အရွယ်က စကားပြောတယ်

အရွယ်က စကားပြောတယ်

 
တောလမ်းခရီးတခုမှာ လူငယ်တစ်ဦးနဲ့ အဖိုးအိုတစ်ဦးတွေ့ကြတယ်။
"အဘ ဘယ်သွားမလို့လဲ"
"ဟိုဘက်ရွာ"
"ဒါဆို အတူတူသွားကြတာပေါ့"
"အေး"
"ဟိုဘက်ရွာကို ဘာသွားလုပ်မှာလဲ အဘ"
"အငြိမ့်ပွဲကမယ်ပြောလို့ သွားကြည့်တာ"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အငြိမ့်မကြည့်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူး။
ခဏနေတော့ အဖိုးအိုက ပုလင်းတလုံး ထုတ်ပြီး မော့သောက်တယ်။
"ဘာတွေလဲ အဘ"
"အရက်"
"ဟင်... ကျနော်သာ အဘအရွယ်ဆို အရက်မသောက်တော့ဘူး"
အဖိုးအိုက ဘာမှပြန်မပြောဘူး။
ခဏနေတော့ အပင်တပင်အောက်မှာ ခရီးတထောက် နားကြတယ်။
လူငယ်က အပင်ပေါ်မော့ကြည့်ပြီးပြောတယ်။
"ဟာ အဘ၊ သရက်သီးတွေဗျ"
"ဟုတ်တယ်၊ ဒီအပင်က အသီးက တော်တော်ကောင်းတာ၊ ငါတို့ငယ်ငယ်က ခူးစားနေကျကွ"
"စားချင်တယ်ဗျာ"
"ငါသာ မင်းအရွယ်ဆို အပင်ပေါ်တက်ခူးတယ်"
... ဆိုတော့ လူငယ်လဲ မခံချင်ဖြစ်ပြီး အပင်ပေါ်တက်ခူးပါလေရော။
ခူးပြီးလို့ ပြန်ဆင်းတော့ မဆင်းတတ်တော့ဘူး။
"အဘ လုပ်ပါအုံး ၊ဒီဂွကြားကနေ ဆက်မဆင်းတတ်တော့ဘူး"
"ငါသာ မင်းအရွယ်ဆို အဲဒီဂွကြားကနေ ခုန်ချတယ်"
ဒါနဲ့ အဟုတ်မှတ်ပြီး ခုန်ချလိုက်တာ ခြေထောက်တစ်ချောင်း သွင်သွင်ကျိုးပါလေရော။
"အား... ကျိုးပြီ အဘရေ"
"ကျိုးမှာပေါ့ ဒီလောက်အမြင့်ကြီးက ခုန်ချတာ"
"ဗျာ... ခုနပြောတော့ ကျနော့်အရွယ်သာဆို အဘ ခုန်ချတယ် ဆို"
"အေးလေ... ငါ မင်းတို့အရွယ်တုန်းက ဒီအပင်က နိမ့်နိမ့်လေးကွ"
"ဂျာ..."
 
Credit: Original Writer

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း