သူဇာပျို့
၅၀။ တွင်းဝန်ဂုဏ်လွေ့၊ မတ်ယဉ်မြေ့လျှင်၊ အရှေ့အနောက်၊
ပတ်လျှောက်မကျန်၊ မိန့်တော်ပြန်သော်၊ စောင့်ဖန်ဒိုင်းဝင်း၊ ဆင်မြင်း,ရထား၊
မှူးမတ်များနှင့်၊ မယားကတော်၊ ရေသော်များလှ၊ ပုဏ္ဏားစသည်၊ တိုက်ကြတော်မှာ၊
ဘဏ္ဍာစုံစေ့၊ လောက်လွေ့ပည်းဖြင်၊ လိုလျှင်ခဏ၊ ချက်ချင်းရအောင်၊ နေကျ မကျင်၊
တင်းလင်-တည်းလည်း၊ ရုံးစည်းသောင်းသဲ၊ ရှိစမြဲဖြင့်၊ ထွတ်ကဲမောင်နှံ၊ တင့်စံနတ်တူ၊
ထွက်တော်မူသော်၊ လွယ်ကူကြိယာ၊ အစုံပါလျက်၊ နာရဒွါရ၊ တံခါးမဖြင့်၊ ထွက်ကြွသာလျောက်၊
ထံတော်ရောက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံနှင့်၊ ငါးစုံလျှံလန်း၊
ယဉ်နုရွှန်းသည်၊ ဝင်းထွန်းဖြူဝါ၊ မင်းသူဇာကို၊ အခါသင့်ရန်၊ သင်္ကြန်အလျင်၊
ဒက်ဆင်-နားတွင်း၊ ပျံ့ရွှင်းဆံထုံး၊ ရစ်ကုံးစုလျား၊ ငါးပါးညွန့်ဖြာ၊ မင်္ဂလာကို၊
လျင်စွာဘန်ဆင်း၊ ထိုညဉ့်တွင်းဝယ်၊ ပြီးလျှင်းစေ၏၊ သို့သည့်မင်္ဂလာ၊
ကျယ်ဝန်းစွာကို၊ လွယ်ကာကျဉ်းချုံး၊ ရုံးစေခြင်းကား၊ ထိုမင်းမဟာ၊ ဥပရာနှင့်၊
သူဇာခေါ်တွင်၊ မင်းလှရှင်၏၊ ရင်ခွင်သည်းချာ၊ ရတနာစု၊ ယဉ်နုဆင်းဝါ၊ ရတနာထိပ်ပန်း၊
မည်မှန်းထင်ရှား၊ မင်းနှစ်ပါးကို၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်သည့်ရာနှင့်၊
နန်းလျာခန့်၍၊ အိမ်ရှေ့ညွန့်ရှည်၊ ဆောက်နှင်းသည်ကို၊ ထူးလည်စေ့ရှာ၊ ချဲ့စရာသည်။ ။ များစွာရှိ၍ ညှာသတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment