လောကသာရပျို့

လောကသာရပျို့

၅၀။ သာမယဇု၊ ဣရုဗေဒင်၊ သုံးပုံမြင်၍၊ သန့်စင်သီလ၊ အာစာရနှင့်၊ မိဘအရိုး၊ အမျိုးမြတ်လှ၊ ဗြဟ္မဏဟု၊ ပုဏ္ဏားလက္ခဏာ၊ အင်္ဂါသုံးမည်၊ ကျေးဇူးတည်လျက်၊ ရွာပြည်တိုင်းကား၊ လှည့်ပတ်သွား၍၊ ထုံးသားမှန်ကူ၊ ခရုဖြူနှင့်၊ ပစ္စူဝတ်လဲ၊ လက်ဝဲပတ်ခြုံ၊ စမ္ပာယ်ရုံလျက်၊ တင်တုံစလွယ်၊ လည်ဝယ်မကင်း၊ သလင်းရတည်း၊ ပတ်စည်းကျစ်ကျစ်၊ ဦးရစ်ပေါင်းထုပ်၊ နောက်ဖုံးအုပ်လျက်၊ တုန်လှုပ်မဲ့လျှင်း၊ ပွဲလယ်ကျင်းမှ၊ စိုးမင်းတို့ရှေ့၊ မရွေ့မတ်မတ်၊ ဖောင်ဖောင်ရွတ်၍၊ စိမ်းလတ်မြသွင်၊ မြေဇာပင်နှင့်၊ ရေစင်ကမ်းမှတ်၊ ကျင့်မြဲဝတ်ဖြင့်၊ သူမြတ်တို့ထံ၊ အလှူခံလော့၊ ခြိုးခြံသိပ်သည်း၊ ဥစ္စာဆည်းလျက်၊ ပစ္စည်းပေါယယ်၊ ပုဏ္ဏားကြွယ်ဟု၊ လူဝယ်သတင်း ပေါက်စေမင်း။

စာဆိုရှင်အမည် - ကန်တော်မင်းကျောင်းဆရာတော်

ကဗျာအမျိုးအစား - ပျို့

ခေတ် - အင်းဝခေတ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ရသစာတမျး

ကျွန်တော်နှင့် OG Ward