လောကသာရပျို့

လောကသာရပျို့

၅၁။ ညတည်းမထင်၊ နေဝင်အခါ၊ ဆည်းဈာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယသိဒ္ဓိ၊ တစိသညာ၊ တတ်လေ့လာ၍၊ ပရမီသွာ၊ မဟာဗိန္နဲ၊ ဘေးလွှဲရန်ဘီ၊ နတ်စန္ဒီကို၊ ပန်းနီပန်းဖြူ၊ ပူဇော်မူလျက်၊ ဆုယူဆုတောင်း၊ ကျင့်လမ်းဟောင်းဖြင့်၊ ဥက္ခောင်းသန္တေး၊ နေ့တိုင်းဆေး၍၊ လုပ်ကျွေးမှုဆောင်၊ ထဲချောင်တိုက်တွင်း၊ ထမင်းချက်ပြုတ်၊ ငရုတ်ချင်းဆား၊ ဆီပျားသကာ၊ ဃနာထောပတ်၊ ဆုံချွတ်နှမ်းပဲ၊ စားစမြဲဖြင့်၊ အမဲအသား၊ သားငါးရှောင်ကြဉ်၊ မယှဉ်သက်သတ်၊ ကျင့်မှတ်လေ့လ၊ စာရိတ္တဖြင့်၊ မိဘစုတေ့၊ ခုနစ်နေ့လျှင်၊ စေ့လတ်သောခါ၊ မကွာဆောက်တည်၊ ကိုယ်စားရည်၍၊ ကြည်ညိုမြတ်လေး၊ အလှူပေးလော့၊ ရှေးကလွန်လေ၊ ရှေးရိုးပေတည့်၊ မျိုးဆွေအမြဲ၊ မှတ်သုံးစွဲ၍၊ ငရဲမသက်၊ ခန္ဓာပျက်လည်း၊ အထက်နတ်ပြည် ရောက်စေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ် 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း