Mask တပ်ပါ

Mask တပ်ပါ

တစ်နေ့က အပြင်သွားမလိုပြင်တော့ ကျွန်တော့်သားပြောနေတာကို တစ်စွန်းတစ ကြားလိုက်ရတယ်။
"ဟေ့ရောင် ပြည်စိုး၊ ကိုဗစ်ဖြစ်တဲ့သူတွေက ကိုဗစ်ကြောင့် သေတာ မဟုတ်ဘူးကွ "
" ဟမ်၊ ဒါဖြင့် ဘာ့ကြောင့်သေတာလဲကွ "
" Mask တပ်လို့ အသက်ရှူကြပ်ပြီး သေတာကွ "
အပြင်ထွက်လုဆဲ ကျွန်တော် သူ့စကားကြောင့် Mask ချွတ်ခဲ့ရမှာလိုလို၊ တပ်သွားရမှာလိုလိုနဲ့။
(PS: Mask တပ်ရတာ ကျွန်တော့်အတွက် စိတ်တော့ရှုပ်တယ်ဗျ။ အသက်ရှုတဲ့အငွေ့က မျက်မှန်ကိုလာလာရိုက်တော့ ကြည့်ရတာ အဆင်မပြေဘူးလေ။ သေမှာ မကြောက်ပေမယ့် မရှင်မှာစိုးလို့ အပြင်သွားတိုင်း Mask တပ်မြဲပါ။)
 
ရှဉ့်ညိုလေး
(၁၅.၁၁.၂၀၂၁ နေ့လည် ၂း၃၄ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း