တို့တောရွာ


တို့တောရွာ

ပျိုလေးတို့ရွာ၊ သာပါစမေး။
သာပါတယ်၊ ရွာလယ်လမ်းမှာ
ပန်းတွေနှင့်မွေး။
တို့တောရွာ
ပျိုလေးတို့ရွာ၊ သာပါစမေး။
သာပါတယ်၊ ရွာငယ်ဖြိုးလို့
စည်းရိုးနှင့်လေး။

ပျိုလေးတို့ရွာ၊ သာပါစမေး။
သာပါတယ်၊ နေညိုစောင်းရင်
ဒေါင်းတွန်သံကြွေး။

မောင်ကြီး လာခဲ့ရင်
မြောက်ပြင်မှာမေး။
မြောက်ပြင်က အိမ်စဉ်တန်းမှာ
ပန်းခြုံနှင့်လေး။

ပန်းခြုံနှင့် အိမ်ကိုဝင်ရင်
ဒန်းမြင်လိမ့်လေး။
သည်ဒန်းကို ပျိုစီးလို့
ညည်းမှိုင်မိသေး။

အပျိုပေါတဲ့ တို့တောရွာ
ပျို့လူ ရွာစဉ်လျှောက်လို့
လမ်းထောက်ခဲ့ပါ။
ရှုခင်းရယ်သာ၊ ရွာစဉ်လုံး ကြည်အေး။
ပျို့ရွာ ရှုမဆုံးမှာ
ပြုံးကြမယ်လေး။
နုယဉ်

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း