သူဇာပျို့
သူဇာပျို့
၄၈။ ယင်းသို့ထွေလာ၊ မိန့်သောခါတည့်၊ သူဇာယဉ်နု၊ မင်းရွှေဥမှာ၊ သေလှုဝမ်းက၊ အားနာလှ၍၊ ညွတ်ခရှိရည်၊ လျှောက်ပါမည်ဟု၊ ဆောက်တည်အာဘော်၊ ကြံရှိသော်လည်း၊ ထွေငေါ်သံသာ၊ လည်ချောင်းမှာက၊ ဟကာပြီးတိုင်၊ မထွက်နိုင်၍၊ ဂလိုင်လှိုက်မွှေ၊ တိတ်တိတ်နေသော်၊ ဘုန်းဝေကွန့်ဖြာ၊ ဥပရာကား၊ သိင်္ဂါရွှေဥ၊ မင်းယဉ်နုကို၊ ယခုလျှောက်၍၊ ချမ်းမြေ့သာချို၊ မိန့်ဆိုကြိုင်ပျ၊ ခွင့်မရလျှင်၊ သည်ညကလွန်၊ နက်ဖြန်ရွှေခွန့်၊ မိန့်ဟန့်သံချို၊ ဆိုလိမ့်မည်ပ၊ မပျ - မရွှင်၊ နက်ဖြန်ပင်ကို၊ ချစ်ခင်စုံမက်၊ မဟမြွက်၍၊ သန်ဘက်,ဖိန်းနွဲ၊ ဆင့်ကဲကာကာ၊ နှစ်ရာကျူးကျော်၊ ပင်တိုင်သော်လည်း၊ သွေချော်မထုတ်၊ အားထုတ်ပြင်းစွာ၊ လွန်ကျူးကာလျှင်၊ မေတ္တာရစ်ချည်၊ မြဲမည်သသ၊ မင်းလှရွှေလှော်၊ နေတော်မူဦး၊ သံပျံ့ပျူးဟု၊ ကြိုင်မြူးမွှေးပျ၊ မိန့်ပြီးမှလျှင်၊ မင်းလှသူဇာ၊ သင်းသိင်္ဂါကို၊ အသာညံ့သက်၊ ရင်ခွင်ထက်က၊ ရွှေလက်ဖြေယူ၊ လွှတ်တော်မူမှ၊ လွယ်ကူရက်ရက်၊ ပြင်သို့ထွက်၍၊ စဉ်ဆက်မှန်လှ၊ မနနဟု၊ မည်ရရသွံ့ပတ်၊ ရည်ရှိမတ်ကို၊ နှုတ်လွတ်သာပျော်၊ ခေါ်တော်မူပြီး၊ ဘမင်းကြီးအား၊ သည်ကြောင်းလျားကို၊ လျှောက်ထားချေဟူ၊ စေတော်မူသည်။ ။ ကြည်ဖြူရွှင်နှစ် မြိုက်၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment