ငါ စိတ်တိုတယ်

            မဒီစံ ရိုက်ပြီး သူနဲ့လိုက်သွားရမလား။ မဖြစ်သေးပါဘူး မဒီစံက ကိုယ့်ရိုက်နေကျကို။ အစဉ်အလာတွေ ပျက်သွားလိမ့်မယ်။ သူ့ရိုက်ပြီး မဒီစံနဲ့ ဇာတ်ပေါင်းထုတ်တာ ကောင်းမယ်ထင်တယ်။ အဲ အဖြစ်က ဒီလိုပါ။
ကျွန်တော့်ဖုန်းလေးက ဒိတ်အောက်နေပါပြီ။ မဒီစံဖုန်းဆို ပိုဆိုးပေါ့။ ဒိတ်အောက်တဲ့အပြင် မှန်မကွဲပါ အက်ကွဲနေတော့ ပြောချင်ဘူး ပြောချင်ဘူး ပြောကို ပြောချင်ဘူးပေါ့။ ဖုန်းဘီလ်တောင် အနိုင် နိုင်ဖြည့်နေရတာ။ အဲဒါကို အိမ်ရှေ့က ဖြတ်သွားတိုင်း အကောင်တစ်ကောင်က အမြဲအော်တယ်။ ဘာတွေညာတွေ ဝယ်တယ်ဆိုတဲ့အကောင်လေ။ အခုလဲ အော်နေပြန်ပြီ။
" ဖုန်းဟောင်း ဖုန်းပျက်တွေ ဝယ်တယ် " တဲ့။
သူအော်တိုင်း မဒီစံက ပြုံးပြီးကြည့်တယ်။ စိတ်ဆိုးလိုက်တာ။
 
ရှဉ့်ညိလေး
(၂၀.၈.၂၀၂၁ ညနေ ၅နာရီ ၅၅ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း