူးမတ်များနှင့်၊ မယားကတော်၊ ရေသော်များလှ၊ ပုဏ္ဏားစသည်၊ တိုက်ကြတော်မှာ၊ ဘဏ္ဍာစုံစေ့၊ လောက်လွေ့ပည်းဖြင်၊ လိုလျှင်ခဏ၊ ချက်ချင်းရအောင်၊ နေကျ မကျင်၊ တင်းလင်-တည်းလည်း၊ ရုံးစည်းသောင်းသဲ၊ ရှိစမြဲဖြင့်၊ ထွတ်ကဲမောင်နှံ၊ တင့်စံနတ်တူ၊ ထွက်တော်မူသော်၊ လွယ်ကူကြိယာ၊ အစုံပါလျက်၊ နာရဒွါရ၊ တံခါးမဖြင့်၊ ထွက်ကြွသာလျောက်၊ ထံတော်ရောက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံနှင့်၊ ငါးစုံလျှံလန်း၊ ယဉ်နုရွှန်းသည်၊ ဝင်းထွန်းဖြူဝါ၊ မင်းသူဇာကို၊ အခါသင့်ရန်၊ သင်္ကြန်အလျင်၊ ဒက်ဆင်-နားတွင်း၊ ပျံ့ရွှင်းဆံထုံး၊ ရစ်ကုံးစုလျား၊ ငါးပါးညွန့်ဖြာ၊ မင်္ဂလာကို၊ လျင်စွာဘန်ဆင်း၊ ထိုညဉ့်တွင်းဝယ်၊ ပြီးလျှင်းစေ၏၊ သို့သည့်မင်္ဂလာ၊ ကျယ်ဝန်းစွာကို၊ လွယ်ကာကျဉ်းချုံး၊ ရုံးစေခြင်းကား၊ ထိုမင်းမဟာ၊ ဥပရာနှင့်၊ သူဇာခေါ်တွင်၊ မင်းလှရှင်၏၊ ရင်ခွင်သည်းချာ၊ ရတနာစု၊ ယဉ်နုဆင်းဝါ၊ ရတနာထိပ်ပန်း၊ မည်မှန်းထင်ရှား၊ မင်းနှစ်ပါးကို၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်သည့်ရာနှင့်၊ နန်းလျာခန့်၍၊ အိမ်ရှေ့ညွန့်ရှည်၊ ဆောက်နှင်းသည်ကို၊ ထူးလည

လောကသာရပျို့

Image
လောကသာရပျို့ ၅၀။ သာမယဇု၊ ဣရုဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘအရိုး၊ အမျိုးမြတ်လှ၊ ဗြဟ္မဏဟု၊ ပုဏ္ဏားလက္ခဏာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတည်လျက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ပစ္စူဝတ်လဲ၊ လက်ဝဲပတ်ခြုံ၊ စမ္ပာယ်ရုံလျက်၊ တင်တုံစလွယ်၊ လည်ဝယ်မကင်း၊ သလင်းရတည်း၊ ပတ်စည်းကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ဖုံးအုပ်လျက်၊ တုန်လှုပ်မဲ့လျှင်း၊ ပွဲလယ်ကျင်းမှ၊ စိုးမင်းတို့ရှေ့၊ မရွေ့မတ်မတ်၊ ဖောင်ဖောင်ရွတ်၍၊ စိမ်းလတ်မြသွင်၊ မြေဇာပင်နှင့်၊ ရေစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်တို့ထံ၊ အလှူခံလော့၊ ခြိုးခြံသိပ်သည်း၊ ဥစ္စာဆည်းလျက်၊ ပစ္စည်းပေါယယ်၊ ပုဏ္ဏားကြွယ်ဟု၊ လူဝယ်သတင်း ပေါက်စေမင်း။ စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၉။   မနနမည်ခေါ် ၊ အမတ်ကျော်လည်း၊ သံတော်ဦးတင်၊ ၍အလျင်ပင်၊ သွားဝင်ရောက်သော်၊ ဗြဲတိုက်တော်ဝယ်၊ ထင်ပေါ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ တွင်းဝန်များကို၊ ပြန်ကြားဆင့်ထောက်၊ တွင်းဝန်လျှောက်က၊ ရွှေမှောက်ထွတ်တင်၊ ဘဝရှင်ကား၊ သာရွှင်အားရ၊ ဝမ်းမြောက်လှ၍၊ နန်းမဘုရား၊ ရှစ်သောင်းဖျားကို၊ ကြိုင်ရှားပျံ့ကြူ၊ မိန့်တော်မူ၏၊ သက်တူတမျှ၊ ချစ်ညီကြသည်၊ နန်းမရာနှင်း၊ ခင်မမင်းသည်၊ လျင်ပြင်းလာတည့်၊ မြင်ပါလှည့်လော့၊ တူရှည့်ချစ်ချင်း၊ ခင်မမင်း၏၊ ရင်တွင်းသည်းချာ၊ သားနန်းလျာကား၊ စကြာရွှေတည်၊ လေးကျွန်းလည်၍၊ စိုးမည်ဧကန်၊ ပွင့်လောင်းမှန်၏၊ ဝင်းဝှန်ဖြောင့်မတ်၊ ရွှေတောင်ထွတ်ဝယ်၊ စံနတ်ကညာ၊ ရတနာကို၊ ဆက်လှာနတ်များ၊ သဘောအားဖြင့်၊ မခြားတာထောက်၊ ရွှေမြို့မြောက်ဝယ်၊ ကျော်ချောက်ဖြီးစည်၊ ခုရှိသည်ကို၊ ချစ်ကြည်သက်နှင်း၊ ခင်မ မင်းမှာ၊ သတင်းလေသံ့၊ မပျံ့ပါလား၊ ခုပင်သွား၍၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်မည့်ရာကို၊ မကြာအလျင်၊ စီရင်ပါတော့၊ မပေါ့လျော့ဟု၊ သာပျော့ဖြည်းဖြ၊ မိန့်ပြီးမှလျှင်၊ လောက်လှဂုဏ်ဉာဏ်၊ အတွင်းဝန်အား၊ ထံပါးတော်လျက်၊ ငါခုထွက်၍၊ နန်းဆက်ခန့်ရွယ်၊ မောင်နှင့်မယ်ကို၊ ကြီးကျယ်လှစွာ၊ မင်္ဂလာ ထိမ်းမြား၊ စုလျားပတ်မည်၊ မိန့်နှုတ်ရည

လောကသာရပျို့

Image
လောကသာရပျို့ ၄၉။ ဟောရဂန္ထ၊ ဂဏနဟု၊ သိပ္ပဟူးရား၊ တတ်မြောက်မြားသာ၊ ပုဏ္ဏားတရိုး၊ သူကောင်းမျိုးတို့၊ ကြိုးကြိုးကုတ်ကုတ်၊ အားအန်ထုတ်၍၊ အဟုတ်လေ့ထ၊ ပရိစ္စဖြင့်၊ ကြားကသိတတ်၊ ဗြို့ဟဇ်ရာဇမတ္တဏ်၊ ကိန်းစံဓုဝံ၊ ဂြိုဟ်သွန်းမာန်းတပ်၊ ထပ်ကြပ်တညီ၊ အသီတိစက်၊ ဘော်ထုတ်ဓာတ်ကျမ်း၊ ခွဲခြမ်းစိတ်ဖြာ၊ တတ်လေ့လာ၍၊ သတ္တာဗီသ၊ လှည့်ထနက်သတ်၊ မြင်းမိုရ်ပတ်သား၊ ဒွါဒသ်ရာသီ၊ ယာယီစက်ကွင်း၊ ဂြိုဟ်နင်းဂြိုဟ်ပြောင်း၊ ကောင်းမကောင်းသား၊ ကျိုးကြောင်းဆုံးဖြတ်၊ နေလကြတ်နှင့်၊ ဥပဒ်အာယု၊ စဉ်းမှုတတ်ပွန်၊ စက်အဟန်သို့၊ မှန်မှန်ကားကား၊ အသားအရိုး၊ စုံပြည့်ဖြိုးလျက်၊ ကျော်ဟိုးမြင်သိ၊ ပညာရှိဟု၊ ကိတ္တိထင်ရှား၊ ဗြဟ္မာသားတို့၊ ဟူးရားတတ်ခေါင် မြောက်စေမင်း။  စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော် ကဗျာအမျိုးအစား - ပျို့ ခေတ် - အင်းဝခေတ်

သူဇာပျို့

Image
သူဇာပျို့ ၄၈။   ယင်းသို့ထွေလာ ၊ မိန့်သောခါတည့်၊ သူဇာယဉ်နု၊ မင်းရွှေဥမှာ၊ သေလှုဝမ်းက၊ အားနာလှ၍၊ ညွတ်ခရှိရည်၊ လျှောက်ပါမည်ဟု၊ ဆောက်တည်အာဘော်၊ ကြံရှိသော်လည်း၊ ထွေငေါ်သံသာ၊ လည်ချောင်းမှာက၊ ဟကာပြီးတိုင်၊ မထွက်နိုင်၍၊ ဂလိုင်လှိုက်မွှေ၊ တိတ်တိတ်နေသော်၊ ဘုန်းဝေကွန့်ဖြာ၊ ဥပရာကား၊ သိင်္ဂါရွှေဥ၊ မင်းယဉ်နုကို၊ ယခုလျှောက်၍၊ ချမ်းမြေ့သာချို၊ မိန့်ဆိုကြိုင်ပျ၊ ခွင့်မရလျှင်၊ သည်ညကလွန်၊ နက်ဖြန်ရွှေခွန့်၊ မိန့်ဟန့်သံချို၊ ဆိုလိမ့်မည်ပ၊ မပျ - မရွှင်၊ နက်ဖြန်ပင်ကို၊ ချစ်ခင်စုံမက်၊ မဟမြွက်၍၊ သန်ဘက်,ဖိန်းနွဲ၊ ဆင့်ကဲကာကာ၊ နှစ်ရာကျူးကျော်၊ ပင်တိုင်သော်လည်း၊ သွေချော်မထုတ်၊ အားထုတ်ပြင်းစွာ၊ လွန်ကျူးကာလျှင်၊ မေတ္တာရစ်ချည်၊ မြဲမည်သသ၊ မင်းလှရွှေလှော်၊ နေတော်မူဦး၊ သံပျံ့ပျူးဟု၊ ကြိုင်မြူးမွှေးပျ၊ မိန့်ပြီးမှလျှင်၊ မင်းလှသူဇာ၊ သင်းသိင်္ဂါကို၊ အသာညံ့သက်၊ ရင်ခွင်ထက်က၊ ရွှေလက်ဖြေယူ၊ လွှတ်တော်မူမှ၊ လွယ်ကူရက်ရက်၊ ပြင်သို့ထွက်၍၊ စဉ်ဆက်မှန်လှ၊ မနနဟု၊ မည်ရရသွံ့ပတ်၊ ရည်ရှိမတ်ကို၊ နှုတ်လွတ်သာပျော်၊ ခေါ်တော်မူပြီး၊ ဘမင်းကြီးအား၊ သည်ကြောင်းလျားကို၊ လျှောက်ထားချေဟူ၊ စေတော်မူသည်။ ။   ကြည်ဖြူရွှင်နှစ် မြိုက်၏တည်း ။ စာဆိုရှင်အမည် =